မြတ်သောအလုပ်သည်

in #esteem8 years ago

ဆင်းရဲရခြင်း အတိတ်အကြောင်း (၃)ပါး

¤¤¤¤¤¤¤¤¤¤¤¤¤¤
image
ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်း (၃)ပါး ရှိလေသည်။
image
ယင်းတို့မှာ . . .

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည် လှည့်ဖြား ခိုးယူ ခဲ့သောကြောင့်ဆင်းရဲမွဲတေခြင်း။

(၃) ဣဿာမစၧရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေ ခြင်း တို့ ဖြစ်ပေသည်။

■ ထိုသုံးမျိုးတွင် ■

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင် ဘ၀သို့ ရောက်သေးသည်။
သနားတတ်သော သူတစ်ပါး၏အကူအညီကိုလည်း အနည်းငယ်ရနိုင်သေးသည်။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား ခိုးယူ ခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။ အစစအဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။
image
(၃) ဣဿာမစၧရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

ဣဿာမစၧရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။
ရှာဖွေလို့ ဘယ်လိုမှမရသည့်အပြင် လူတိုင်းကို သနားညှာတာပြီး ကူညီ တတ်သောသူများပင် ဣဿာမစၧရိယသမားမျာ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ စိတ်များ အလိုလို ကုန်ခန်းသွားတတ် သည်မှာ အံ့သြစရာကောင်း လှပါ၏။
image
ထိုအကြောင်းကို ဗုဒ္ဓဘုရားရှင်က
"သံယုတ်ပါဋ္ဌိတော် မစၧရီသုတ်" ၌ အပြည့်အစုံဟောပြ ထားသည်။

ဓမ္မရတနာ

Sort:  

Thanks for support steem network.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64656.44
ETH 1865.47
USDT 1.00
SBD 0.38