အဲလယ်

in #esteem8 years ago

ပရိသတ်ကြီးအတွက် ကမ္ဘာကျော်ဆယ်လီမမတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆယ်လီမမတွေရဲ့ သာမန်ပုံစံတွေထက် ပွဲတက်ပုံစံတွေက ပရိသတ်တွေအတွက် အံ့အားသင့်စေပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်မပြည့်စုံမှုတွေကို ဂရုမစိုက်ဘဲ အများကြားမှာထင်ရှားအောင်မြင်အောင် ကြိုးပမ်းသူတွေဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်…

(၁) Emilia Clarke (အမ်မီလီယာ ကလက်ခ်)

အမ်မီလီယာကတော့ Game of Thrones ဇာတ်ကားထဲက အဓိကဇာတ်ကောင်မင်းသမီး တစ်ဦးဖြစ်ပါတယ်။ သူမက အရသာရှိတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး ဟောလီဝုဒ်ရဲ့ အလှအပစံချိန်တွေကိုလည်း ဂရုမစိုက်တတ်သူရယ်ပါ။ သူမရဲ့ကိုယ်ခန္ဓာကိုယ် ဝတယ်လို့ဆိုကြပေမယ့် တကယ်တမ်းသူမပွဲထွက်လာတဲ့အခါမှာတော့ ပရိသတ်တွေကို ဟာကနဲ ဟင်ကနဲဖြစ်သွားစေပါတယ်။

(၂) Chloe Grace Moretz (ကလိုရီဂရေ့မိုရီဇ်)

လူတော်တော်များများက ကလိုရီကို စပွမ့်ဘော့ဆိုတဲ့ ကာတွန်းဇာတ်ကောင်လေးနဲ့ ခိုင်းနှိုင်းကြပါတယ်။ သူမရဲ့ခန္ဓာကိုယ်က လေးထောင့်ဆန်ဆန်နဲ့ ပုခုံးကြီးပြီး လည်ပင်းတိုနေလို့ပါ။ ဒါပေမဲ့သူမနဲ့လိုက်ဖက်တဲ့ ပွဲတက်ဝတ်စုံတွေ ဝတ်ဆင်လိုက်တဲ့အခါမှာတော့ လူတွေကြားမှာ ပြည့်စုံပေါ်လွင်ဆုံးသူဖြစ်လာပါတယ်။

(၃) Kim Kardashian (ကင်ကာဒါ့ရှ်ရှင်)

ကင်မကတော့ တကယ့်ကို စွဲမက်လောက်စရာကောင်းတဲ့ အဖုအထစ်တွေကြောင့် သူမကိုဆိုရင် သဘောမကျတဲ့သူ ခပ်ရှားရှားရယ်ပါ။ ဘယ်လိုဝတ်စုံဝတ်ဝတ် ဆွဲဆောင်မှုအပြည့်နဲ့ လှပသူတစ်ဦးပါ။

(၄) Rabel Wilson (ရေလ်ဘယ်ဝပ်ဆင်)

သရုပ်တောင်၊ ဇာတ်ညွှန်းရေးသူတစ်ဦးဖြစ်တဲ့ ရေလ်ဘယ်ကတော့ သူမရဲ့ခန္ဓာကိုယ်အလှအပထက် အရည်အချင်းကို ဂရုစိုက်တတ်သူတစ်ဦးဖြစ်ပါတယ်။ တကယ့်ကို တော်ပြီးအရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ပွဲတက်ဝတ်စုံဝတ်တဲ့အခါလည်း ဆွဲဆောင်မှုရှိရှိလှပနေဆဲပါ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 62643.91
ETH 1737.30
USDT 1.00
SBD 0.39