Nay Par Top

in #esteem6 years ago

imageသိပ်ကိုသာယာအောင်မြင်ကြတဲ့ ရီလေးရှင်းရှစ် တည်ဆောက်နိုင်သူတွေ ...
မည့်သို့ပင်အဆင်ပြေပါတယ်ဆိုစေကာမူ ...
လူနှစ်ယောက်ပေါင်းစပ်ရတဲ့အခါ ...
ညှိယူရမှုတွေနောက်မှာ ဖော်ပြဖို့မကုန်နိုင်တဲ့အကြောင်းအရာများစွာရှိမယ်ထင်ပါတယ်.

တစ်ချို့ အသည်းကွဲလို့လာရင်ဖွင့်တဲ့အခါ ...
မနှစ်သိမ့်မိဘဲ ဖြစ်သင့်တာကို ဒဲ့ ပြောမိလို့ ...
တစ်ခါတစ်ခါ ပြောပြီးမှ စိတ်မကောင်းဖြစ်ရတယ် ...

အချစ်ကချိုခါးတဲ့ ... ချိုတဲ့အခါလည်းချိုသလို ခါးတဲ့အခါလည်းခါးတယ်ပေါ့ ...
အချစ်အကြောင်း သိပ်နားမလည်ပါဘူး ...
သိတာက အချစ်ဟာ ချိုချဉ်ငန်ဖန်စပ်ခါး အစုံသုပ်လိုဘဲ ...

ပုံမှန်ဆို စသဘောကျခါစမှာ အချိုလေးတွေပေး ...
ရည်းစားဖြစ် ... ချိုနေသေးတယ်ပေါ့ ...
အချိန်ကြာလာတော့ ... စ ဖန် ချဉ် ငန် စပ်လာရော ...
ဒီလိုနဲ့ အိမ်ထောင်ပြု ...
အိမ်ထောင်ရေးသက်တမ်းကြာလာရင် တစ်ချို့များ တူးခါးကုန်တာမလား ...

ကျင့်သုံးခဲ့တဲ့ ... ကျင့်သုံးနေဆဲ သီအိုရီလေးပေါ့ ...
ပရိုစီဂျာက ပြောင်းပြန် ...
အစမှာ မခံနိုင်အောင်တူးခါးနေတဲ့ အခါးတွေပေး ...
အခါးတွေခံနိုင်ရည်ရှိသွားတော့ ...
မခံမရပ်နိုင်အောင်စပ်တဲ့ အစပ်တွေပေး ...
အစပ်တွေ ကျော်ဖြတ်နိုင်တော့ ...
ချဉ် ငန် ဖန် တာတွေပေး ...
တော်တော်များများကတော့ ...
အခါး နဲ့ အစပ်မှာတင် အလံဖြူပြသွားကြတယ် ...
အဆင့်တွေအားလုံးကျော်ဖြတ်နိုင်သူဆိုတာ ရှားတယ်မလား ...
ကိုယ့်ရဲ့ မခံနိုင်အောင် ခါး စပ် ချဉ် ငန် ဖန်တွေကျော်ဖြတ်နိုင်သူဟာ ... ကိုယ် ယုံကြည်မိပါတယ် (ရာနှုန်းပြည့်တော့မဟုတ်ပါ) ...
တစ်ဘဝလုံးစာ ကိုယ့်သည်းညည်းခံနိုင်မယ့်သူ ...
ကိုယ် ဘယ်လို ပုံစံဖြစ်ဖြစ် ... ပုံဆိုးပန်းဆိုး ဒေါသဖြစ်နေနေ ...
image
ကိုယ့်ဘဝမှာ ဘယ်လိုရှုံးနိမ့်မှုတွေရှိနေနေ ...
ကိုယ်ဘယ်လောက်ရစ်ရစ် ...
ကိုယ်ဘယ်လောက်ဆိုးဆိုး ... ကျွန်တော်တို့လူ့လောကနယ်ပယ်တွင် လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်၊အရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာအတွက် နေရာ သည်အလွန်အရေးပါသည်။ထိုနေရာကပင် လူတစ်ဦးတစ်ယောက်အောင်မြင်ခြင်း၊ကျရှုံးခြင်း စိတ်ဓာတ်ခွန်အားအတွက် အဓိကသော့ချက်မဟုတ်ပါလား။ ယဉ်ကျေးလိမ္မာခြင်း၊ရိုင်းစိုင်းခြင်း၊တော်ခြင်း၊ညံ့ခြင်းစသည်တို့ဟာ မိမိလက်ရှိပိုင်ဆိုင်ထားတဲ့နေရာနှင့် တိုက်ရိုက်အချိုးကျနေခြင်းသာ။ မူလတန်းဖတ်စာအုပ်တွင်ပြဋ္ဌာန်းထားသော ကျေးညီနောင် ပုံပြင်ကိုသာဓကယူ၍ရနိုင်သည်။ လိမ္မာအောင်ကျင့်ကြံရမည့်နေရာရောက်တော့ ကျေးလိမ္မာဖြစ်တယ်။ လူဆိုးသူခိုးထံရောက်တော့ ကျေးရိုင်းဖြစ်သွားခဲ့တယ်။တံငါနားနီးတံငါ၊မုဆိုးနားနီးမုဆိုး ဆိုတာရှေးလူကြီးတွေရဲ့ဆိုရိုးစကား အလကားထားခဲ့တယ်တော့မထင်ဘူး။မိမိပတ်ဝန်းကျင်းနှင့်အသားကျအောင်နေထိုင်ကျက်စားကြရမည်သာ။
ကိုယ့်လက်ကို သူ မြဲမြဲတွဲ သူနဲ့ကိုယ်ရေစက်ရှိသ၍ သူ ကိုယ့်အနားက ဘယ်တော့မှ မခွာဘူးဆိုတာပါဘဲ ...
(ဒီလမ်းစဉ်လေးဟာ ကိုယ့်ဘာသာ ခံစားမိပြီး ကျင့်သုံးနေတာမို့ ကိုယ်တစ်ယောက်တည်းရဲ့ ခံစားချက်သက်သက်ပါ)

တစ်ခုလေးခံစားပြောနိုင်တာက ...
ကိုယ့်ကို တကယ်ချစ်ခြင်းမေတ္တာရှိသူဟာ ကိုယ်မျက်ရည် (နာကျင်မျက်ရည်) ကျအောင်မလုပ်ပါဘူး.
ကိုယ့်ကို မျက်ရည်ပါစေလိမ့်မယ် ... သူ့ချစ်ခြင်းမေတ္တာနွေးထွေးမှု ကိုယ့်နှလုံးသားကိုစီးမျောလို့ ဝမ်းသာကြည်နူးပီတိဖြာဖြာကျရတဲ့မျက်ရည်ပါ.

ဆရာတော် ရှင်ဆန္ဒဓိက ဟောကြားတဲ့ တရားတော်ထဲကလို ချစ်ကံကောင်းဖို့ဆိုတာ အကောင်းကံချစ်ဖို့လိုပါတယ်.
ဒီဘဝ အချစ်ကံမကောင်းရင် အတိတ်ဘဝက အကောင်းကံမချစ်ခဲ့လို့မို့ ဒီဘဝ အကောင်းကံတွေချစ်ကြရမှာပေါ့ ...

ဘယ်လိုဖြစ်ဖြစ်လေ ...
ကိုယ့်နားမှာ ကိုယ့်ဟာကိုယ်ဖြစ် လက်ခံနိုင်သူရှိ တယ်ဆို ...
တန်ဖိုးထားပါ ...
လေးစားပါ ...
သူ့လက်ကို မြဲမြဲဆုပ်ကိုင်ထားပါ ...
သက်ဆုံးတိုင်ထိ ...
image

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11