အချစ်အတွက် သက်သေ

in #esteem8 years ago

အဝေးပြေးလမ်းမတစ်ခုမှာ လူငယ်ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဆိုင်ကယ်ကို တစ်နာရီ မိုင် (၁၀၀) နှုန်းအရှိန်ပြင်းပြင်း မောင်းလာကြတယ်။
ကောင်မလေး ။ ။ ဆိုင်ကယ်မောင်းတာ အရှိန်လျော့ပါဦး ငါအရမ်းကြောက်နေပြီ…

ကောင်လေး ။ ။ ဟာအခုက ပိုပျော်စရာကောင်းတယ်…မလျော့ဘူး…
image
ကောင်မလေး ။ ။ ပျော်စရာမကောင်းဘူး ငါကြောက်တယ် အရှိန်လျော့ပါဦး။

ကောင်လေး ။ ။ ဒါဆိုငါ့ကို ချစ်တယ်လို့ပြော…

ကောင်မလေး ။ ။ အိုကေ..အိုကေ ငါပြောမယ်…နင့်ကို အရမ်းချစ်တယ်ဟုတ်ပြီ လား အရှိန်လျော့တော့…

ကောင်လေး ။ ။ ငါ့ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်ကြီးဖယ်ပေးစမ်းပါဦးဟာ ငါ့ခေါင်းမှာ ဆောင်း ထားရတာ သိပ်အဆင်မပြေလို့ နင်ပဲဆောင်းထားလိုက်တော့..

နောက်တစ်နေ့ သတင်းထဲမှာ ပါလာတဲ့အကြောင်းအရာကတော့ ….

“ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးဟာ ဘရိတ်ပေါက်ပြီးလမ်းဘေးပလက်ဖောင်း နဲ့ အရှိန်ပြင်းစွာ တိုက်မိခဲ့ပါတယ်။ ဆိုင်ကယ်ပေါ်မှာပါလာတဲ့ လူနှစ်ယောက်မှာ တစ်ယောက်သေဆုံး သွားခဲ့ပါတယ်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

တကယ်တော့ ကောင်လေးက ဆိုင်ကယ် ဘရိတ်မမိတော့တာ သိသွားတဲ့အခါ
သူချစ်ရတဲ့ ကောင်မလေး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်သွားခဲ့ပါတယ်။ ဒါကြောင့်ကောင်မလေး
အသက်ကို ကယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ပေးဆောင်းစေခဲ့တာပါ….
ကောင်လေးကတော့ သူရဲ့အချစ်တွေကို အသက်နဲ့လဲပြီး သက်သေပြပေးခဲ့ပါတယ်။။
@mrnaingsoe

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64001.77
ETH 1773.48
USDT 1.00
SBD 0.39