တိုက်ကြီးမြို့သို့ အလည်တစ်ခေါက်

in #esteem5 years ago

ဒီတစ်ခါ တိုက်ကြီးကို အလည်သွားတာမှာ ထူးခြားတဲ့ ပြောင်းလဲ မှုတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဆိုင်တွေလဲ အရမ်းများလာခဲ့ပါတယ်။ လမ်းဘေးဝဲယာ တစ်လျှောက်မှာ ဆိုင်တွေ ချည့်ပါပဲ။ အထူးခြားဆုံးက မြို့လည်ခေါင် ဈေးနားက ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်ကြီးပါပဲ။ ဓာတ်ပုံကတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ ဗိုလ်ချုပ် ကြေးရုပ်ကို ၂၀၁၈ ထဲက ဆောက်လုပ်ပြီးစီး ခဲ့တာ ဖြစ်ပါတယ်။ တိုက်ကြီးသား တစ်ယောက်အနေနဲ့ ဂုဏ်ယူစရာပါ။ ဗိုလ်ချုပ်ကြေးရုပ် ဆောက်လိုက်တဲ့ အတွက် လမ်းတော့ အနည်းငယ် ကျဉ်းသွားပါတယ်။

တိုက်ကြီးမှာက ပန်းခြံ မရှိပါဘူး။ ရုပ်ရှင်ရုံလဲ မရှိပါဘူး။ ပန်းခြံ မရှိတဲ့အတွက် မြို့လယ်ခေါင် ဘုရားလေးနားမှာ ဗိုလ်ချုပ်ကြေးရုပ်ကို တည်ဆောက်ထားတယ်လို့ ထင်ပါတယ်။ ပြည်မမှာကတော့ ဗိုလ်ချုပ် ကြေးရုပ်ကို ကန့်ကွက်သူ မရှိပါဘူး။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97