Fish Ball Puff

in #esteem7 years ago (edited)

ငါးဖယ်အစာသွပ်

Hello ,all steemit member.

ငါးဖယ် အစာသွပ်ပြုလုပ်စားသောက်ရင်း post တင်လိုက်ပါသည်

ဒီရက်ပိုင်း အစားတစ်လိုင်းဘက် စိတ်ရောက်နေသောကြောင့် အစားအစာ ပြုလုပ်နည်း များသာ post တင် ဖြစ်ပါသည်

steem ဈေးကကျ post နင်သူကလည်း နည်းပါးသွားသည့် အတွက် စာရေး post တင်ရသည်မှာ စိတ်မပါ

အစားအသောက် ပြုလုပ်နည်း post ကတော့ မိမိ ပြုလုပ်သည့် နည်ူလမ်းအတိုင်း ချရေးသွားရုံသာ ဆိုတော့

post တင်ရေးသားရသည်မှာ လွယ်ကူ၍ လွတ်လပ်ပေါးပါးစွာရေးဖြစ်ပါသည် photo မှာလည်း ပြုလုပ်ပြီးသည်နှင့် ဖုန်နှင့် ဓာတ်ပုံရိုက်၍ ဖိုင်ဆိုဒ် ကြီးနေပါက ချုံ့၍ တင်ရုံသာပါ

ထို့ကြောင့် အစားအစာ ပြုလုပ်နည်း post သာ ရေးပါတော့သည်

ယနေ့ အတွက် menu ကတော့ ငါးဖယ်အစာသွပ် ဖြစ်ပါသည်

ငါးဖယ်အစာသွပ် သည် ပြုလုပ်ရ လွယ်ကူသည့်အပြင် အရသာ ရှိလှပါသည်

ငါးဖယ်အစာသွပ် ကို ထမင်းနှင့် တွဲ၍ ဟင်းအနေနဲ့စားစား
နေ့ခင်းနေ့လည် သားရေစာအနေနဲ့စားစား စား၍ကောင်းမှာ ဖြစ်ပါသည်

ငါးဖယ်အစာသွပ် ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများကလည်း လွယ်ကူ ရိုးရှင်းစွာ ပြုလုပ်နိုင်ပါသည်

IMG_20190710_165253.jpg

ပြုလုပ်နည်း

ငါးခြစ် ၁၀ ကျပ်သားအား အနေတော် အလုံးလေးများဆုပ် ၍ ဂျင်းကြက်သွန်ဖြူ ထောင်းထည့်ကာ ရေမြုပ်ရုံထည့် ပြီး ပြုပ်ပါ

မုန်လာထုတ်ဖတ် ၂ရွက်ခန့် ငရုတ်စိမ်းတောင်း ၅တောင့်ခန့် ထောင်း မန်ကျည်းနှစ်အနည်းငယ် နံနံပင် တို့ကို ဆား အရသာမှုန့်ထည့်နယ် ထားပါ

ငါးဆုပ်များ ရေခမ်းပါက အလယ်မှ ထက်ခြမ်းခွဲပြီး အနှစ်ထည့်သိပ် ပေးပါ

ငါးဖယ် အစာသွပ် ရှုးရှဲ လေး ရပါပြီ

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

အမငီး တင်လှချည်လား အေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59245.05
ETH 1597.65
USDT 1.00
SBD 0.38