MYLP brings the young youths from different background, different ethnic group and different culture together to be united to do better thing for the community.

in #esteem6 years ago

MYLP (Myanmar Youth Leadership Program )ဆိုတာ......
US embassy in Myanmar နဲ့ US department of State ကဦးဆောင် စီစဉ်ပေးတဲ့ exchange program တစ်ခုပါ... စရိတ်အားလုံးအပြီးအစီးထောက်ပံ့ပေးတဲ့ program တစ်ခုပေါ့ image

MYLP လျှောက်ဖို့ ဘာတွေလိုအပ်မလဲ

MYLP application form တွေကို အမေရိကန်သံရုံးကနေ oct-dec အတွင်းမှာopen လေ့ရှိပါတယ်
အဲ့အချိန်အတွင်းမှာ သံရုံးemail ဖြစ်တဲ့ [email protected] မှာ application form တောင်းနိုင်သလို တခြား scholar website တွေကလည်းဝင်လျှောက်နိုင်ပါတယ်

လိုအပ်ချက်တွေကတော့
ပထမဆုံး အသက် ၁၆ မှ ၁၈ အတွင်း မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရပါမယ်
အင်္ဂလိပ်skill ကောင်းမွန်သူတစ်ဦးဖြစ်ရပါမယ်
ကိုယ့်ရဲ့မိတ်ဆွေ သို့ အထက်လူကြီးတစ်ယောက်ယောက်ရဲ့
ကိုယ့်ရဲ့အသင်းအဖွဲ့ လှုပ်ရှားမှုနဲ့ ခေါင်းဆောင်နိုင်မှုဆိုင်ရာ Recommendation Letter တစ်စောင်ပါရပါမယ်

Online form မှာမေးထားတဲ့ Essays တွေကို အကောင်းဆုံးစဉ်းစားရေးသားနိုင်ရပါမယ်
ကိုယ့်ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အားသာချက် အားနည်းချက်တွေကို ပီပီပြင်ပြင်ရေးသားရပါမယ်

ပြီးရင် ဒါတွေ အားလုံးကို pdf လုပ်ပြီး သံရုံး E-mail [email protected] ကို ပြန်လည်ပေးပို့ရပါတယ်

တကယ်လို့Application အောင်လို့ အင်တာဗျူးအရွေးခံရရင် သံရုံးမှာ ဖြေရပါမယ် အင်တာဗျူးက ငါးမိနစ်လောက်ပဲ ကြာပါတယ် (မနှစ်က လျှောက်ထားသူ ထောင်နဲ့ချီတယ်လို့ကြားပါတယ် အဲ့အထဲကမှာ နှစ်ဆယ်ကျော်ပဲ အင်တာဗျူးခေါ်ပါတယ်)
အင်တာဗျူး မှာ ကျောင်းသား၁၇ ယောက်နဲ့ အုပ်ထိန်းသူ( chapheron )သုံးယောက်ရွေးပါတယ်

အင်တာဗျူးမှာ အရွေးခံရပြီဆိုရင်တော့ အမေရိကန်အစိုးရရဲ့ပညာသင်စရိတ်အပြည့်အဝ(Full Scholarship)နဲ့ U.S မှာ ၄ ပတ် ကျောင်းတတ်ဖို့ပြင်ဆင်ရပါပြီ

ကျွန်တော် သွားခဲ့တဲ့ အတွေ့အကြုံကို ဆက်ပြောပြပါမယ်
US ကို စရိတ်အပြည့်အဝနဲ့ စရောက်တဲ့ ပထမ သုံးရက်မှာ Bradford woods လို့ခေါ်တဲ့ တောအုပ်လေးထဲမှာ ကျွန်တော်တို့ကို camp သွင်းပါတယ်
နေ့နဲ့ညပြောင်းပြန်ဖြစ်နေတဲ့ situation ကို bodyက ချိန်ညှိနိုင်ဖို့ရယ် leadership activities တွေရယ် program အကြောင်းမိတ်ဆက်တာတွေရယ်လုပ်ပါတယ်

အဲ့ဒီနောက် ပြည်နယ်တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Indiana University မှာ နှစ်ပတ်ကြာ leadership နဲ့ civic education ဆိုင်ရာတွေ
ွ conflict ရင်ဆိုင်ဖြေရှင်းနည်းတွေ
Proposal ရေးသားနည်းစတာတွေကို သင်ကြားပေးတယ်

အဲ့တာတွေအပြင် Acdemy Science and Entrepreneurship High School မှာ အထက်တန်းကျောင်းသားတွေနဲ့အတူ projectတွေ လက်တွေ့အကောင်အထည်ဖော်ခွင့်ရပါတယ်
ကျွန်တော်က IT engineer ကိုသင်နေတဲ့ကျောင်းသား တစ်ယောက်မို့ အဲ့ကျောင်းမှာ ကျောင်း news website တစ်ခု ဖန်တီးပေးခဲ့ရပြီး သူတို့တွေဆက်အသုံးချနိုင်အောင် ရေးဆွဲပေးခွင့်ရခဲ့ပါတယ်

တက္ကသိုလ်မှာ တက်နေတဲ့ နှစ်ပတ်လုံးလုံးမှာ အမေရိကန်မိသားစုတွေနဲ့ homestay နေရပါတယ်
တကယ့်မိသားစုပုံစံ ဆက်ဆံနေထိုင်ခွင့်ရပြီး သူတို့ရဲ့ ယဉ်ကျေးမှု အစားအသောက် စတာတွေကို အနီးကပ်လေ့လာခွင့်ရခဲ့တယ်
သူတို့ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ပုံ အားလပ်ရက်တွေကိုကျော်ဖြတ်ပုံတွေကိုအတူတူ ဖြတ်သန်းလေ့လာခွင့်ရပါတယ်

ကျွန်တော်ဆို ကျွန်တော့host family နဲ့အတူ indiana ပြည်နယ်တောင်ပိုင်းကို အားလပ်ရက်မှာ လည်ပတ်ခဲ့ရတယ်
Marengo Cave နဲ့ waterfalls တွေ The world biggest dome စတာတွေကို ကျွန်တော့host family ကလိုက်ပို့ပေးခဲ့ပါတယ်
ဒါ့အပြင် party ပွဲတွေ baseball match တွေကိုလည်း သူတို့နဲ့အတူ ကြည့်ခဲ့ရတယ်

ကိုယ့်ဖာသာလည်း ရုပ်ရှင်သွားကြည့်ခဲ့ဖူးတယ်

နေရတဲ့ Bloomingtonမြို့ကရာသီဥတုအပြောင်းအလဲသိပ်မြန်ပါတယ် တစ်ခါတစ်လေ နှင်းတွေ ကျတယ် ပထမဆုံး Minus အောက်နေခဲ့ရခြင်းမျိုး ...နွေဦးပေမယ့် -7 to 16 degree Celcius အတွင်းနေခဲ့ရတယ်
စာသင်နေရတဲ့ နှစ်ပတ်အတွင်းမှာတင် မြို့ ထဲမှာရှိတဲ့ ပန်းချီအနုပညာ ပြတိုက်တွေ ကိုလေ့လာခွင့်ရခဲ့သလို
ိုမြို့တော် စာကြည့်တိုက်နဲ့ မြို့တော်ဝန်ရုံး မှာ တလေးတစား တွေ့ဆုံဆက်ဆံခံခဲ့ရတယ်
ပြီးတော့ ကိုယ့်မြန်မာ အစားအစာ
ယဉ်ကျေးမှု အက နဲ့ ပညာသင်ကြားရာမြို့လေးကို နှုတ်ဆက်ခွင့်ရခဲ့တယ်

နောက်နှစ်ရက်မှာတော့ ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Indianapolis မှာ အမေရိကန်ရောက်မြန်မာကျောင်းသားတစ်ချို့နဲ့ တွေ့ဆုံခွင့်ရတယ်
BACI (Burma American Community Institute) ကနေပြီး ကျွန်တော်တို့ ကို မြန်မာအစားအစာတွေနဲ့ဧည့်ခံခဲ့သလို နွေးနွေးထွေးထွေးဆက်ဆံခဲ့ပါတယ်...
ပြည်နယ်ရဲ့ အုပ်ချုပ်မှု ယန္တရားတွေကိုလည်း ပြည်နယ်ခန်းမထိ ခေါ်ယူရှင်းပြခဲ့ပါတယ်...
Hotel မှာလည်း facilities အပြည့်အစုံနဲ့လိုလေသေးမရှိ ထားပါတယ်

အဲ့ဒီနောက်မှာတော့ Washington DC ကို လေယာဉ်နဲ့ ခရီးဆက်ခဲ့ရတယ်
Washington မှာ တစ်ပတ်တိတိ လေ့လာသင်ယူရပါတယ်
US Department of State မှာ Diplomatic Simulation Activity ကိုလက်တွေ့ သင်ကြားပေးတယ်
US Capitol မှာ လွှတ်တော်အမတ် Todd Young နဲ့တွေ့ဆုံစကားပြောခွင့်ရခဲ့သလို အမေရိကန်အုပ်ချုပ်ရေး ရဲ့ မဏ္ဍိုင်သုံးခုထဲကတစ်ခုဖြစ်တဲ့ Legislative က Senate နဲ့ House of representatives ကို လေ့လာခွင့် ရခဲ့တယ်

Lincoln Memorial, White House, Supreme Court, Washington monument,Korean War Veterans, Spy Museum, National Museum of arts , Einstein statue စတဲ့နေရာတွေကို သေချာလိုက်ပို့ ခဲ့ပါတယ်...

Washington မှာရှိတဲ့ Hill centre မှာလည်း အထက်တန်းကျောင်းသားတွေနဲ့ ဆွေးနွေးခွင့် မြန်မာနိုင်ငံအကြောင်းပြောပြခွင့်ရခဲ့တယ်

ပြီးတော့ Church ကျောင်းမှာ Homeless တွေအတွက် မနက်စာ ချက်ပြုတ်ပေးခွင့်ရခဲ့သလို စုပေါင်းအလှူလေးတစ်ခု လုပ်ခွင့်ရတယ်...

Washington မှာရှိတဲ့ မြေအောက်ရထားလိုင်းsystem နဲ့ Bus system တွေကိုလည်းကိုယ်တွေ့လေ့လာခွင့်ရတယ်
American စားသောက်ဆိုင်တွေမှာလည်းကြိုက်သလောက်မှာစားခွင့်ရခဲ့တယ် နောက်ဆုံးပြန်ခါနီးနေ့ကဆို ကျွန်တော်တို့ dollar 800 ကျော်ဖိုး ညစာစားခဲ့ကြတယ်
ပြီးရင်တော့ ကျွန်တော်တို့ ကို travel allowance အပြည့်အဝနဲ့ မြန်မာနိုင်ငံအရောက်ပြန်ပို့ပေးပါတယ်

MYLP ဟာဆိုရင် ပညာသင်ဆု အပြည့်အဝနဲ့ မတူညီတဲ့ နေရာမှာ မတူညီတဲ့သင်ကြားမှုမျိုးနဲ့ စာသင်ခွင့် ရမယ့် အပြင် အတွေ့အကြုံသစ်တွေ ဗဟုသုတသစ်တွေ ရတဲ့ program မျိုးမို့ လျှောက်ဖို့အားပေးပါတယ်

ကျွန်တော်တို့ မြန်မာရောက်တဲ့အခါမှာလည်း community development project တွေကိုလည်း လက်တွေ့မဖြစ်မနေ လုပ်ရပါတယ် ကုန်ကျစရိတ်တွေကိုလည်း US department of State က အပြည့်အဝထောက်ပံ့ပေးပါတယ်

MYLP အကြောင်း လာမေးကြသူများလို့ အသေးစိတ်ရေးပြီး တင်ပေးလိုက်ပါတယ်
Application or Interview နဲ့ ပတ်သတ်ပြီးဖြစ်ဖြစ် အကူအညီလိုတာမျိုး
ထပ်သိချင်တာမျိုးရှိရင်messenger က လာပြီး မေးလို့ရပါတယ်

ဒီနှစ်သွားခဲ့တဲ့ activities တွေ videos တွေကိုတော့
https://www.facebook.com/MYLP-2018-1396795863760030/
မှာ ဝင်ကြည့်နိုင်ပါတယ်...

Reflection on Monroe County Library

https://m.facebook.com/story.php?story_fbid=552917861775573&id=100011720913653

Reflection On Academy high School

https://m.facebook.com/story.php?story_fbid=535519600182066&id=100011720913653

#sharing_is_Caring
အခုလက်ရှိကျောင်းတက်နေကြသူတွေနဲ့ လိုက်ပါစောင့်ရှောက်ပေးသူ အရွယ်ရောက်ပြီးသူတွေပါ လျှောက်လို့ရတဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်အစီအစဉ် (SEAYLP) နဲ့ မြန်မာလူငယ်ခေါင်းဆောင် အစီအစဉ် (MYLP) အကြောင်း ထပ်မံအသိပေးနှိုးဆော်ပါရစေ။
ဒီပညာတော်သင်အစီအစဉ်တွေအတွက် လျှောက်လွှာတွေက လက်ခံနေဆဲဖြစ်ပါတယ်။
ဒီပညာတော်သင်အစီအစဉ်တွေဟာ အမေရိကန်ပြည်ထောင်စုကို သွားရောက်ပြီး ခေါင်းဆောင်မှုနဲ့ လူငယ်ဖွံ့ဖြိုးရေးတွေကို အဓိကထားလေ့လာရတဲ့ အစီအစဉ်တွေပါ။ SEAYLP အစီအစဉ်က သီတင်းပတ် သုံးပတ်ကြာမှာဖြစ်ပြီး၊ MYLP အစီအစဉ်က သီတင်းပတ် လေးပတ် ကြာမှာဖြစ်ပါတယ်။ အခုလက်ရှိကျောင်းတက်နေကြသူတွေရော လိုက်ပါစောင့်ရှောက်ပေးသူ အရွယ်ရောက်ပြီးသူတွေပါ လျှောက်လို့ရပါတယ်။ ဒီနှီးနှောဖလှယ်ရေးအစီအစဉ်တွေက ၂၀၁၈ ဧပြီလ ထဲမှာဖြစ်ပြီး အစီအစဉ်ပြီးလို့ ပြန်လာတဲ့အခါ မိခင်နိုင်ငံက လူမှုအသိုက်အဝန်းတွေအတွက် လူမှုရေးလုပ်ငန်း တွေဆောင်ရွက်ကြရမှာပါ။ ဒီအစီအစဉ်အတွက် [email protected] ကိုအီးမေးလ်ပို့ပြီးတော့ လျှောက်လွှာတောင်းယူနိုင်ပါတယ်။
image

ဒီတစ်ပတ်မှာတော့ ၂၀၁၇ ခုနှစ် MYLP ပညာတော်သင်အစီအစဉ်နဲ့ သွားရောက်ခဲ့တဲ့ ဒေါ်မြမြအေးက ဒီပညာတော်သင်အစီအစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေကိုမျှဝေထားပါတယ်။

“နားကျပ်တွေကို နားမှာတစ်ချိန်လုံးတပ်ထားကြတဲ့ လူငယ်လေးတွေကလည်း သဘာဝပတ်ဝန်းကျင်အကြောင်း လစ်လျူရှုထားကြမယ်လို့ ထင်ပါသလား။ MYLP ပညာတော်သင်အစီအစဉ်က မတူညီတဲ့နောက်ခံအကြောင်းအရာမျိုးစုံက လူငယ်တွေ၊ မတူညီတဲ့တိုင်းရင်းသား လူမျိုးပေါင်းစုံတွေ၊ မတူညီတဲ့ယဉ်ကျေးမှုမျိုးစုံတွေကို လူမှုရေးလုပ်ငန်းတွေကို အတူတကွ လုပ်ဆောင်ကြဖို့အတွက် စည်းလုံးညီညွတ်စေပါတယ်။ မတူကွဲပြားမှုပေါင်းစုံ၊ ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအကြောင်းတွေကိုလည်း အဲဒီအစီအစဉ်မှာလေ့လာခဲ့ကြရတာပါ။ ဒီပညာတော်သင်အစီအစဉ်က လူငယ်တွေအတွက် အင်မတန်မှ သင့်တော်ပါတယ်၊ အဲဒါမှ သူတို့လေးတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်သွားကြပြီး ပုံစံတွေ ပြောင်းသွားကြမှာလေ။ စိတ်လှုပ်ရှားစရာတွေကို ပတ်ဝန်းကျင်ရေ၊မြေသစ်မှာ စူးစမ်းလေ့လာချင်တယ်၊ လူမှုရေးလုပ်ငန်းတွေ လုပ်ချင်တယ်ဆိုရင်တော့ MYLP ပညာတော်အစီအစဉ်က လူငယ်တွေအတွက် အကောင်းဆုံးပဲဆိုတာ အကြံပြုပါရစေ”
Reminder to all the active students and adult participants who want to be chaperones for the SEAYLP and MYLP Programs!
image

The application period for the 2018 Southeast Asia Youth Leadership Program (SEAYLP) and 2018 Myanmar Youth Leadership Program (MYLP) is still open. The SEAYLP program is a three-week exchange program and the MYLP program is a four-week exchange program in the United States focused on leadership and youth development. We are recruiting both participants and adult chaperones for the program. The exchanges will take place in April 2018, and participants will implement follow-on projects in their home communities after the program. The application deadline for both programs is January 05, 2018 and the application forms can be obtained via [email protected].

This week our returnee, Daw Mya Mya Aye who participated in the 2017 MYLP program as an adult chaperone shared her opinion about the program.
“Do you think young people who wear ear plug on all the time don't care about environment? MYLP brings the young youths from different background, different ethnic group and different culture together to be united to do better thing for the community. They have learnt diversity, culture and democracy way of governing. This program is the excellent for the youth to participate so that they will be transformed and blended with the others. Do you want to explore something exciting and exotic in the new environment, I will strongly suggest that MYLP is the best for the youth to learn how to give community service.”
Dora
MYLP 2018

Sort:  

I know ur feeling lol

Yes esteem helped me lol

Good new and great ppst

Thank u kekeeee

I hope good-karma ll upvote

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66