စကေး

in #esteem8 years ago

image

စကေး

ဖိနပ်ချုပ်သည့်အလုပ်ကဲ့သို့ ရိုးရိုးရှင်းရှင်းကိစ္စမျိုးမှာပင်လျှင် ထိုအလုပ်အတွက် သီးသန့်လေ့ကျင့်ထားသူများကိုသာ တာဝန်ပေးလေ့ရှိရာ ၊ နိုင်ငံရေးကျကာမှ ၊ မဲရအောင် ဘယ်လိုလုပ်လျှင်ရမလဲသိသည့် လူတိုင်းကို နိုင်ငံတော်ကို ဘယ်လိုစီမံအုပ်ချုပ်ရမလဲ သိလိမ့်မည်ဟု ယူဆထားကြပုံကို ပလေးတိုးက မကျေမနပ်ဖြစ်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့နာမကျန်းဖြစ်ကြသည့်အခါ ဆရာဝန်ပင့်ကြရာ ကျွမ်းကျင်မှုအတွက် အခိုင်လုံဆုံးဆရာဝန်ကိုသာ ပင့်မည်ဖြစ်သည်။ ရုပ်အဖြောင့်ဆုံးနှင့် စကားပြောအကောင်းဆုံးဆရာဝန်ကို ပင့်မည်မဟုတ်ပေ။ ကောင်းပြီ ၊ ဤသို့ဆိုလျှင် နိုင်ငံတော်တစ်ခုလုံး နာမကျန်းဖြစ်နေလျှင် အမြော်အမြင်အရှိဆုံးနှင့် အထူးချွန်ဆုံးပုဂ္ဂိုလ်၏ လမ်းညွှန်ပြသမှုကို မခံယူသင့်ပေဘူးလား။ 

image

လူယုတ်မာများနှင့် အရည်အသွေးမပြည့်မီသူများ နိုင်ငံတော် ရာထူးရာခံများသို့ ရောက်မလာအောင် တားဆီးနိုင်သည့် အစီအမံပြုလုပ်ရေးနှင့် အများပြည်သူအကျိုးစီးပွားအလို့ငှာ အုပ်ချုပ်သည့် အကောင်းဆုံးပုဂ္ဂိုလ် ရွေးချယ်နိုင်ဖို့အရေး နိုင်ငံသူနိုင်ငံသားများအား ပြုစုပျိုးထောင်ရေးသည် နိုင်ငံအတွက် အဓိကပြဿနာဖြစ်သည်။ 

(Story of Philosophy by Will Durant) (ဘာသာပြန်သူ လှိုင်သင်း)့ 

photo : google

image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.074
BTC 63499.35
ETH 1673.21
USDT 1.00
SBD 0.41