အလှူပွဲ​တောလား

in #esteem6 years ago

ဟေမန်​အကုန်​ image
image ဂိမှာန်​လရဲ့
နွေသို့အ​ရောက်​ လယ်​ယာသိမ်းရိတ်
စပါးကျီသိပ်​ အပြီးကာလ
တောင်​သူအားရက်​ မိုး​လေကင်းလွှတ်
ချိန်​​ကောင်းခါလ သမယ၌
ဘိုးဘွားမကျန်​ ​ဆွေမျိုးတစ်​သိုလ်
လိုက်​ထရပ်ကားနဲ့ ​ရွှေဘိုခရိုင်
ဝက်​လက်​အပိုင်​ ရွာမည်​​ခေါ်ဦး
တံတားဦးသို့ အလှူဖိတ်​ကြား
အ​ခေါ်ပါး၍ သွားကြ​လေ၏
ငွေ​တောင်​အ​ရောက်​ ​မောင်းတံဂိတ်​၌
လမ်းဖြတ်​သန်းခ ရှစ်​ရာကျကို
ပေး၍တဖန်​ ဆက်​ပြန်​ခရီး
ပျော်​​ပျော်​ကြီးပဲ သွားကြ​လေ၏
ချိန်​ခါမိနစ်​ နှစ်​ဆယ်​​ရွေ့မျှ
လက်​ပံလှ​ရောက်​ တံတားဖြတ်​​ကျော်
လမ်းဆုံ​ပေါ်မှ ဘယ်​သို့​မှေး​ကွေ့
စဉ့်​ကူးဆီမြန်း တစ်​ဆင့်​လှမ်း၏
လေးမိုင်​ခရီး သွား၍ပြီး​သော်
စဉ့်​ကူးမည်​ရ မြို့​ရွှေဝမှ
ကြိုဆိုပါ၏ ဆိုင်းဘုတ်​​တွေ့၏
ဆိုင်​ဘုတ်​အ​ကျော်​ လမ်း​ဘေး​တော်​၌
စား​သောက်​ဆိုင်​တွင်း ထမင်းစားရင်း
တီးဆွဲရင်းနဲ့ ခရီးနား၏
ဗို​က်​၀ပြီး​သော်​ ခရီး​ရှေ့ဆက်
မြစ်​ဧရာဖြတ်​ တည်​လျှက်​ရှိတည်
ရတနာသိင်္ဃ အမည်​ရတဲ့
မြစ်​ကူးတံတား မန်းတိုင်း၊စစ်​ကိုင်း
နှစ်​ပိုင်းခြားလျှက်​ စဉ့်​အိုး၊ပန်းအိုး
မီးဖုတ်​​မြေအိုး ထုတ်​လျှက်​ရှိတဲ့
ကျောက်​​မြောင်းဘက်​ကမ်း စစ်​ကိုင်းတိုင်းမှ
ကြိုဆိုပါ၏ နှုတ်​ခွန်းဆက်​၏
ထိုဘက်​ကမ်းမှ ​ရှေ့ဆက်​သွားပြန်
စစ်​ကိုင်းမြို့နှင့်​ ကချင်​တိုင်းရဲ့
အပိုင်းသနား မြစ်​ကြီးနားသို့
ဖောက်​လုပ်​ထားတည်​ ခရိုင်​ချင်းဆက်
လမ်းဆုံထက်​၀ယ်​ ဘယ့်​သို့ချိး​ကွေ့
တစ်​၀က်​နာရီ ကြာပြီး​လေ​သော်
ညချိးလမ်း​ကွေ့. ဆက်​၍​ရွေ့​သော်
ပျူတို့မြို့​ဟောင်း ​တောလမ်း​ကြောင်းသို့
ဆက်​ဆက်​သွားပြန်​ ခရီးဖန်​၏
အညာ​ဒေသ ရှုခင်းလှနဲ့
ဖုန်​တ​ထောင်းထောင်း ​ကျောက်​ဖြုန်းဖြုန်းလမ်း
ဝဲယာခြုံ​သော်​ ပဲစင်းငုံနဲ့
ဝက်​​ချေးမနှဲ မြက်​ပင်​ကဲ၏
ဆက်​၍လား​သော်​ ပျူတို့မြို့ရိုး
စည်းထိုးထား​သော အုတ်​ဘုတ်​တိုင်​နဲ့
ဟံလင်းမြို့​ဟောင်း ကြိုဆို​ကြောင်းကို
ဆိုင်းဘုတ်​ကစ ​ ​တွေ့မြင်​ရ၏
ရေပူ​ရေ​အေး စမ်း​ရေတွင်း​တွေ
ဝင်​ကြည့်​ရှု့၍ ထိ​တွေ့ပြုကာ
ဗဟုသုတ ဆည်းကြဖြည့်​ရင်း
ရွှေဂူကြီး​ခေါ် ဘုရား​တော်​အား
ဖူး​မျှော်​အားရ သပ္ပါယ်​လှ၏
ထိုမှတကား ​ရှေ့ဆက်​သွားသည်
မုဆိုးကြုံမည်​ ရွာကြီးလယ်​မှ
ဘိုတဲရွာထိပ်​ ၀က်​လက်​​ရွှေဘို
သွယ်​၍​ဖောက်​ထား မူး​ချောင်း​မအား
ရေနည်းနည်းနဲ့ ဆိုက်​ဆိုက်​​တွေ့၏
ထိုမူးတံတား ဖြတ်​ကူးဘယ်​သို့
ခရီးဆက်​​သော်​ ​ရွှေဘိုခရိုင်
ဝက်​လက်​ပိုင်​တဲ့ ထိုမူး​ဘေး၌
ဝဲယာလယ်​ကွင်း ရိုးဖြတ်​ခင်းနဲ့
တံတားဦးရွာ တည်​ထားမ​သွေ
မလွဲ​ပေပဲ အလှူပွဲသို့
ဆွေသိုလ်​မျိုးပါ ​ရောက်​ကြ​လေ၏
@mumushein
Photo from gallery

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69824.27
ETH 3761.57
USDT 1.00
SBD 3.81