ဒီလိုလေးလဲ ရှိသေးတယ်ဟ

in #esteem5 years ago

all1.jpg

မကစားတာကြာလို့ ပြိုင်ပွဲပြီးမယ့်ရက်မှာ ကစားလိုက်တာလေးတွေကနေ ဒါလေးတွေ ရလာပါတော့တယ် မမြင် မတွေ့ရတာ အတော်ကြာပြီ ဖြစ်ပါလေသော လီဂန်းကဒ်လေးနဲ့ ရွှေကဒ်လေး တောင် အဆစ်ထည့်ပေးလိုက်ပါသေးသည်။ သူ့ထဲ မ၀င်တာကြာတော့ ပြန်ချော့နေသလားတောင် ထင်ရပါသည်။ ဟုတ်တော့လည်း ဟုတ်သည် အခုတလော သူ့ဂိမ်းကို ကစားသူ အလွန်နည်းသွားသည်ဟု သိရသည်။ နည်းမည်သာဖြစ်သည်။ သူက အရင်လို အပေးမကောင်းလေတော့ အပေးကောင်းသော နေရာလူတွေ စုကြမည်ဖြစ်သည်။
အခုလို အပေးမကောင်းချိန်မှာ ဒါလေးတွေ ရလိုက်တော့ ကျေနပ်ပါလေသည်။ ရောင်းစားရင်တော့ အနည်းငယ် အကျိုးများမည်ဖြစ်သည်။ စတင်းလေးတွေ စုပြီး အကောင် ထပ်ဝယ်ရမည်လား စဉ်းစားသည် လွယ်တော့မလွယ်လှ ဈေးက ကိုယ်ဝယ်ရင်ဈေးကြီးနေတက်ပြန်သေးတော့သည်။ ကိုယ်က ရောင်းမည်ဆိုလျှင် ဈေး က သူခိုးဈေးလောက်သာ ရသည်။
တစ်ရက်တစ်ခါ ယူရသော ကဒ်တွေတော့ မယူဖြစ်တော့ပါ အရင်တုန်းကလို ကစားလို့ သိပ်မကောင်းတာကြောင့်ဖြစ်သည်။
ပေးတာတွေက တန်ဖိုးနည်းပါးလွန်းသော ကဒ် အပေါစားများ ဖြစ်နေတက်သည်ကလည်း မကစားဖြစ်သောအကြောင်းရင်းဖြစ်လေသည်။
ဂိမ်းလည်းမကစားဖြစ်သလို စာလည်း မရေးဖြစ်ခဲ့ ဒီရက်ပိုင်းအလုပ်တွေ များနေခဲ့သည် အလုပ်ကလည်း မလုပ်လို့မဖြစ် နေ့စဉ် စားဝတ်နေရေးက ရှိသေးသည်။ စတီးမစ်က ပုံမှန် ၀င်ငွေတော့ ရသည်။ နည်းလွန်းနေသည်။ဒီထက် ပိုလာလျှင်တော့ ကောင်းလိမ့်မည်။
စတင်းဈေးကလည်း အတက်သို့ခဏပြပြီး အခုပြန်ဆင်းနေပြီ ဒီအတိုင်းဆို တစ်ဒေါ်လာ ရောက်ဖို့ နှစ်ပေါက်ဖို့ ရှိသည်။ အရင်တုန်းက လို ခြောက်ဒေါ်လာဝန်းကျင် ပြန်မရောက်နိုင်တော့တာ သေချာသလောက်ရှိပါသည်။
အပြောင်းအလဲ ကောင်းတစ်ခုလိုအပ်သည်။ ယခုထိ ထိုအခြေအနေကို မမြင်နိုင်သေး ဒီအတိုင်း လိမ်ဖယ်ဖယ် ဆက်သွားမည်ထင်သည်။

Photo Credit : https://steemmonsters.com/#
Author : @mm7

Sort:  

@mm7, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by mm7 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00