အချစ်​​ရေး

in #esteem6 years ago

ချစ်သူရည်းစားရယ်လို့ ဖြစ်လာရင် စစချင်းသမီးရည်းစားဘဝ အချစ်တွေနွေးထွေးစရင်ခုန်စဖြစ်နေတဲ့ အချိန်မှာတော့ အပြစ်မမြင်ဘဲ ကောင်းကောင်းဆိုးဆိုးအရာရာ ခွင့်လွှတ်ပေးနေတတ်တာ သဘောဝပါ။
နှစ်ဦးသားအချစ်ရေးက အချိန်ကာလကြာလာတဲ့အခါ နားလည်မှုတွေနည်းလာတာ၊ အလျော့မပေးနိုင်တာ၊ ညှိလို့မရတဲ့ ပြဿနာအကြောင်းအရာတွေကြောင့် အချစ်ရေးအေးစက်သွားပြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။

ဒီလိုအခြေအနေတွေကို တွေ့ကြုံလာပြီဆိုရင် နှစ်ဦးသားပြန်လည်အဆင်ပြေနိုင်ဖို့ ပြန်လည်တည်ဆောက်ရမယ့် အခြေခံကျတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေကဘာလဲဆိုတော့

(၁) သူနဲ့ပတ်သက်တဲ့ နာကျင်ခဲ့ရတဲ့ခံစားချက်တွေ မြိုသိပ်ဖုံးကွယ်မထားပါနဲ့။ နှစ်ဦးသားကြားမှာ လျှို့ဝှက်ချက်တွေမရှိဘဲ ကိုယ်ဖြစ်တာကို ပွင့်ပွင့်လင်းလင်းပြောတတ်ပါစေ။ ကိုယ့်ဘက်ကလည်း သူနဲ့ပတ်သက်ရင် အမြဲတမ်းတံခါးဖွင့်ထားပါ။ သူမေးချင်သမျှသိချင်သမျှဘာတစ်ခုမှ ထိန်ချန်မထားပဲ ပြောတတ်တဲ့ အကျင့်ကို နှစ်ယောက်လုံး လုပ်သင့်ပါတယ်။

(၂) မလိမ်ညာပါနဲ့။ ချစ်သူရည်းစားမှ မဟုတ်ပါဘူး လူတိုင်းဘယ်သူကမှ ကိုယ့်ကိုလိမ်ညာတာကို မကြိုက်ကြပါ ဘူး။ ကိုယ်တိုင်အလိမ်မခံချင်ရင် သူများကိုလည်းမလိမ်ပါနဲ့။ ဘယ်သွားမယ် ဘာလုပ်မယ်ကအစ အမှန်အတိုင်းပြောပြီး ယုံကြည်မှုနဲ့ နားလည်မှုကို ပြန်လည်တည်ဆောက်ပါ။

(၃) ရန်မဖြစ်ပါနဲ့။ အမှားလုပ်မိတဲ့အခါ ဝန်ခံပါတောင်းပန်ပါ။ ကိုယ့်အမှားကို စိတ်ရင်းနဲ့ တောင်းပန်ပြီး ခွင့်လွှတ်မှုကိုတောင်းခံပါ။ ကျူးလွန်မိတဲ့အမှားကို ဘယ်တော့မှ ထပ်မလုပ်မိအောင်နေထိုင်ပါ။

(၄) အချစ်ရေးမှာ ပြန်အဆင်ပြေချင်ပြီး နားလည်မှုတွေလိုချင်တဲ့အခါ တာဝန်ရှိတဲ့သူက နှစ်ဦးသားကိုယ်တိုင် ဖြစ်ပါတယ်။ နှစ်ဦးသားအချစ်ရေး ကိစ္စမှာမိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ ပါဝင်ပတ်သက်မှုကို လက်မခံသင့်ပါဘူး။ နှစ်ဦးသားကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့သာ အရာရာကို လုပ်ဆောင်ပါ။

(၅) ကိုယ့်ဘက်ကရိုးသားတယ်ဆိုရင် လက်တွဲဖော်အပေါ်မှာ အရာရာပွင့်လင်းမြင်သာမှုရှိပါစေ။ ကိုယ်သုံးတဲ့ ဖေ့ဘုတ်စတဲ့ ဆိုရှယ်မီဒီယာတွေကို သူဝင်ကြည့်တယ်ဆိုရင် ပေးပြပါ။ အရာရာတိုင်းအတွက် ရှင်းလင်းနေအောင် ကိုယ့်ဘက်ရော သူ့ဘက်ပါလုပ်ဆောင်ပါ။

(၆) ရုပ်ရှင်အတူကြည့်တာ၊ ပန်းခြံသွားတာ၊ မုန့်သွားစားတာ ဒီလိုအလေ့အထလေးတွေလည်း ချစ်သူနှစ်ဦးကြားမှာ ပုံမှန်ဖြစ်နေပါစေ။ ချစ်သူကြိုက်တတ်တဲ့ အရာလေးတွေကို တစ်ယောက်တလှည့် လုပ်ပေးတာက ပိုကောင်းတဲ့ ဆက်ဆံရေးကို ပြန်လည်ရရှိစေမှာပါ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by mgmg from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62