ကျောင်းသားဘဝ​နေ့ရက်​များအားပြန်​လွမ်းခြင်း

in #esteem6 years ago

လူတိုင်း လူတိုင်း ဘဝမှာ လွမ်း​မောစရာအခိုက်​အတန့်​​တွေရှိတတ်​ကြသည်​။ ​ပျော်​ရွှင်​ခြင်း​ ဝမ်းနည်းခြင်း ပျိုမြစ်​နုနယ်​ခြင်း​တွေနှင့်​ ဘဝမှာ အမှတ်​ရစရာ​တွေပြည့်​နှက်​​နေတတ်​သည်​။ ကျွန်​​တော့်​ဘဝတွင်​လဲ အများနည်းတူ လွမ်း​မောသတိရစရာ အမှတ်​တရများစွာရှိပါသည်​။ ပြန်​မရနိုင်​​တော့တဲ့ ဘဝရဲ့အမှတ်​တရများစွာထဲမှာ ​တက္ကသိုလ်​​ကျောင်းသားဘဝကိုကျ​နော်​အလွမ်းဆုံးပဲ ။ ​သူငယ်​ချင်း​တွေနဲ့ အတူသွား အတူစား ​ပျော်​ပါးခဲ့ရတဲ့​နေ့ရက်​​တွေလွမ်းတယ်​။ ဆိုင်​ကယ်​​ကိုယ်​စီနဲ့ မြို့ပတ်​ဝန်းကျင်​ အထင်​ကရ​နေရာ​တွေ​လျောက်​လည်​ ညဘက်​ဆို​ကောင်​မ​လေးအ​ဆောင်​​တွေ လူပျိုလှည့်​ ၊ အပြန်​ကျ အ​ဆောင်​တံခါးပိတ်​လို့ အပြင်​မှာပုဆိုးခြုံ​ကွေးရတဲ့ည​တွေဟာလဲ အမှတ်​တရ​တွေပါပဲ။ တက္ကသိုလ်​​ကျောင်းသားဘဝရဲ့ အမှတ်​တရ​တွေ အကုန်​​ရေးရရင်​ ​ရေးလို့​တောင်​ကုန်​မှာမဟုတ်​ပါဘူး။ ဘဝမှာအ​ရေးပါတဲ့ သူငယ်​ချင်း​ကောင်း​တွေနဲ့ ဆုံ​တွေ့​စေခဲ့တဲ့​နေရာ၊ နှလုံးသားကို ရင့်​ကျက်​တည်​ငြိမ်​​အောင်​ ခံနိုင်​ရည်​ရှိ​အောင်​​လေ့ကျင့်​​ပေးခဲ့တဲ့​နေရာ၊ ပညာ​တွေသင်​ယူရင်း ဘဝအတွက်​မှတ်​တိုင်​​တွေ စိုက်​ထူခဲ့တဲ့​နေရာ ...........
‌အဲ့ဒီ့​နေရာဟာ ကျ​နော်​တို့ရဲ့အမိ​မြေ တက္ကသီလာ ​ကျောင်း​တော်​မဟာကြီးပဲ ဖြစ်​ပါ​တော့တယ်​။ image

ကျောင်းသားဘဝ​နေ့ရက်​​တွေ၊ ​ကျောင်းတုန်းကသူငယ်​ချင်း​တွေကို လွမ်းဆွတ်​သတိရခြင်းအားဖြင့်​ ကဗျာ​လေးတစ်​ပုဒ်​ ​ရေးဖွဲ့ပါရ​စေ........

သူငယ်​ချင်း

ကျောင်း​တွေပြီးဆုံးသွားတာနဲ့ပဲ

ခင်​​မင်​မှု​တွေ ပြီးဆုံးသွား​ရောတဲ့လား

တ​ယောက်​နဲ့တ​ယောက်​ မ​တွေ့ဖြစ်​​တော့တာနဲ့ပဲ

မေ့​မေ့​ပျောက်​​ပျောက်​ဖြစ်​ကုန်​ကြ​ရောတဲ့လား

ဒါက ဒီလိုရှိပါတယ်​သူငယ်​ချင်း

ကိုယ်​စီကိုယ်​ငှ ဘဝလမ်းခရီး​ပေါ်​လျောက်​လှမ်းကြရင်း
မလွန်​ဆန်​နိုင်​​သေးတဲ့ ဘဝ​ပေးအ​ခြေ​နေမှာ
ကြိုးစားရပ်​တည်​ကြရင်း
သူငယ်​ချင်းဆိုတဲ့​ခေါင်းစဉ်​​အောက်
ငါတို့ အတူတူ​ရောက်​ခဲ့ကြဖူးတယ်

ခင်​မင်​မှုဆိုတာမျိုးကလဲ အတိုင်းအတာ

ကန့်​သတ်​ချက်​မှမရှိတာ ခံယူထားသူရဲ့ခံယူချက်​အ​ပေါ်မှာ ကျယ်​ပြန့်​နက်​ရှိုင်းသွားတတ်​ကြတာပဲ​လေ

သူငယ်​ချင်း​ရေ...

ဘဝကတို​တောင်းသ​လောက်​ အိမ်​မက်​​တွေရှည်​လျား
ဒို့​လျောက်​ရမဲ့ခရီးလမ်းမှာ ပန်းတိုင်​​တွေကလဲများသားကွ

ဘာပဲဖြစ်​ဖြစ်​ကြိုးစားထားသူငယ်​ချင်း

အားတင်းထားသူငယ်​ချင်း တ​နေ့​နေ့ကိုယ်​လိုရာပန်းတိုင်​​ရောက်​မှာပါ
မင်းလဲပဲ​ရောက်​မှာပါ ငါလဲပဲ​ရောက်​မှာပါ
တ​နေ့​နေ့​ပေါ့

ဘဝခရီးလမ်းကို ​ရေကုန်​​ရေခမ်း​လျောက်​လှမ်းကြရင်း

ကြိုးစားရပ်​တည်​ကြရင်း
ဘဝရဲ့ဘယ်​လိုအ​ခြေမျိုးမှာပဲဖြစ်​ဖြစ်
မင်းနဲ့ငါ....
ထာဝရသူငယ်​ချင်းပဲ​နော်​........
image

Photo_Credit
Author_@laminchit

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Thura from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62