တန်ဖိုးမထားချင်နေပါလေးစားမှုတော့ရှိပါ

in #esteem6 years ago

image
တန်ဖိုးမထားချင်နေပါလေးစားမှုတော့ရှိပါ

  • မူလီတစ်ချောင်းဟာ လမ်းမပေါ်မှာ ကျနေရင်တော့ ဘာမှသုံးစားမရတဲ့ အမှိုက်ဖြစ်နေပေမယ့် ဒေါ်လာသန်းချီတန်တဲ့လေယာဉ်တစ်စီးအတွက်တော့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်။

  • ခန္ဓာကိုယ်ကိုရင်းပြီး
    မိန်းကလေးဆိုပြီး အထင်သေးတော့မလို့လား?

  • မဟုတ်သေးဘူးနော်... သူ့ကို လက်ဖျားနဲ့တောင် မထိရက်လောက်အောင် တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။

  • အတော်များများ မလုပ်ချင်တဲ့ စားပွဲထိုးအလုပ်ကို လုပ်နေရတဲ့ ကောင်လေးဆိုပြီး နိုင်ထက်စီးနင်းဆက်ဆံတော့မလို့လား?

  • မဟုတ်သေးဘူးနော်...သူ့အတွက် ဘေးမသီ ရန်မခဖို့ နေ့စဉ် ဘုရားမှာဆုတောင်းပေးနေတဲ့ အမေတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။

  • သူများတကာအိမ်မှာ အိမ်အကူလုပ်နေရတဲ့ အိမ်ဖော်မိန်းကလေးဆိုပြီး အနိုင်ကျင့်တော့မလို့လား?

  • မဟုတ်သေးဘူးနော်...သူပြန်ပို့တဲ့ လုပ်အားခနဲ့ ပညာသင်ပြီး တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ မောင်နှမတွေ သူ့မှာ ရှိနေနိုင်တယ်လေ။

  • လူတကာ အသက်အောင့်ပြီး ဖြတ်သွားလေ့ရှိတဲ့ အမှိုက်ပုံမှာ အမှိုက်သိမ်းနေတဲ့ ယောက်ျားဆိုပြီး မတူမတန်သလို ဆက်ဆံတော့မလို့လား?

  • မဟုတ်သေးဘူးနော်...သူ အလုပ်ကပြန်လာရင် ဝမ်းသာအားရ ပြေးဖက်ပြီး ခရီးဦးကြိုပြုမယ့် ဇနီးသည်တစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။
    image

  • သူဌေးတစ်ယောက်အတွက် မန်နေဂျာတွေ၊ ဘုတ်အဖွဲ့ဝင်တွေ၊ ရှယ်ယာရှင်တွေနဲ့ CEO တွေပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။

  • ကားမောင်းပေးမယ့် ဒါရိုင်ဘာတွေ၊ တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ၊ ဖိနပ်တိုက်ပေးမယ့် အလုပ်သမားတွေနဲ့ ချက်ပြုတ်ပေးမယ့် အိမ်အကူတွေလည်း သူဌေးတစ်ယောက်အတွက် မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

  • ကျွန်တော်တို့ အဖက်လုပ်ပြီးတောင် စကားမပြောချင်တဲ့ အောက်ခြေသိမ်း အလုပ်သမားတစ်ယောက်ဟာ သူ့မိသားစုမှာတော့ အားကိုးအားထားပြုရာ ကျေးဇူးရှင် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်တယ်လေ။

  • အကြမ်းဖက်သမားတစ်ဦးကို တရားသူကြီးက သေဒဏ်ပေးတဲ့အချိန်မှာ တစ်လောကလုံးက ကျေနပ်နေမှာဖြစ်ပေမယ့်၊ သူ့အတွက် ပူဆွေးကာ ကြေကွဲနေမယ့် သူ့ကိုတန်ဖိုးထားတဲ့ မိသားစုတော့ ရှိနေဦးမှာပါ။

  • စားပြီး နားမလည်လုပ်တာပဲဖြစ်ဖြစ်၊ တွဲလာတာကြာလို့ ရိုးအီလို့ပဲဖြစ်ဖြစ် ချစ်သူရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရပေမယ့်၊ ကိုယ့်အပေါ် တကယ်ချစ်မြတ်နိုးပြီး ထာဝရတန်ဖိုးထားမယ့် လက်တွဲဖော်ချစ်သူတစ်ယောက်ကို ထပ်မံ မျှော်လင့်နိုင်ပါသေးတယ်။ ဘာလို့ဆို တန်ဖိုးတစ်ခုအပေါ် ခံယူပုံခြင်း၊ မြင်တတ်ပုံခြင်း၊ နားလည်ပုံခြင်း၊ လေးစားတတ်ပုံခြင်း ကွာခြားကြလို့ပါ။

  • နာဂစ်နောက်ပိုင်းမှာ လယ်သမားတွေက မြွေတွေရဲ့တန်ဖိုးကို တမ်းတပါတယ်၊ နာဂစ်မှာ မြွေတွေ သေကုန်တော့ နာဂစ်နောက်ပိုင်း လယ်ယာတွေမှာ ကြွက်တွေ သောင်းကျန်းပါလေရော၊ အဲ့မှာ ကြွက်ကို စားမယ့် မြွေက မရှိပေါ့၊ အဲ့ကျမှ လယ်သမားတွေခင်ဗျာ သူတို့အသက်ကို ရန်ရှာလေ့ရှိတဲ့ မြွေတွေရဲ့တန်ဖိုးကို သိရပါတယ်။

  • သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ်၊ ချမ်းသာသာ၊ ဆင်းရဲရဲ၊ သေးသေး၊ ကြီးကြီး၊ ပညာတတ်တတ်၊ မတတ်တတ်၊ အထက်လွှာဖြစ်ဖြစ်၊ အောက်ခြေဖြစ်ဖြစ်၊ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ၊ သူတို့ကို အစဉ်အမြဲချစ်ခင် တန်ဖိုးထားသူဆိုတာ ရှိစမြဲပါ၊ အဲ့တော့ ဘယ်အရာကိုမဆို တန်ဖိုးမထားပေးနိုင်ရင်တောင် လေးစားပါ။
    Crd by @minpine

Sort:  

You just planted 0.14 tree(s)!


Thanks to @minpine

We have planted already 3476.35 trees
out of 1,000,000


Let's save and restore Abongphen Highland Forest
in Cameroonian village Kedjom-Keku!
Plant trees with @treeplanter and get paid for it!
My Steem Power = 19238.90
Thanks a lot!
@martin.mikes coordinator of @kedjom-keku
treeplantermessage_ok.png

အလွန်ကိုတန်ဖိုးရှိပါတယ်
ကိုယ့်ကိုယ်ကို အဲလိုတန်ဖိုးကိုနားလည်အောင်ဂရုစိုက်ပါ့မယ်

ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်

ဆရာရေးတဲ့နေဝင်ချိန် နဲ့ တင်ပြပုံချင်းအတူတူပါပဲဗျာ၊ ကိုယ်ချင်းစာတရား ဆိုတ့စကားတစ်လုံးမှမပါပေမယ့် အနှစ်ချုပ်တွေးတောလိုက်ရင် စာနာမှုရှိရင် လောကကြီး အေးချမ်းပါလိမ့်မယ် ဆိုတဲ့ ဆင့်ပွားအတွေးကို စာဖတ်သူရင်ထဲရောက်အောင်ပို့နိုင်တာသည် ရသပါပဲဗျာ။

ဟုတ်ကဲ့ခင်ဗျာ ကောင်းမွန်မှန်ကန်စွာနဲ့ စေတနာရှေ့ထားပြီး ပြောကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

Great post! You've earned a 31.85% upvote from @dolphinbot
Join the DolphinBot Team for Daily Payouts in Steem! Click here: http://bit.ly/dolphinbot

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 61372.29
ETH 2888.95
USDT 1.00
SBD 3.62