HR နှင့်ပတ်သတ်ပြီူ

in #esteem8 years ago (edited)

တကယ်တော့ ဒါကို နိုင်ငံ့ခေါင်းဆောင်တွေ စီးပွားရေးပညာရှင်တွေ မန်နေဂျာတွေ HR practitioner တွေကနေစလို့ အိမ်ထောင်သည်တွေ သမီးရည်းစားတွေ သင်ကြားရေးဆရာတွေ စာသင်သားနဲ့ တကွ ခလေးတွေပါ သိထားသင့်တယ်လို့ဆိုချင်မိတယ်။

ခုချိန်မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကုမ္ပဏီ တွေဝင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတော့ လူရွေးချယ်ခန့်ထားရာမှာ
လူတွေကိုစီမံခန့်ခွဲရာမှာ ဘယ်လိုစဉ်းစားသင့် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပို အရေးကြီးလာတယ်။
Human Resource မှာသုံးတဲ့ သီအိုရီ တွေ စံနစ်တွေဟာ ဘယ်လောက်ကောင်းနေကောင်းနေ ပြီးပြည့်စုံတဲ့ သီအိုရီတွေ မဟုတ်ဘူးဆိုတာ ကမ္ဘာ့ ပညာရှင်အားလုံးက သိပြီးဖြစ်တယ်။ အသင့်လျော်ဆုံး အားအသာဆုံး ဖြစ်မယ်ထင်တဲ့ သီအိုရီ နည်းစံနစ်ကိုသာ ရွေးချယ်သုံးနေကြရတယ်ဆိုတာ HR သမားတွေ မန်နေဂျာတွေ ထိပ်သီးခေါင်းဆောင်တွေ အတော်သတိပြုသင့်တဲ့ ကာလဖြစ်တယ်။

HR နည်းစံနစ်တွေနဲ့ ယှဉ်ပြီး ရွေးချယ်လိုက်တဲ့ အကောင်းဆုံးဖြစ်မယ် ထင်ရတဲ့ Human Resource ဟာ လုပ်ငန်းခွင်မှာ ထင်သလောက် စွမ်းဆောင်ရည်မပြနိုင်ဘဲ မထင်ထားတဲ့ အရံသမားက ပိုပြီးပြောင်မြောက်အောင်မြင်နေတာမျိုးတွေ မကြာခဏ ဖြစ်နေတုန်း။ အကောင်းဆုံးသူတွေက မလုပ်နိုင်လို့ အလုပ်ထွက်သွားတာ / တခါ အဲ့ဒီလူကပဲ ဒီ့ထက်ပိုခက်ခဲတဲ့ ပိုနက်နဲတဲ့ အလုပ်ကို အောင်အောင်မြင်မြင် စွမ်းဆောင်သွားတာမျိုးလဲ လက်ညှိုးထိုးမလွဲမြင်နေရတုန်းပဲ။ ဒါ ဟာဘာ့ကြောင့်လဲ။ လူရွေးချယ်တဲ့ အခါ သီအိုရီ ကို အတင်းတွယ်ကပ်မနေဘဲ သဘာဝ တရားကြီးဘက်က ချဉ်းကပ်ကြည့်မြင်ဖို့လိုနေလို့ပါပဲ။ image
အဲ့ဒီအခါ သဘာဝ တရားကြီးကို အနီးစပ်ဆုံး ချဉ်းကပ်နိုင်တဲ့ Geert Hofstede ရဲ့ Cultural Dimension Theory ကို သဘောကျချဉ်းကပ်မိတော့တယ်.

အွဲဒါပါပဲထွေထွေထူးထူးတော့မဟုတ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65663.26
ETH 1921.85
USDT 1.00
SBD 0.38