Ngar lo ma အီးစတင်း

in #esteem6 years ago

အမေစုကို ချစ်တာက ချစ်တာပဲ
အမေစုသည် EPCမဟုတ်ဆိုတာလည်း အရှင်းကြီး။
image
မီးပျက်ရင် ကိုယ်တွေလည်း ပူတတ်တယ်။
ရန်ကုန်အပူချိန်နဲ့ မီးပျက်နေတဲ့တိုက်ခန်းကျဉ်းလေးတွေထဲက ရေနွေးငွေ့နဲ့ ပြုတ်ခံထားရတဲ့ ပြည်သူတွေ ဘဝလည်း ခံစားကြည့်ဦး။

NLDအစိုးရက မီးစက်ထမ်းတက်လာတာလည်း မဟုတ်
ဦးဝင်းမြင့်ပြွတ်က လျပ်စစ်အားလည်း မထွက်
အရင်ခေတ်က ပျက်သလို အခုလည်း ပျက်ရင်ပျက်နိုင်တယ်ဆိုတာ ကိုယ်လည်း ထမင်းစားကြီးလာတာ
လူလိုနားလည်တယ်။

သို့ပေသိ ခံစားမရတာက အဖက်မလုပ်တဲ့ သောက်ကျင့်
မပျက်ရဘူး ပြောမထွက်ပါဘူး
ပက်ပက်စက်စက်ရောင်းစားသွားလို့ ပြန်ဝယ်သုံးရတယ် အတိအလင်းပြောထားတာ သိတယ်။
ပျက်ပါ... စောက်ဖက်လေးလုပ်ပြီးတော့ ပျက်ရင် ခံသာသေးတယ်။
image
ဒီနေ့ ဘယ်ချိန် ဘယ်ချိန် မီးပျက်ပါမယ်ဆိုရင်
လျှပ်စစ်မီးလာမှ ချက်ရပြုတ်ရ စားရသောက်ရတဲ့
ရန်ကုန်သားတွေအနေနဲ့လည်း ဘယ်ချိန်ကြိုချက်ရမယ်
မမှီရင် ဘယ်မှာသွားမျိုဆို့ရမယ်ဆိုတာ စီစဉ်လို့ရတယ်။

အခုက ပျက်ချင်တဲ့ အချိန်ပျက်
ဖျပ်ခနဲ ပြန်လာ၊ အကြာကြီး ပြန်ပျက်
မီးလာတဲ့အချိန်က မီးခဲပေါ် ယင်ကောင်နားသလောက်
ဘယ်အချိန် ပြန်လာမယ်မသိ
ထမင်းက မစားရသေး၊ ဗိုက်ကဆာ
ချွေးက ပေါက်ပေါက်ကျ
လူသာထသတ်ချင်စိတ် ပေါက်တော့တယ်။

အဟင်း
ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။
ပြင်ရမှာတော့ ယူတို့ရဲ့ နှစ်ပေါင်းများစွာ မီးပူတိုက်ဖိထားသလို အချိုးကျနေတဲ့ စောက်ချိုးကြီးပဲ။

ပါးချည်း ဘယ်ပြန်ညာပြန်ရိုက်ချင်တာ
အခြားနေရာ မရိုက်ချင်ဘူး
ပါးချည်းပဲ ရိုက်ချင်တာ
ဘယ်သူရိုက်ရမယ် မသိလို့
ခွီး 😡😡😡Grab ကိစ္စက နည်းနည်းတော့ မလွယ်ဘူး။
အမှန်တရားက နှစ်ဖက်မှာ ဖြစ်နေတယ်။

Customer တွေဘက်က ကြည့်ရင်ကျ
Grab က အဆင်ပြေတယ်။
Promotion လေးတွေရတော့ လေးငါးရာ သက်သာတယ်။ ကားနံပါတ်တွေ အချက်အလက်တွေရှိတော့ စီးရတာ စိတ်လုံခြုံတယ်။ ယာဉ်မောင်းဘက်က ရင့်ရင့်သီးသီးဆက်ဆံလာရင်လည်း တိုင်စရာ ရှိတော့ စိတ်ကျေနပ်မှု နည်းနည်းရတယ်။
အနည်းဆုံးတော့ ရာသီဥတုပူချိန် အဲကွန်းလေးနဲ့ စီးရတော့ လူသက်သာတယ်ပေါ့။

ယာဉ်မောင်းတွေဘက်ကကျ သူတို့ဘက်မှာ မကျေနပ်တာလေးတွေလည်း ရှိနိုင်တယ်။
စက်သုံးဆီဈေးက မြောက်နေတယ်၊ ပုံသေဈေးနှုန်းဖြစ်တဲ့အတွက် ပိုတောင်းလို့ မရဘူး။
ဝန်ဆောင်ခ ၁၅%ဖြတ်တယ်။
အတိုင်ခံရရင် Bonus ဖြတ်ခံရတယ်။
ခရီးစဉ်လမ်းကြောင်း ကြိုမပြဘူး။
ဘာညာဆိုတော့ သူတို့အနေနဲ့ စားဝတ်နေရေး အဆင်မပြေတာမျိုးတွေ၊ ဝင်ငွေလျော့တာမျိုးတွေလည်း ရှိနေနိုင်တာကိုး။

Grab ဟာ နိုင်ငံတကာမှာ အဆင်ပြေနေတဲ့ ဝန်ဆောင်မှုမျိုးပါ။ အချို့နိုင်ငံတွေမှာလည်း အခုလို ဆန္ဒပြတာတွေလည်း ရှိဖူးပါတယ်။ အဲ့တော့ ဘယ်သူကတော့ မှန်တယ် ဘယ်သူကတော့မှားတယ်ဆိုတာထက် ညှိယူကြရင်တော့ အဆင်ပြေမယ်ထင်တာပဲ။

Grab ကို ဆန္ဒပြတယ်။ ဒါဆိုရင် ဝန်ဆောင်မှုအနေနဲ့
Grab နဲ့ ယှဉ်ပြိုင်နိုင်ဖို့တော့ လိုပါတယ်။
Userတွေအနေနဲ့ကတော့ ပိုအဆင်ပြေတာကို ရွေးချယ်မှာ သဘာဝပါပဲ။
Grab က ဈေးကွက်လက်ဝါးကြီးအုပ်လို့ Grab မစီးပါနဲ့ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။
Grabက ပေးတဲ့ Service တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လိုပါတယ်။
image
Grab တိုင်း အဆင်ပြေနေတာတော့လည်း မဟုတ်ပါဘူး။
ကိုယ်တစ်ခါနှစ်ခါလောက် ကြုံဖူးတယ်။
တစ်ခေါက်ကဆို ကိုယ်က ရန်ကင်းထိပ်က ငှားတယ်။
Waiting Time က ၈မိနစ်။ ဖုန်းဆက်မေးလိုက်တော့ တာမွေအဝိုင်းထိပ်မှာ။ ၁၅မိနစ်လောက်ကြာမယ်တဲ့။
အလျင်လိုနေတော့ မစောင့်နိုင်ဘူးပြောတော့ ကိုယ့်ဘက်က Cancel လုပ်ပေးပါတဲ့။
ဟင်... ဘာလို့အဲ့လောက်အဝေးကြီးက လက်ခံရတာလဲဆိုတော့ မမြင်ရလို့လို့ပြောတယ်။
ကိုယ်သိသလောက်ကတော့ သွားမယ့်နေရာကိုသာ မမြင်ရတာ ... Pick up လုပ်ရမယ့်နေရာတော့ မြင်ရတာပဲ။ ကိုယ်လည်း ပြောရမှာမောတာနဲ့ ကိုယ့်ဘက်ကပဲ Cancel လုပ်ပေးလိုက်ရတယ်။

နောက်တစ်ခေါက်ကျ အပြောအဆိုရင့်တာ။
မြန်မာပလာဇာကို ငှားတယ်။ ရန်ကင်းစင်တာဘက်ကနေလာတဲ့လမ်းမှာ ကွေ့တဲ့နေရာတွေရှိတယ်။
ကွေ့ရမယ့်နေရာကို ကျော်ပြီး မီးပွိုင့်ထိပ်သွားတန်းစီဖို့ လုပ်တော့ အကိုရေ ... ဒီကကွေ့ရမှာလို့ ပြောမိတယ်။
ခင်ဗျားသွားချင်တဲ့နေရာရောက်ရင် ပြီးရောမလားဘာညာပြောတယ်။ ညီမရေ... အရှိန်လွန်သွားလို့ မီးပွိုင့်ကျော်ပြီး ပြန်ကွေ့ပေးမယ်ဆိုရင် ရတဲ့ကိစ္စ။
ကိုယ့်ဘာသာကျော်လာတာကို ဝန်မခံဘဲ ရင့်တယ်။
"ရှင်မောင်းနိုင်ပေမယ့် ကျွန်မမစီးနိုင်ဘူး
မရဘူး ... ဒီကနေ မရရအောင်ကွေ့" ဆိုပြီး ဂျီးတွန်းပစ်လိုက်တယ်။ ကိုယ့်လာရင့်ရင် ကိုယ်ကလည်း အပတ်ခုနှစ်ဆယ်ရှစ်ပတ်လောက် ရစ်တဲ့ မိန်းမ။
ဘရိတ်တွေ အတင်းစောင့်အုပ်ပြီး စောင့်ကြီးအောင့်ကြီးနဲ့ ရပ်ပေးတယ်။
ရတယ်လေ... ဖုန်းဆက်ပြီး ကောင်းကောင်းတိုင်ပေးလိုက်တယ်။

Grab ပဲစီးစီး ရိုးရိုးလက်တားပြီးပဲ စီးစီး
ကောင်းကောင်းမွန်မွန်ပို့ပေးရင် ကားခပေးတဲ့အခါ
လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးပြီး ကျေးဇူးတင်ပါတယ်ဆိုတာ အမြဲပြောဖြစ်ပါတယ်။
ပိုက်ဆံပေးစီးတာ ဆိုပေမယ့် ကိုယ့်ကို အန္တရာယ်မဖြစ်အောင် မောင်းနှင်လိုရာပို့ပေးတဲ့အတွက် လူလူချင်း Respectပေးတဲ့သဘောပါ။

ငါတို့ကား ငှားစီးရတာ.. ဘယ်လိုဆက်ဆံဆက်ဆံဆိုတဲ့ အချိုးနဲ့ ကားပေါ်မှာ ခွင့်မတောင်းဘဲ လူပိုထပ်တင်တာတို့၊ နားမခံနိုင်အောင် သီချင်းသံချဲ့ပစ်တာတို့၊ လုယက်မောင်းတာတို့၊ ကားပိတ်လို့ဆိုပြီး နီးစပ်ရာမှာ ဆင်းခိုင်းတာတို့ စသဖြင့် လုပ်ချင်တိုင်းလုပ်တာမျိုးတွေကတော့ Grabပဲဖြစ်ဖြစ် Uberပဲဖြစ်ဖြစ် Owayပဲဖြစ်ဖြစ် လက်တားစီးတက်စီပဲဖြစ်ဖြစ် အဆင်မပြေပါဘူး။

အရင်ကလို လုပ်ချင်တိုင်းလုပ်လို့မရလို့ဆိုတာမျိုးထက်
တကယ့်ကို စားဝတ်နေရေးအတွက် အဆင်မပြေလို့ ညှိနှိုင်းတယ်ဆိုတာမျိုးဆိုရင်တော့ လက်ခံကြိုဆိုပါတယ်။

Grab အနေနဲ့လည်း ကိုက်ရင်မောင်း မကိုက်ရင်မမောင်းနဲ့ဆိုတာမျိုးထက် ယာဉ်မောင်းရော ခရီးသည်ရောအတွက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးရင် အတိုင်းထက် အလွန်ပေါ့။

ခရီးသွားတွေသည်လည်း ပြည်သူဖြစ်သလို
ယာဉ်မောင်းတွေသည်လည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ အကုန်အဆင်ပြေမှ အဆင်ပြေတယ်လို့ ဆိုနိုင်မှာပါ။

အတ္တလေးတွေ လျှော့ကြရင်း အဆင်ပြေနိုင်ကြပါစေလို့

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61562.85
ETH 2891.34
USDT 1.00
SBD 3.43