Life

in #esteem6 years ago

…မိန်းကလေးတွေအသိတရားတခုရသွားရင်…ကျေနပ်နေမှာပါ…

သူမနာမည်က (မ… …)အသက်(၁၇)နှစ်…အညာဒေသကျေးရွာတရွာမှာနေတယ်…

ရွာထဲက ကာလသားခေါင်းနဲ့ချစ်သူဖြစ်
ထုံးစံအတိုင်း နယ်ကျွံ…ရာမှ…တနယ်တကျေးကိုထွက်ပြေးကြတယ်လေ။

ပထမတော့ တာဝန်ယူပါတယ်တဲ့…ကိုယ်ဝန်လရင့်တော့မှ…နောက်တယောက်ကိုယူပြီးအဲ့ဒီရွာကနေလစ်သွားတယ်…

အဲအချိန်ရောက်တော့ ကလေးမခေါင်းကို ဆင်နင်းပြီ…ဘယ်လိုလုပ်မလဲ…?

ဒီရွာမှာဆက်နေလဲ…ကျွေးမဲ့သူမရှိ…ကိုယ့်ရွာပြန်ရအောင်ကလဲ..လင်ကောင်မပေါ်တဲ့ဗိုက်နဲ့…?

(((နည်းလမ်းတခုပဲရှိတော့တယ် ဖျက်ချဖို့…)))

မိန်ကလေးတွေက
ဒါမျိုးကျတော့..ရွှေဥာဏ်တော်စူးရောက်
ကြတယ်ဗျ…

မြန်မာဆေး(… …)ကို အရက်ပြင်းပြင်းနဲ့ရော
သောက်…သုံးရက်လောက်နေရင်…သန္ဓေသားပျက်ကျပြီးထွက်
လာပါတယ်တဲ့…

(ခုခေတ်မြို့ ပေါ်ကမိန်းကလေးတွေလဲဒီ
နည်းနဲ့လုပ်ကြပါတယ်…သန္ဓေသားနုသေးရင် ရတယ်ပေါ့…အမှန်က…နုနု ရင့်ရင့် မိခင်လောင်းသေဖို့များပါတယ်…)

အရက်ပြင်းကို့အဲ့ဒီမြန်မာဆေးရောပြီး…သုံးရက်သောက် လိုက်တာသန္ဓေသားမပျက်ပဲ…
သွေးတွေပဲဆင်းလာလို့…
အရပ်လက်သည်ခေါ်ဖျက်ခိုင်းရပါပြီလေ…

သိပ်တော်တဲ့လက်သည် က ဝါးခြမ်းပြားနဲ့ ထိုးပြီး…သန္ဓေသားကိုဖျက်ပါတယ်…

သန္ဓေသားက(၇)လထဲဝင်နေပြီ…

ငါးမိနစ်လောက်ကြာတော့…
လူနာအခြေအနေမဟန်မှန်းသိမှ…လစ်ရော…

(( ကဲ ဘယ်နဲ့လုပ်ကြမလဲ ))

အဆိုးထဲကအကောင်း…

ကံကောင်းချင်တော့. မြိုကဆရာဝန်တယောက်က…
ရွာထဲက လေဖြတ်ထားတဲ့လူနာကို…လာ
ကြည့်ပေးတာနဲ့ကြုံ ပြီး…

ပုံတွေမှာပါတဲ့အတိုင်း ..
သားအိမ်ပွင့်ဆေးထိုးပြီး…အမြန်မွေးပေးကာ
မြို့ နယ်ဆေးရုံကိုအချိန်မီပို့ပေးနိုင်လို့…လူနာအသက်ချမ်းသာရာရခဲ့ပေမဲ့…ကလေး ကအထဲမှာထဲက သေဆုံးနေပါပြီ။

ပေးချင်တဲ့ (message) ကတော့…

ချစ်သူရှိတဲ့မိန်းကလေးတွေ မိမိချစ်သူ ဘယ်လိုပြောပြော…မသနားပါနဲ့…အလိုမလိုက်
ပါနဲ့…အထိအတွေ့ကိုထိန်းချူ ပ်ပါ…ငါ့ချစ်သူကဒီလိုမဟုတ်ပါဘူးလေလို့ထင်တလုံးနဲ့…တကိုယ်လုံးပုံ မအပ်ကြပါနဲ့…
ဘဝမှာဘယ်တော့မှပြန်မရနိုင်တဲ့…အပျို စင်ဘဝကို တန်ဖိုးထားပါ။

မရှောင်သာလို့ဖြစ်ခဲ့ရင်လဲ…ရဲရဲဝန့်ဝန့်ရင်ဆိုင်ပါ…
72 -နာရီခံတဲ့ဆေးတွေ အလွန်အကျွံသုံးစွဲခြင်း…ကလေးပျက်ကျအောင်
ဆေးပြားထဲ့ခြင်း ဆေးထိုးခြင်းတွေရှောင်ပါ…

ပုံမှာမြင်ရတဲ့အတိုင်း…မသေရင်တောင် မျော့မျော့ကျန်ခဲ့ပါလိမ့်မယ်…

မိမိရဲ့လူမှု့ ပတ်ဝန်းကျင်…မိဘအသိုင်းအဝိုင်းဂုဏ်သိက္ခာကြည့်ကြပါ။

72hourဆေးတွေကြောင့်ဓမ္မတာမမှန်တော့တာ…သွေးဆင်းများတာ...အဖြူဆင်းတာတွေဖြစ်တတ်ပါတယ်…

တလသုံးလေးခါနှစ်နဲ့ချီသောက်လိုက်မိရင်…

သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့တန်းနေပါပဲ…ဒါကြောင့်ဆင်ချင်ကြစေလိုပါတယ်…

ဒါကြောင့် မြန်မာအမျိုးကောင်းသမီးလေးများ…အမှန်အမှားခွဲခြားသိမြင်နိုင်ပါစေ… .
image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62795.05
ETH 2941.10
USDT 1.00
SBD 3.55