Casssiafistula ( Part-3)

in #esteem5 years ago (edited)

ငုဝါပန်း (အပိုင်း- ၃)

Hello , all steemit member.

လှပသော ငုဝါ ပန်းများ ပွင့်ချိန် ရောက်တိုင်း

ကျမတို့ ငယ်စဉ်ကာလ ကျောင်းများဖွင့်ချိန်ကာလ ကို အမြဲ ပင် အမှတ်ရမိတတ်ပါသည်

ငုရွှေဝါ ပန်းများပွင့် ချိန်သည် နွေရာသီ ကျောင်းများ ၃ လ တာပိတ်ထားရာမှ ကျောင်းများပြန်လည်ဖွင့်ချိန် ကျောင်းဖွင့် ရာသီ ဆိုလျှင် ငုရွှေဝါ ပန်းများ ပွင့်နေချိန် ဖြစ်ပါသည်

ကျမတို့ ငယ်စဉ်က တက်ရောက်ခဲ့သည့် စာသင်ကျောင်းကြီး ၏ ကျောင်းပရဝဏ် ဝန်ကျင်တွင် စိန်ပန်းပင်များ နှင့် အပြိုင် ငုပင်များလည်း ရှိသည့်အတွက်

ကျောင်းဖွင့်ချိန်ကာလ တွင် သစ်လွင်တောက်ပ လန်းဆန်းတက်ကြွ နေသော ကျောင်းသူ / ကျေားင်းသား များနှင့် အပြိုင် ငုရွှေဝါ ပန်းလေးများက ပင်လုံးကျွတ်မျှ လှပစွာ ဖူးပွင့်နေကြ ချိန်လည်း ဖြစ်ပါသည်

IMG_20190610_131919.png

ထိုသို့ ကျောင်းများပြန်လည်ဖွင့်ချိန် စာသင်နှစ် အစပြု ချိန် လန်ူဆန်းတက်ကြွနေရမည့်လအချိန်တွင် ပျင်းရိလေးတွဲစွာဖြင့် စာသင်ချိန်တွင် ငိုက်မြည်းနေတတ်သော သူငယ်ချင်းများလည်း ရှိပါသည်

ကျောင်းများ ၃လ ကြာ ပိတ်ထာချိန်တွင် အိပ် စား ကစား ပျင်းရိစွာနေလာခဲ့သူမျာူမှာ ကျောင်ူများပြန်ဖွင့် ချိန်တွင်လည်း အကျင့်ပါကာ အိပ်ငိုက်နေတတ်သူများကို ပြောနေကြ စကာ ရှိပါသည်

အိပ်ချင်ရင် ငုပင်အောက်သွားစာကျက်ပါလား ဟူ၍ ပြောဆိုတတ်ကြပါသည်

ဆိုလိုသည်မှာ လူကြီးသူမ များမှ ငုပန်းများပွင့်ချိန်တွင် ငုပင်အောက်သွားရောက် နေထိုင်ပါက အိပ်ချင်စိတ် ကို ဖြစ်ပေါ် စေသည် ဟူသောစကားကို ကြား၍ ပြောကြခြင်း ဖြစ်ပါသည်

IMG_20190610_131750.png

ငုပန်းပွင့်ချိန် သည် ရာသီမှန် အချိန်မှန် ပွင့်တတ်ပါသည်

ထို့အတူ ငုရွှေဝါ ပန်းပွင့်လေးများသည်လည်း ပွင့်လာပြီးနောက် ခုပွင့် ခုကြွေ အဟုတ်ဘဲ ပန်းပွင့်ချိန်မှာလည်း လချီ ၍ ကြာမြင့်တတ်ပါသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks . your supported .I am ever used esteem app.

Thanks , your supported .I am ever used esteem app.

အိပ်ချင်ရင် ငုဝါပင်အောက်သွားတဲ့လား ကျုပ်ဖြင့် ငုဝါပန်းကိုကြည့်ရင်
အိပ်ချင်လာတယ်အေ

အာ့တာ ကြ စာမကျက် ချင် လို့ ဟုတ်တော့ဝူး အလုပ်မလုပ် ခိင် လို့ ဖြစ် တွားဘီ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87