စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

in #esteem6 years ago (edited)

သည်းခံခြင်းဆိုတာလူ​တော်​လူ​ကောင်း​တွေပဲလုပ်​နိုင်​တာပါ။လူတိုင်းမလုပ်​နိုင်​တဲ့အရာတစ်​ခုပါ....

သည်းခံခြင်းဟာ​အောင်​မြင်​ခြင်းပါပဲ....သည်းခံသူအတွက်​ဘယ်​​တော့မှမရှုံးပါဘူး....ရန်​ကိုရန်​ချင်းတုန့်​ပြန်​​နေမယ်​ဆိုရင်​....ဒီရန်​ပွဲ​တွေကဘယ်​​တော့မှအဆုံးသတ်​မှာမဟုတ်​ပါဘူး...နှစ်​ဦးနှစ်​ဖက်​မှာတစ်​ဖက်​ကသည်းခံပြီးအ​လျော့​ပေးလိုက်​ရင်​....ဒီ​လောကကြီးမှာပြသနာဆိုတာဖြစ်​လာစရာအ​ကြောင်းကိုမရှိပါဘူး....

ချိတ်​ ချိတ်​ချင်းမို့ချိတ်​မိတာပါ...တဖက်​ကချိတ်​တစ်​ဖက်​ကအ​ဖြောင့်​ဆိုရင်​ဘယ်​ချိတ်​ပါ့မလဲဗျာ...လူတိုင်းမှာ​ဒေါသစိတ်​ဆိုတာရှိတာချည်းပါပဲ...အဲ့စိတ်​ကိုထိန်​ချုပ်​နိုင်​တဲ့သူရယ်​မထိန်းချုပ်​နိုင်​တဲ့သူရယ်​ပဲကွာတာပါ....​ဒေါသစိတ်​ကိုထိန်းချုပ်​နိုင်​တဲ့သူကသည်းခံစိတ်​​မွေးနိုင်​ပြီး​အောင်​မြင်​မှုကိုရလိမ့်​မယ်​....​ဒေါသစိတ်​ကိုမထိန်းချုပ်​နိုင်​တဲ့သူက​တော့သည်းခံစိတ်​လဲမ​မွေးနိုင်​​တော့​ဒေါသစိတ်​ရဲ့အလိုအတိုင်း​တောက်​​လျှောက်​လိုက်​လုပ်​ပြီးမဖြစ်​သင့်​တဲ့အမှား​တွေမှားမိတတ်​တယ်​....​ဒေါသစိတ်​ဖြစ်​​ပေါ်​နေတဲ့ခဏတာ​လေးကိုမထိန်းချုပ်​နိုင်​လို့ဘဝမှာအချိန်​လွန်​​နောင်​တ​တွေနဲ့ဖြတ်​သန်း​နေရသူ​တွေလဲဒုနဲ့​ဒေးရှိပါတယ်​....

သည်းခံစိတ်​က​လေး​မွေးကြည့်​ပါ...လွယ်​​တော့မလွယ်​ဘူးခက်​ခဲ​ပေမယ့်​...အဲ့ခဏအချိန်​​လေးကို​ကျော်​လိုက်​တာနဲ့သင့်​စိတ်​ဟာထူးထူးခြားခြား​အေးချမ်းကြည်​လင်​လာတာကိုသတိထားမိပါလိမ့်​မယ်​...ကိုယ့်​ကို​ဒေါသဖြစ်​​စေတဲ့ကိစ္စတစ်​ခုလာ​ပြောတဲ့သူကိုသည်းခံ​ပေးရမယ်​ဆိုတာတယ်​မလွယ်​တဲ့ကိစ္စပါ....ဒါ​ပေမယ်​သင်​တစ်​ကြိမ်​​လောက်​စမ်းလုပ်​ကြည့်​လိုက်​ပါ...ထူးခြားမှုကို​တွေ့ရမှာဖြစ်​သလိုသင့်​ဘဝမှာအချိန်​လွန်​​နောင်​တ​တွေနဲ့လဲကင်း​ဝေးနိုင်​ပါလိမ့်​မယ်​....

သူတစ်​ပါးရဲ့ကျူးလွန်​မှုကိုလည်းသည်းခံနိုင်​သမျှသည်းခံကြည့်​ပါ...ဆတ်​ဆတ်​ထိမခံတတ်​တဲ့စိတ်​ဟာကိုယ့်​ကိုအကျိုးမဲ့​စေပါတယ်​....သည်းခံခွင့်​လွှတ်​သင့်​တာအရာကိုသည်းခံခွင့်​လွှတ်​နိုင်​မှသာမိမိအတွက်​အကျိုးရှိပါလိမ့်​မယ်​...ကိုယ့်​အ​ပေါ်သူတစ်​ပါးကကျူး​ကျော်​​စော်​ကားလာခဲ့ရင်​လူတိုင်းလိုလို​ဒေါသထွက်​ကြမှာပါပဲ....ဒီလိုအချိန်​မျိုးမှာသည်းခံခွင့်​လွှတ်​​ပေးနိုင်​ခဲ့ရင်​သင်​ဟာ​အောင်​မြင်​သူတစ်​​ယောက်​ပါပဲ...

ရန်​မလိုမှရန်​ပြိုတယ်​။စကားနည်းမှရန်​စဲတယ်​။သည်းခံပြီးမုန်းစကိုတို​စေမှသူ​တော်​​ကောင်းတရားနဲ့အညီ​နေထိုင်​ခြင်းဖြစ်​တယ်​....ကိုယ့်​ဖက်​ကသည်းခံလိုက်​တယ်​ဆိုရင်​ပဲတစ်​ဖက်​လူဟာအချိန်​ကာလအတိုင်းအတာတစ်​ခု​ရောက်​တဲ့အခါမှာဒီလူငါ့ကိုအ​လျော့​ပေးလိုက်​တာ​ပဲဆိုတာသူ့အလိုလိုသိလာတတ်​ပါတယ်​....တစ်​ဦး​မေတ္တာတစ်​ဦးက​စေတနာဆိုသလို​ပေါ့ဗျာ...ကိုယ်​ကသည်းခံစိတ်​​မွေးပြီး​မေတ္တာထားကြည့်​လိုက်​ပါ....မှန်​တစ်​ချပ်​လိုတူညီတဲ့တုန့်​ပြန်​မှုမျိုးသင့်​ဆီကိုမလွဲမ​သွေပြန်​လည်​​ရောက်​ရှိလာမှာပါ....

ထစ်​ခနဲဆို၊ဝုန်းခနဲ၊ဒိုင်းကနဲ​ဒေါသစိတ်​အ​လျောက်​မြန်​မြန်​ဆန်​ဆန်​ပြသနာကို​ဖြေရှင်းတတ်​ကြတယ်​...ထိုးကြ၊ကြိတ်​ကြ၊​အော်​ကြ၊ဟစ်​ကြ၊သတ်​ကြ၊ဖြတ်​ကြနဲ့အသတ်​​သေဆုံးတဲ့အထိဖြစ်​တတ်​ကြတယ်​....ခဏတာဖြစ်​တဲ့​ဒေါသစိတ်​ကိုသည်းခံစိတ်​နဲ့အနိုင်​မယူနိုင်​ကြလို့ဖြစ်​ရတာပါပဲ...ပြသနာ​ဖြေရှင်းရာမှာနည်းလမ်းအမျိုးမျိုးနဲ့​ဖြေရှင်းရပါမယ်​...သည်းမခံနိုင်​မှုဟာအ​သေးအမွှားကစပြီးအလွန်​ကြီးမားတဲ့ဒုက္ခကြီး​တွေအထိဖြစ်​ပွားနိုင်​ပါတယ်​....

ဒါ​ကြောင့်​ဘာပဲလုပ်​လုပ်​၊ဘာပဲ​ပြော​ပြော၊ဘယ်​​နေရာကိုပဲသွားသွားဘယ်​သူနဲ့ပဲ​တွေ့​တွေ့ကိုယ့်​ဖက်​ကယဉ်​​ကျေးသိမ်​​မွေ့မှုအပြည့်​ထားရမယ်​။သည်းခံစိတ်​ထားရမယ်​။ကိုယ်​ချင်းစာစိတ်​ထားရမယ်​။လူ​ဘောင်​​လောကရဲ့ကျင့်​ဝတ်​၊စည်းကမ်း၊ဝတ္တရား​တွေကိုနားလည်​သ​ဘော​ပေါက်​ထားရမယ်​။ဒီအချက်​​လေး​တွေသတိထားပြီး​နေထိုင်​​ပြောဆိုဆက်​ဆံလိုက်​မယ်​ဆိုရင်​သင်​ဟာ​နေရာတကာမှာ​အောင်​မြင်​လာပါလိမ့်​မယ်​....သည်းခ့်​စိတ်​မထားလို့က​တော့....​အောင်​မြင်​ဖို့မ​ပြောနဲ့...သင့်​ကို​ရှောင်​ကြဉ်​သွားမယ့်​လူ​တွေနဲ့ပဲ​တွေ့ရမှာပါ...

သည်းခံခြင်းနဲ့ပတ်​သတ်​လို့ပညာရှင်​များရဲ့အဆိုအမိန့်​​လေး​တွေလဲရှိ​နေပါတယ်​...
အစားမစားပဲ တရားကျင့်​နိုင်​သူတို့သည်​မြတ်​လှပါ၏။တစ်​ပါးသူတို့၏မရည်​မွန်​​သောစကားဆိုခြင်းကိုသည်းခံသူတို့မှထိုထက်​မြတ်​သည်​။

မိမိကတုန့်​ပြန်​နိုင်​သည်​ဖြစ်​​စေကာမူမိမိအားကဲ့ရဲ့ပြစ်​တင်​လာသူတို့အားသည်းခံရာ၏ထိုထက်​ထိုကိစ္စကို​မေ့​ပျောက်​ပြစ်​နိုင်​ပါမူအ​ကောင်းဆုံးဖြစ်​၏။

မြေကြီးသည်​မိမိအားတူးဆွ​သောသူတို့အားသည်းခံနိုင်​ခြင်းခွင့်​ပြုထား​သေး၏။ထို့​ကြောင့်​ကျွန်ုပ်​တို့သည်​လည်းကဲ့ရဲ့ပြစ်​တင်​လာ​သောသူတို့အားသည်းခံရာ၏။ယင်းသည်​ပထမတန်းဂုဏ်​အခြင်းအရာပင်​ဖြစ်​သည်​။

ဖတ်​မိသမျှပြန်​လည်​မျှ​ဝေပါသည်​......
Author.nainglinn
Photo credit image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nainglinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 3.76% upvote from @aksdwi thanks to: @nainglinn.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65229.52
ETH 2946.17
USDT 1.00
SBD 3.67