ပို့စ်​တင်​ရန်​ပင်​ အားမရှိပါ

in #esteem6 years ago (edited)

'' စတီးမစ်​အဖွဲ့ဝင်​ မြန်​မာညီအကိုများအားလုံး မင်္ဂလာပါခင်​ဗျာ''

စတီးမစ်​ပလက်​​ဖောင်း​ပေါ်သို့ ရောက်​ရှိလာတာ
မကြာ​သေးတဲ့ကျွန်​​တော့်​အတွက် ဒီရက်​ပိုင်း​ပြောစရာစကားက စတီးမစ်​နှင့်​သက်​ဆိုင်​သည့်​ အ​ကြောင်းများသာဖြစ်ေ​န​​တော့သည်​။ ​ပြောစရာဆိုတာထက်​ ​မေးစရာ သင်​ယူစရာဟုဆိုပါက ပို၍မှန်​​ပေလိမ့်​မည်​။ အဘယ်
်​​ကြောင့်​ဆို​သော်​ ကျွန်​​တော်​ စတီးမစ်​ကိုစတင်​သုံးစွဲသည်​မှာ ရက်​ပိုင်းမျှသာရှိပါ​သေးသည်​။စတီးမစ်​တွင်​ ​ခေါ်​ဝေါ်သုံးစွဲသည့်​​ ​ဝေါဟာရများသည်​ ကျ​နော်​နှင့်​အစိမ်းသက်​သက်​ဖြစ်​​နေသည်​။ စတီးမစ်​၏ စီးဆင်းလည်​ပတ်​ပုံကို ​ကျွန်​​တော်​​ကောင်းစွာမသိရှိ​သေး​ပေ။

    ထို့​ကြောင့်​ ​ရှေ့ကစီနီယာအကို​တွေရဲ့ပို့စ်​​တွေ လက်​လှမ်းမှီသ​လောက်​ လိုက်​ဖတ်​ရင်း အနည်းငယ်​နားလည်​စပြုလာပါသည်​။ ကျွန်​​တော်​ စတီးမစ်​အ​ကောင့်​​ရရချင်း အချိန်​အ​တော်​ကြာသည်​အထိ ပို့စ်​မတင်​နိုင်​ခဲ့ပါ။ ဘာ​ကြောင့်​လဲလို့​မေးလာခဲ့ရင်​ မတင်​တတ်​​သော​ကြောင့်​ဟုသာ ​ဖြေရပါလိမ့်​မည်​။onlineတွင်​ရင်းနှီး​သော သူငယ်​ချင်းတစ်​​​ယောက်​၏ လမ်းညွှန်​မှု​ကြောင့်​ စတီးမစ်​ကိုကျွန်​​တော်​ စတင်​သုံးစွဲကြည့်​သည်​။ ​ရှေဦးစွာ စတီးမစ်​နှင့်​မိတ်​ဆက်​​ပေး​သော သူငယ်​ချင်းအား ​ကျေးဇူးတင်​မိသည်​။ ​နောက်​ တကယ်​တမ်း စတီးအ​ကောင့်​ရသည့်​အခါ ကျွန်​​တော့်​အား လက်​တွဲ​ခေါ်မဲ့သူမရှိ။ အဖွဲ့အစည်းအချို့ရှိသည်​ဟု သူငယ်​ချင်းလမ်းညွှန်​မှု​ကြောင့်​ ထိုအဖွဲ့အစည်းအား ဆက်​သွယ်​၍ အဖွဲ့ဝင်​ဖြစ်​ခွင့်​ရလို​ကြောင်း ​ပြော​သော်​လည်း ကျွန်​​တော့်​အားလက်​မခံခဲ့ပါ။ စည်းကမ်းချက်​​တွေ မက်​စင်​ဂျာကပို့​ပေး၍ ဖတ်​ခိုင်းခဲ့ရုံမှအပ ​နောက်​ပိုင်းစာပို့သည့်​အခါ မသိချင်​​ယောင်​​ဆောင်​​နေ ပါ​တော့သည်​။ ယခုလို​ပြောပြ​နေခြင်းသည်​ ထိုအဖွဲ့အစည်းအား အပြစ်​တင်​လိုခြင်း တစ်​စုံတစ်​ရာ မရှိပါ။ စတီးမစ်​တွင်​ မိမိကြုံ​တွေ့ရ​သော အခက်​အခဲအချို့အား ပြန်​လည်​မျှ​ဝေခြင်းသာဖြစ်​ပါသည်​။ စိတ်​ရင်းအမှန်​အတိုင်းဆိုရလျှင်​ ကျွန်​​တော်​သည်​ ယခုကဲ့သို့ ကျွန်​​တော်​၏အခက်​ခဲ​တွေကို ပြန်​လည်​မမျှ​ဝေချင်​ပါ။ ​ရှေ့ကစီနီယာ​တွေနည်းတူ ​နောက်​လူတို့အတွက်​ အကျိုးတစ်​စုံတစ်​ရာကိုသာမျှ​ဝေလိုပါသည်​။ သို့​သော်​ ယခုအချိန်​တွင်​ ကျွန်​​တော်​သည်​ ဆိုခဲ့ပြီး​သော ​နောက်​လူ အဖြစ်​သာ ရှိ​နေပါ​သေးသည်​။ ထို့​ကြောင့်​ နားလည်​​ပေးကြ​စေလိုပါသည်​။အချိန်​အ​တော်​ကြာသည်​အထိ ကျွန်​​တော့်​မှာ သူများပို့စ်​​တွေပဲလိုက်​ဖတ်​ရင်း ​ယောင်​လည်​လည်​ဖြစ်​​နေခဲ့ရသည်​။ 

ယခုအချိန်​တွင်​လဲ စမ်းတဝါးဝါးနဲ့ပို့စ်​​လေး​တွေ တစ်​ခုစနှစ်​ခုစတင်​ရင်း ​ယောင်​လည်​လည်​ပဲရှိ​နေပါ​သေးသည်​။ ကျ​နော်​သည်​ steemitနဲ့မရင်းနှီးခင်​အချိန်​ထဲက စာတို​ပေစက​လေးများ ကဗျာမမည်​စာမမည်​​သော အတိုအစ​လေးများကို ​ရေးရတာဝါသနာပါပါသည်​။ quality post အ​ဆင့်​မဝင်​နိုင်​​သော်​လည်​ အ​တော်​အသင့်​ စု​ဆောင်းထား​သော ကုန်​ကြမ်း​လေး​တွေရှိ​နေပါသည်​။ သို့​သော်​လဲ ဆိုခဲ့ပြီးသည့်​အတိုင်း ပို့စ်​တခုတင်​လို့မှ upvote​ပေးမည့်​သူမရှိသည့်​အခါ စိတ်​ဓာတ်​ကျမိပါသည်​။ တင်​ချင်​စိတ်​ပင်​မရှိ​တော့ပါ ။သို့​သော်​လဲ တစ်​​နေ့​နေ့​တော့ ဖြစ်​လာမှာပဲ၊ တ​နေ့​နေ့​တော့ ရည်​ရွယ်​ချက်​ပန်းတိုင်​​လေးခပ်​​ရေး​ရေး​ပေါ်လာမှာပဲဟုသာ ကိုကိုယ့်​ကို အား​ပေးရင်း မဖြစ်​ညစ်​ကျယ်​ ပို့စ်​က​လေးများ တင်​​နေရပါအုံးမည်။

Author-@laminchit

image

Sort:  

ကြိုးစားပါအောင်မြင်လာပါမည်သီးခံရင်းနဲ့လမ်းစမြင်လာနိုင်ပါမည်

ဟုတ်​ကဲ့​ကျေးဇူးပါ အန်​တီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Thura from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @laminchit! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

@laminchit you were flagged by a worthless gang of trolls, so, I gave you an upvote to counteract it! Enjoy!!

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61562.85
ETH 2891.34
USDT 1.00
SBD 3.43