လွမ်းနေတော့

in #esteem6 years ago (edited)


ဘဝကိုနေပျော်ချင်လား ?

ရှင်သန်နေစဉ်မှာ ...
နင်ဘာကောင်လဲ ...



ရိုးသားစွာနဲ့ ...

IMG_20180321_121752.jpgဘဝကို အေးချမ်းချင်တာလား ?
ငါ ဘာကြီးဆိုတာ ဖယ်သင့်တာပေါ့ ...
မာန်မာနတွေလွှမ်းနေသမျှတော့ ပူလောင်နေဦးမှာဘဲ.

ဘဝကိုနေပျော်ချင်လား ?
ငါ အသုံးမဝင်ပါလားဆိုတာ ဖယ်သင့်တာပေါ့ ...
စိတ်ဓါတ်တွေကျနေသမျှတော့ ဘယ်နေပျော်ပါ့မလဲ.

စာတစ်ခုမှာဖတ်မှတ်ဖူးတယ် ...
ရှင်သန်နေစဉ်မှာ ...
နင်ဘာကောင်လဲ ...
ငါဘာကောင်လဲ ဖြစ်မနေကြနဲ့ ...
သေရင်အားလုံး မသာကောင်တွေဖြစ်ကြမှာဘဲတဲ့ ...

သူတစ်ပါးရဲ့ မောက်မာမှုခံရရင် ...
ခွင့်လွှတ်နားလည်ပေးလိုက်ပါ ...
ဪ ... သူ မာနဆိုတာ အကုသိုလ်ဆိုတာ မသိသူလို့ သနားကရုဏာသက်ပေးသင့်တာပေါ့ ..(jpg)image

သူတစ်ပါး စိတ်ဓါတ်ကျနေရင် ...
ကူညီဖေးမစာနာသနားကြင်နာပေး ...
လောကကြီးရဲ့ လောကဓံ ၈ ပါးအကြောင်းပြောပြရင်း ...
ထိုသူအတွက် စိတ်ဓါတ်ခွန်အားပေးသင့်တာပေါ့ ...
image
ရိုးသားစွာနဲ့ ...
ကိုယ်ကိုယ်တိုင် အေးချမ်းနေပျော်ရင်း ...
တစ်ပါးသူတွေကိုလည်း အေးချမ်းနေပျော်စေဖို့ ကူညီပေးရင်း ... နံနက်ဖြန်တွေဖြတ်သန်းဖို့ ...
အေးချမ်းနေပျော်ခြင်းတွေ ခုဘဲစကျင့်သုံးကြရအောင်လေနော် ...အခ်စ္ဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေလိုဘဲ ဘဝမှာ အချစ်တွေအများကြီးတွေ့နိုင်တယ်.
ခွက်တိုင်းဆီမှာ မတူညီတဲ့ ရသ နဲ့ အရောင်တွေရှိသလို ...
လူတိုင်းဆီမှာ မတူညီတဲ့ ချစ်ခြင်းပုံသဏ္ဍန်တွေ နဲ့ ကာရိုက်တာတွေရှိတယ်.

လက်ထပ်ခြင်းဆိုတာ ... ကိုယ့်ရှေ့ရှိတဲ့ ကော်ဖီခွက် ... တီးခွက်တွေထဲက ... အရသာကိုတစ်ခွက်ချင်းစီမြည်းပြီး အကြိုက်ဆုံးအရသာ ခွက်ကို လက်ကမချ ဖြစ်မိသလို ... အချစ်တွေအများကြီးထဲကမှ ကိုယ့်အကြိုက်ဆုံးတစ်ယောက်ကို လက်ထပ်ကြတယ်ပေါ့.

ခိုင်မြဲတဲ့ relationship ဆိုတာ ... ကိုယ့်လက်ထဲက ကော်ဖီခွက်လိုဘဲ ... ကိုယ်ရွေးချယ်လိုက်တဲ့ ကော်ဖီ or တီးရဲ့အရသာကို နေ့စဉ်ရိုးမသွားသလို ...
ကိုယ်ရွေးချယ်လိုက်သူ နဲ့ ဘဝတစ်လျှောက်လုံး သေတစ်ပန်သက်တစ်ဆုံး မပြောင်းမလဲ ချစ်ခြင်းမေတ္တာပေးနိုင်ခြင်းပေါ့ ( ခုခေတ်မှာတော့ သိပ်ရှားသွားပြီ )

တစ်ယောက်တည်း နေဖြစ်ခြင်းဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေကို ကြည့်ပြီး ဘယ် ကော်ဖီ or တီးခွက်ကိုမှ မရွေးချယ်ခြင်းပေါ့.
ကော်ဖီ or တီး များများသောက်ရင် ရင်တုန်တတ်တယ်.
ရင်မတုန်ချင်ရင် ဘာကိုမှ မရွေးချယ် ...
တစ်ယောက်တည်းနေကြတယ်ပေါ့. image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70135.32
ETH 3789.12
USDT 1.00
SBD 3.77