Half

in #esteem8 years ago

တစ်ယောက်တစ်ဝက်

မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့
စခဲ့တဲ့ ခရီးမဟုတ်
မောင်တစ်ခြမ်း မယ်တစ်ဝက်နဲ့
လှမ်းခဲ့ လမ်းတွေပါ။

ကူဖော်အတူတူ ဖြစ်ခဲ့ကြ
လောင်ဖက်အပြန်အလှန် မဖြစ်ကြ
အေးအတူ ပူအမျှမဟုတ်
အေးရာဆီ တစ်ယောက်ကို တွန်းထုတ်
ပူရာဆီ တစ်ယောက်တည်း ပြန်ဆုတ်ချင်သူချင်း
ဟိုဘက်ခြမ်းက လင်းပါစေ
ဒီဘက်ခြမ်းက မှောင်ပါစေ
နှစ်ဘက် ပြိုင်တူလင်းချင်လို့ မရ
တစ်ခွင်လုံး လင်းနေရင်လည်း
အဲဒါ ကမ္ဘာ မဟုတ်တော့ဘူးလေ
မောင်ဟာ. . .
ကျွန်မရဲ့ ကမ္ဘာ။
image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 66030.04
ETH 1935.70
USDT 1.00
SBD 0.38