Missing You

in #esteem6 years ago

အ,ကာလ ညအခါ

အတိတ်ချင်းမတူလို့
ပစ္စုပ္ပာန်ချင်းမတူတာ၊
တချို့ကိစ္စတွေ မထူးဘဲနဲ့ ဆန်းပြနေရတာမောတယ်။

မိန်းကလေးတွေက
ဝိတ်ချနေတယ်လို့ မပြောလိုက်ရမှာ
စိုးရိမ်ဗျာပါကြွယ်နေတဲ့ ခေတ်
ယောင်္ကျားလေးတိုင်းလည်း ဝိတ် သိပ် မမ,ဖြစ်ကြတော့ပါဘူး
ခေတ်စနစ်ကြီးက ဗလကောင်းချင်စရာ မရှိ။

အချက်အလက်တွေရဲ့ နောက်ကို မမီမကမ်း၊
ခံစားမှုရဲ့နောက်ဆိုလည်း တသီတတန်းနဲ့
ဆဋ္ဌမမြောက်ပုဏ္ဏားပြီးရင်
ငါတို့ ဆင်ကို စမ်းကြမယ် မျက်မမြင်တို့ရေ။
image
💯💯💯 ယံုၾကည္မႈ 💯💯💯

ယံုၾကည္မႈ ဆိုတာ စာရြက္တစ္ရြက္လိုဘဲ ...
ကြေမွသွားတာနဲ့ နဂိုအတိုင်း ပြန်ဖြစ်မလာတော့ဘူး တဲ့.
အင်တာနက်မှာဖတ်ဖူးတာ.

ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.

ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
' သံသယ ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး.

ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ...
အခြေခံ အုတ်မြစ် ' ယုံကြည်မှု ' တွေက မမြင်နိုင်ပေမယ့် ...
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား.

' ယုံကြည်မှု ' တွေခိုင်မြဲမို့ ...
ရိုးသားမှု ...
ပွင့်လင်းမှု ...
ဟန်ဆောင်ခြင်းကင်းမှု ...
နောက်ကျောဓါးထိုးကင်းမှု ...
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ...
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ...
စိတ်ထားတတ်မှုတွေ လိုတယ်မလား ...

ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့.

ကိုယ်ကဘဲလိုချင်တဲ့ ' အတ္တ' ရယူလိုမှုသာရှိ ...
တစ်ပါးသူကို ပေးလိုတဲ့ ' သဒ္ဒါ ' မရှိရင် ...
' ယုံကြည်မှု ' တွေအရောင်စွန်းတတ်တယ်.

ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပေးရင်း ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပြန်လည်ရရှိရင်း ခိုင်မြဲတဲ့ တွဲလက်တွေ တည်ဆောက်ကြရအောင်လေ.

ကြယ်တွေဟာ
မကြွေလွန်မီမှာ
သူတို့ကိုယ်သူတို့
ဘယ်လိုမှတ်တမ်းတင်ခဲ့ကြသလဲ
ကြယ်လိုကြွေသွားတဲ့ ငါ့အိပ်မက်တချို့ဟာ
တကယ်ဆို..
နေ့လွဲညစာ…။ ။
ငြိမ်းသဇင် (ပညာရေး)

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 63041.44
ETH 2985.81
USDT 1.00
SBD 3.61