Only thing in YTU(Rangon Technological University) U can read in this library at Yangon Technological University

in #esteem6 years ago

[2] Arch Library Upgrading
Program==========================YTU
image
Architecture Department ရဲ့ Library ကို Upgrade လုပ်နိုင်ဖို့အရေး လွန်ခဲ့တဲ့နှစ်တွေက စတင်ခဲ့တာဖြစ်ပြီး Association of Architecture Students-YTU ဖွဲ့စည်းပြီးတဲ့နောက်မှာ ယခုလိုအရှိန်အဟုန်နဲ့ ပိုမိုဆောင်ရွက်လာနိုင်တာဖြစ်ပါတယ်။Vision-----------

image
[3] YTU သာမက အခြားဗိသုကာကျောင်းသားတွေပါ လာရောက်လေ့လာနေတဲ့အတွက် ဗိသုကာကျောင်းသားတွေ အားကိုးရတဲ့ Architecture Library တစ်ခုဖြစ်လာဖို့ပါ။Mission-------------စာကြည့်တိုက်ကို ဦးတည်တဲ့ Academic Reform တွေဖြစ်လာတဲ့အခါ စာကြည့်တိုက်ဟာ အသင့်ဖြစ်နေဖို့ ပြင်ဆင်နေပါတယ်။Procedures and Contexts

[4] ------------------------------------------Library ထဲမှာ Thesis စာအုပ်တွေကလွဲပြီး ကျန်တဲ့စာအုပ်တွေဟာ စာရင်းသွင်းထားခြင်းမရှိပါ။ဒီအတွက် ပထမအဆင့်အနေနဲ့ စာအုပ်အမျိုးအစားဘယ်နှစ်ခုရှိလဲဆိုတာကို စတင်မှတ်တမ်းရယူပါတယ်။ဒါကြောင့်• Architectural Thoughts and Theory• History of Architecture [ Eastern ]

image

[5] • History of Architecture [ Western ]• Urban Planning• Landscape Architecture• Environmental Science• Building Thechnology ဆိုတဲ့အတိုင်း ခွဲခြားသတ်မှတ်ကာ Code နံပတ်များ ပြုလုပ်နေတာ ယခုဆို 90% ပြီးစီးနေပြီဖြစ်ပါတယ်။

[6] ဖော်ပြပါ စာအုပ်အမျိုးစားခွဲခြားခြင်းများအပြင် ရှားပါးစာအုပ်များဆိုတဲ့ Category လည်းသတ်မှတ်နေပြီး Scan ဖတ်ထားမည်ဖြစ်ကာ ဖတ်ရှုနိုင်မယ့် အစီအစဉ်လည်း တဆက်တည်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။Magazine များကို အုပ်ရေအလိုက်သတ်မှတ်စာရင်း ယူထားမှာဖြစ်ပါတယ်။

image

[7] Thesis နဲ့ရှားပါးစာအုပ်များမှလွဲပြီးကျန်တဲ့ စာအုပ်တွေကို Open Stack စင်ဖွင့်စနစ်နဲ့ထားရှိမှာဖြစ်ပါတယ်။တဆက်တည်းမှာပဲ စာအုပ်အားလုံးကို Computerized Coding System သုံးကာလွယ်ကူစွာရှာဖွေဖတ်ရှုနိုင်ဖို့လည်း ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

[8] EBook များကိုစုဆောင်းထားရှိပြီး မှီငြမ်းလေ့လာနိုင်တဲ့ Video များအပါအဝင် အချက်အလက်များကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။စာကြည့်တိုက်မှ စာအုပ်ငှားတဲ့စနစ်များကိုလည်း ပိုမိုကောင်းမွန်လာအောင် ပြုလုပ်မှာဖြစ်ပြီး အချက်အလက်များကိုရှာဖွေရာမှာ လွယ်ကူအဆင်ပြေစေဖို့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေပါတယ်။

[9] Project Papers များစုဆောင်းခြင်း----------------------------------------------

[10] Library မှာ လက်ရှိထားရှိထားတဲ့ Student Weekly and Monthly Project Papers တွေ Design Studio Papers တွေကိုလည်း စနစ်တကျပြန်လည် စုဆောင်းခြင်းပြုလုပ်ကာ Library ၏ တခန်းကျော် Store Room အားရှင်းလင်းထားပြီး Projects Room အဖြစ် ပြင်ဆင်ထားရှိမှာ ဖြစ်ပါတယ်။

image

[11] (၁) နှစ်အလိုက် Project Papers များပြန်လည် စုစောင်းကာ စင်များဖြင့် စနစ်တကျထားရှိခြင်း

[12] (၂) ရေရှည်ထားရှိနိုင်ရေးအတွက် Junior Level Weekly Project များကို Scan ဖတ်ခြင်းနှင့် Studio Projects များရဲ့ Drawingsများနှင့် Presentationများကို ပြန်လည်ရယူစုဆောင်းကာ Computer တွင် သိမ်းဆည်း ထားခြင်းများကို စဉ်ဆက်မပြတ်လုပ်သွားရမယ့် စနစ်တစ်ခုကို ပြုလုပ်ပါမယ်။အကူအညီများရယူခြင်း

[13] ----------------------------လုပ်ငန်းစဉ်ရပ်တန့်မှုမရှိစေရေး လက်ရှိမှာ AAS အမှုဆောင်များအပြင် ကျောင်းသားကျောင်းသူများမှာ ၄ ရက် ၅ ရက်ဆက်တိုက် လုပ်ဆောင်နေပြီး ဌာနကလည်း လိုအပ်တဲ့ အကူညီများ ပေးလျက်ရှိပါတယ်။

[14] ကူညီဆောင်ရွက်လိုသူများအနေနဲ့ အကြံဉာဏ်များအပြင် Library ပုံရိပ်ကောင်းမွန်ရေးအတွက် ငွေကြေးကူညီခြင်းနှင့် စာအုပ်စာတမ်းများကူညီခြင်းတို့ လက်ကမ်းနိုင်ဖို့ တင်ပြအပ်ပါတယ်။ဒီဇိုင်းကာလာ ဘာညာအနေအထား======================

[15] 1st year to final Arch Studentsများရဲ့ စုပေါင်းဆောင်ရွက်မှု ဌာနမှ ဆရာဆရာမများရဲ့ အားပေးမှုနဲ့ဗိသုကာဌာနဖွံဖြိုးရေးလုပ်ငန်းများကို AAS က ကူညီဆောင်ရွက်နေကြရာ စာကြည့်တိုက်လည်းအပါအဝင်ပါ။တခြားရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေ ဆက်လက်ဖြစ်ထွန်းလာအောင် ဌာန၊ အသင်း ၊ ဆရာ၊ ကျောင်းသား ဆက်လပ်ဆောင်ရွက်သွားပါ့မယ်။

[16] ဒီစာအုပ်စင်တွေကို 1st year to final ကျောင်းသားများစုပေါင်းလှူဒါန်းခဲ့တာပါ။မည်သူမဆို လိုလိုလားလား ကူညီပံ့ပိုးပေးလိုပါကလည်း လက်ကမ်းကြိုနေပါတယ် ခင်ဗျာ။1st yr to Finalဗိသုကာကျောင်းသားများစာအုပ်စင်များ ပြင်ဆင်လှူဒါန်း===========================

image

[17] AAS မှစီစဉ်ပြီး 1st year to final ကျောင်းသားကျောင်းသူများ စုပေါင်းကာ ဌာနစာကြည့်တိုက်အတွက်ပြင်ဆင်လှူဒါန်းမည့် စာအုပ်စင်များပြုလုပ်နေပါပြီ။

[18] ပြီးခဲ့သောလများစွာတည်းက စာအုပ်များ စာရင်းပြန်လည်ပြုစုခြင်းကို AASအတွင်းရေးမှူးက ဦးစီးပြီး ကျောင်းသားများနဲ့အတူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းအများစု ပြီးစီးပြီဖြစ်ပါသည်။အဆိုပါစာအုပ်များကို Category အလိုက် Code များသတ်မှတ်ကာ စာအုပ်စင်များနှင့် သတ်သတ်မှတ်မှတ်ထားရှိမှာပါ။

[19] ဒါ့အပြင် Library တစ်ခန်းကျော်က စတိုခန်းကို ပြန်လည်ရှင်းလင်းပြီး လက်ရှိသုံးနေတဲ့ စာအုပ်စင်များကိုထားရှိကာ နှစ်အလိုက်ကျောင်းသားများရဲ့ project paperများကို စုစည်းထားနိုင်ဖို့ရယ် Printer နဲ့ Copier တွေထားနိုင်ဖို့အတွက်ပါ ပြင်ဆင်ရှင်းလင်းကြပါမယ်။

[20] ဗိသုကာဌာနဆရာဆရာမများရဲ့ အကြံဉာဏ်နှင့် လုပ်ငန်းများအောင်မြင်ရေးအတွက်လည်း ကူညီနေသလို ဌာနမှာ ဗိသုကာဆိုင်ရာfacilities တွေ ပိုမိုရနိုင်ဖို့ အားလုံးကလည်း ဝိုင်းကူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ကျေးဇူးတင်ပါတယ်။

image

Sort:  

Mitetlha lar kae ml arr yin

Yes yes thank u

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 67486.09
ETH 3496.35
USDT 1.00
SBD 3.15