င်္ဆေးလိပ်ဖြတ်ကြပါနော်

in #esteem6 years ago

ကျန်းမာရေးအကြောင်းပြောတော့မယ် ဆိုရင်တော့ ဆေးလိပ်အကြောင်းက စပြောရမယ်နော်
ဆေးလိပ်ကို နေ့စဉ် ကိုယ့်အဆုတ်ထဲကို အတင်းထည့်နေကြပါတယ် သွေးကြောတွေထဲကို နစ်
ကိုတင်းအဆိပ်ဓါတ် ကတ်တရာ တွေ မ၀င်ဝင်သြွးအောင် ကြိုးစားပမ်းစားကို တကူးတက
ထိုးသွင်းနေကြတယ် ထည့်နေကြတယ်နော်။ တစ်ချို့ဆိုရင်လေ ဆေးလိပ်တစ်လိပ်နဲ့ တစ်လိပ်ကြား
မှာ မီးတောင် အသေမခံတဲ့သူတွေ ရှိတယ်လို့သိရတယ်နော် ဘယ်လိုများ ဆေးလိပ်ကိုကြိုက်နေကြတာ
ပါလိမ့်။ ပုံမှန်ဆေးလိပ်သောက်သူတွေကတော့ တစ်နာရီ တစ်ကြိမ်လောက်တော့ သောက်တက်ကြ
ပါတယ်။ တကယ်တော့ အဆုတ်ဟာ အင်မတန် ဒဏ်ခံရသော အရာဖြစ်ပါတယ် အပြင်လောကက
သဘာဝအတိုင်းဖြစ်သော အခိုးငွေ့တွေရယ် လူတွေက ပြုလုပ်လိုက်သော အနံ့အသက် အငွေ့
ပေါင်းစုံးကိုသူက စစ်ထုတ်နေရတာနော်။ သူ့မှာ နားချိန်မရှိပါဘူး။ ဒါကိုဘဲ အားမရလို့ ဆေးလိပ်ကိုပါ
အတင်းထိုးထည့်နေသော အဆုတ်ဟာ ခံနိုင်ရည်အား အလွန်နည်းလာတော့တာပေါ့။
ကြာလာတော့ သူလဲမခံနိုင်တော့ဘူးလေ။ ဆေးလိပ်ကတော့ အဆိုးဝါးဆုံးပါဘဲ ဆေးလိပ်သောက်လို့
အနည်းငယ်မျှသော ပျော်ရွှင်မှု ကြည်နူးမှုလေးတော့ရနေတာပေါ့။ သောက်နေတုန်းတော့ ဆိုးကျိုးက
မသိသာပါဘူး ဒါပေမယ့် အချိန်တွေကြာလာခဲ့ရင်တော့ လူကို များစွာ ဆိုးကျိုးတွေဖန်တီးတော့တာပါနော်
အပေါင်းအသင်းတွေထဲမှာ ဆေးလိပ်သောက်နေတဲ့သူတွေရှိနေရင်တော့ ပြောပေးပါတယ် နင်တို့ဆေးလိပ်
ကိုလျှော့သောက်ကြနော်။ တက်နိုင်ရင် ဆေးလိပ်ကိုဖြတ်ကြ ဆေးလိပ်ကြောင့် ကဘာပေါ်မှာ သေဆုံးနေ
တာတွေက အလွန်ကြောက်စရာကောင်းတယ်လို့။ သက်တမ်းစေ့မနေနိုင်တာက တကယ်ကို ဆိုးဝါးတယ်
နော် ။လူဆိုတာ သေမျိုးပါ။ ဒါပေမယ့်လေ ကိုယ့်ရဲ့သက်တမ်းလေးကိုတော့ တိုသွားအောင် မလုပ်သင့်ပါဘူး
မသေချင်တဲ့သချည့်ပါဘဲ ရောဂါဖြစ်လာမှ ဟိုဆေးကုရ ဒီဆေးကုရနဲ့ အလွန်သောကများရမယ်နော်
အခုတည်းက အချိန်လေးရှိတုန်း ဒီလိုမကောင်းတဲ့ ဆေးလိပ်သောက်တာတို့ အပိုကုန်ကျတာတွေကို
ရပ်တန့်သင့်တယ် ကိုယ့်ရဲ့ငွေကြေးကိုလည်း သက်သာစေမယ် အသက်လည်း မူလထက်ပိုရှည်စေမယ်
အသက်မတိုတာကတော့ သေချာတယ်နော် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို တားဆီးလိုက်နိုင်တာက
များစွာသော ငွေကြေးတွေကို ဆုဆောင်းလိုက်တာနဲ့ အတူတူပါဘဲနော် ဖြစ်နိုင်ရင် ဆေးလိပ်ဖြတ်ကြပါနော်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62875.13
ETH 3030.71
USDT 1.00
SBD 3.67