သိသိကြီးနဲ့

in #esteem8 years ago

image

" သိသိကြီးနဲ့…"

ကိုယ်မလုပ်နိုင်မှန်းသိသိကြီးနဲ့
ပေးတဲ့နေရာယူကြတာပဲ…
ကိုယ်နဲ့မထိုက်မှန်းသိသိကြီးနဲ့
ရသမျှအခွင့်အခွင့်အရေး မောင်ပိုင်စီးကြတာပဲ…

တော်တော်များများက သိသိကြီးနဲ့
မတရားတွေလုပ် မဟုတ်မဟတ်တွေပြော
သိသိကြီးနဲ့ လိမ်ကြညာကြ
သိသိကြီးနဲ့ သူတော်ကောင်းယောင်ဆောင်ကြ
သိသိကြီးနဲ့ကယ်တင်ရှင်ယောင်ဆောင်ကြ
သိသိကြီးနဲ့ခံနေရတဲ့သူတွေလှိမ့်ခံရ
သိသိကြီးနဲ့မပြောကြမဆိုကြ ဝန်မခံကြ

image

ဒီနေ့အကြီးဆုံးပြဿနာက အဲဒီ့ သိသိကြီးနဲ့ကိစ္စ
တချို့ဗျာ သိသိကြီးနဲ့ အရှက်ကိုမရှိကြတာ…

ဒုက္ခတွေလာတော့မယ်
သိသိကြီးနဲ့ စောင့်ကြမှာလား ???
အခုထဲက ပြင်ကြမှာလား ???

သိသိကြီးနဲ့မေးမိပြန်ပြီဗျာ
သိသိကြီးနဲ့ စိတ်ဆင်းရဲရပြန်ပါတယ်…

ဆောင်းဦးလှိုင်

photo : facebook

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64488.03
ETH 1865.18
USDT 1.00
SBD 0.38