မညာေၾကး

in #esteem6 years ago

တစ်ဖက်က နင့်အသက်ရှူသံငြိမ် ...
နင်အိပ်စက်တဲ့တစ်ခဏ ...
ငါ့ ဗယ်ဘက်ရင်ဘတ် လွမ်းရလွန်းလို့ ...
ဖြစ်ခွင့်ရမယ်ဆို ...
နင့်ခေါင်းအုံးလေးငါဖြစ်ပါရစေ ...

image
~ ကံလေးတွေကွယ် စောင့်ရှောက်ကြမယ် ~

ကံတဲ့ ...
ကာယကံ ...
ဝစီကံ ...
မနောကံ ... ချစ်ခြင်းမေတ္တာကိုယုံကြည်သလို ... သစ္စာတရားကိုလည်း ယုံကြည်တယ် ...
မင်း ချစ်ခြင်းမှာ မသင်္ကာတံဆိပ်တုံး ရိုက်နှိပ် ...
သံသယ ဗွီဒီယိုကင်မရာတပ် အမြဲကြည့်ရမယ့်အလုပ် ...
ကိုယ်မလုပ်ရက်ပါဘူး ...

တစ်ခုလေးတော့ခွင့်ပြုနော် ...
အနနေ္တာ အနန္တငါးပါး ကိုယ်အကြွင်းမဲ့ယုံကြည်ကိုးကွယ်ကြောင်း သစ္စာတိုင်တည် ...
မင်း ချစ်ခြင်းမေတ္တာ ကိုယ့်ပေါ် စစ်မှန်ပါလျှင် သေတပန် သက်တဆုံး မင်း ပါရမီဖြည့်ဖက်ဖြစ်ပါရစေ ...
မင်း ချစ်ခြင်းမေတ္တာ ... ကိုယ့်ပေါ်မစစ်မှန်ခဲ့လျှင် မင်း နဲ့ကိုယ်လေ မဆုံသောဝေးကွာခြင်းနဲ့ အမြန်ဝေး ထာဝရဝေးပါစေ.

ဒါ ... နေ့စဉ် ကိုယ်ဆိုနေတဲ့ သစ္စာစကားပေါ့ ...

#မယ်
image

ကံ ၃ ပါးကို ထိန်းရတာမဟုတ်ဘူး ...
ကံ ၃ ပါးကို စောင့်ရှောက်ရတာတဲ့ ...
ကာယကံမှု မကျူးလွန်တောင် ...
ဝစီကံ နဲ့ မနောကံဟာ စောင့်ရှောက်ဖို့မလွယ်မလား ...

တရားတော် တစ်ပုဒ်မှာပေါ့ ...
မြို့တစ်မြို့မှာ ဆရာတော်တရားပွဲရှိတယ် ...
ဆရာတော့်တရားပွဲအတွက် ဘုန်းကြီးကျောင်း မြေကွက်လပ်မှာ တရားနာ ပရိသတ်အပြည့် ...
ဆရာတော်ကြွလာတော့ ... ဆရာတော်ထိုင်မယ့်ခုံမှာ ကိုရင်တစ်ပါးက ထိုင်နေတယ် ...
ဒါနဲ့ ... တရားနာဖို့လာတဲ့ ပရိသတ်ထဲက အမျိုးသမီးတစ်ယောက် ...
' ဟဲ့ ကိုရင် ... ဆရာတော်လာတာကို နေရာဖယ်ပေးလိုက်လေ. ဆရာတော်ထိုင်မယ့်ခုံ ဘာလို့ထိုင်နေတာလဲ '
လို့လှမ်းပြောတော့ ဆရာတော်က အဲဒီ့အမျိုးသမီးကို ဆုံးမလိုက်တယ် ...
' ကိုယ်နဲ့မဆိုင်ရင် အရာရာဝင်မပါနဲ့ ' တဲ့.
ဘာလို့လည်းဆို ... ကိုရင်လေးဟာ ပြောသူအမျိုးသမီးထက် သီလသာမာဓိပြည့်စုံနေရင် အမျိုးသမီးဟာ သီလသာမာဓိပြည့်စုံသူကိုစော်ကားမှုနဲ့ အပြစ်ဖြစ်မှာစိုးလို့ပါ.

ငယ်ငယ်က နားလည်ခဲ့တာက ...
ကြီးသူကို အမြဲရိုသေလေးစားရမယ်.
ကြီးသူက အမှားလုပ်နေတောင် ငယ်သူကပြောခွင့်မရှိတာတို့ ဘာတို့ ...

ခု အသက်ကလေးရလာတော့ ခံယူနားလည်မိတာက ...
ကြီးတယ် ငယ်တယ်ဆိုတာ အသက်မဟုတ်ပါဘူး ...
' သီလ ' ပါ ...
သီလကြီးသူက ပိုမြင့်မြတ်တယ်ပေါ့ ...
ဒါပေမယ့်လည်း ...
ထုံးတမ်းစဉ်လာအရ ... စွဲမှတ်ခဲ့ရတွေအရ ကြီးသူဆိုတာ အသက်ကိုဘဲ ဦးတည်ကြတာပေါ့.

အသက်ကြီးလို့ရိုသေလေးစားရတယ် ...
ဒါက လုပ်ကိုလုပ်ရမယ့် ဂါရဝတရား ...
သို့ပေသိ ... အသက်သာရသော်လည်း မဟုတ်တာတွေလုပ်နေသူကို ရိုသေလေးစားလို့ရလား ?
စဉ်းစားစရာနော် ...

အသက်ငယ်ပေမယ့် ... ကိုယ်ကျင့်သီလပြည့်စုံတဲ့ ကိုရင်လေးတွေကို အသက် ၈၀ ကျော် ၉၀ ကျော် အဖိုးအဖွားတွေအစ ရှိခိုးဦးခိုက်ကြတယ် ...

ကိုယ့်ပြုလိုက်တဲ့ကံတွေက ကိုယ့်အကြောင်းတရားကိုဖန်တီးပေးတာမလား ...
ကိုယ့်ထက်ငယ်တာဘဲ ငါ စော်ကားချင်တိုင်းစော်ကားမယ်ဆို ...
ငယ်သူက အကျင့်သီလကိုယ့်ထက်ပိုပြည့်စုံနေရင် ...
ကိုယ်စော်ကားလိုက်မှုအတွက် ပြန်ခံရမယ်လေ ...

ကံ ၃ ပါးဆိုတာ ထိန်းနေရင် လွတ်ထွက်တတ်တယ်မလား ...
မိဘက သားသမီးကို စောင့်ရှောက်မှုမျိုး ...
ကိုယ်ချစ်ခင်ရသူကို စောင့်ရှောက်တဲ့ စောင့်ရှောက်မှုမျိုးနဲ့ ကံ ၃ ပါးကိုလည်း စောင့်ရှောက်ရမယ်မလား ...

မြတ်စွာဘုရားတောင် ခေါင်းကိုက်ဝေဒနာခံစားရတာ ...
ရှေးအတိတ်ဘဝတစ်ခု သူများ ငါး ခေါင်းထုတာကိုကြည့်ပြီး စိတ်ကဝမ်းသာအားရဖြစ်မိလို့တဲ့.
ကာယကံ ဝစီကံ ကြီးလှပြီထင် မနောကံသည်လည်း ကြီးလိုက်တာမှ
မနောကဖြစ်ပြီးမှ ဝစီကံ နဲ့ ကာယကံက ဆက်ဖြစ်ကြတာမလား ... image
မြတ်စွာဘုရားတောင် စိတ်ထဲက ဖြစ်မိလိုက်ခဲ့တဲ့ အတိတ်ဘဝက အကုသိုလ်အတွက် ဝဋ်ကြွေးဆပ်ရတယ်.

အဟောင်းစားနေတဲ့ (အတိတ်ဘဝတွေက ကုသိုလ်အကုသိုလ် ဒီဘဝစံစား ခံစား) ဘဝမှာ ... ကြွေးသစ်တွေမချ ...
သူတစ်ပါးကို ... ဘာကိုမဆို ... ကံ ၃ ပါးနဲ့မပြစ်မှား ...
သူတစ်ပါး လှပအောင်မြင်ကြီးပွားချမ်းသာ မုဒိတာပွား ...
သူတစ်ပါးကောင်းကျိုး ရှေးရှု ...
ကိုယ့်သံသရာအတွက် ကုသိုလ်ရိက္ခာစုရင်း ...
အငှားခန္ဓာဘဝမှာလေ ...
ကံ ၃ ပါးကို စောင့်ရှောက်ပြီး ရှင်သန်နေထိုင်ကြရအောင်လေ ...

image

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 62981.24
ETH 3034.31
USDT 1.00
SBD 3.75