Mobile glasses Queen

in #esteem6 years ago

ယူနန်​ပြည်​နယ်​ရဲ့ ​တောရွာ​လေးတစ်​ရွာက​နေ အလယ်​တန်းအဆင့်​​မှာ ကျောင်းစရိတ်​မတတ်​နိုင်​လို့ ​ကျောင်းထွက်​ မြို့တက်​ပြီး မှန်​စက်​ရုံမှာ အလုပ်​လုပ်​ခဲ့ရတဲ့ ​တောသူမ​လေးတစ်​​ယောက်​ ...။သူမနာမည်​က ဂျိုကွမ်​ဖီးတဲ့...။

စက်​ရုံလုပ်​သားအ​ဖေဖြစ်​သူက စက်​ရုံမှာ မ​တော်​တဆမှုတစ်​ခုနဲ့ မျက်​လုံး​တွေမွဲပြီး လက်​​ချောင်း​လေး​တွေပြတ်​ခဲ့ရတယ်​။ သား​တွေသမီး​တွေရဲ့စားဝတ်​​နေ​ရေးအတွက်​​တောင်​ အနိုင်​နိုင်​ရုန်းကန်​​နေရတဲ့ဖခင်​က ဂျို တို့ကို​ကျောင်းမထားနိုင်​​တော့ဘူး။ အိမ်​စရိတ်​အတွက်​အလုပ်​လုပ်​ဖို့ ဂျိုက မြို့တက်​အလုပ်​ရှာတဲ့အခါ နာရီမှန်​​လေး​တွေကို တိုက်​​ပေးရတဲ့ ​အောက်​ဆုံးအဆင့်​စက်​ရုံအလုပ်​သမ​လေး အဖြစ်​ အလုပ်​ရပါတယ်​။ တစ်ရက်​​အလုပ်​ချိန်​ဟာ ရှစ်​နာရီမက အလုပ်​လုပ်​ကြမှ တစ်​ရက်​ ကန်ေ​ငွတစ်​​ဒေါ်လာပဲရပါတယ်​။

ဂျိုတကယ်​ဖြစ်​ချင်​တာက ဖက်​ရှင်​ဒီဇိုင်​နာပါ။ဖြစ်​​နေတာက​တော့ တစ်​​နေကုန်​ တစ်​ခါတစ်​​လေ ညည့်​နက်​တဲ့အထိ အလုပ်​လုပ်​မှ တစ်​​ဒေါ်လာသာရတဲ့ အလုပ်​။ ဂျိုက အဲ့ဒီအလုပ်​ကို စိတ်​မဝင်​စားခဲ့ဘူး..။ ဒါ​ကြောင့်​ သုံးလအကြာမှာ အလုပ်​ထွက်​ဖို့ ကြိုးစားတယ်​။
စက်​ရုံမှူးက သူတို့စက်​ရုံကိုနည်းပညာသစ်​​တွေနဲ့​ပြောင်းလဲ လုပ်​​တော့မှာ ဖြစ်​လို့အလုပ်​မထွက်​ဖို့ ​ပြောပြီး ဂျိုကိုလည်း တခြားဌာနကို မန်​​နေဂျာရာထူးတိုးပြီး ​နေရာ​ပြောင်း​​ပေးလိုက်​တယ်​။

ဂျိုအလုပ်​လုပ်​တဲ့စက်​ရုံဟာ စက်​ရုံကြီးဖြစ်​လို့လာပါပြီ။ဂျိုရဲ့လုပ်​သက်​ကလည်း သုံးနှစ်​​တောင်​ရှိလာပြီကိုး။ ဂျိုကိုလည်း ညွှန်​ကြား​ရေးမှူးရာထူး​ပေးမယ်​လို့ စက်​ရုံကကမ်းလှမ်းလာချိန်​မှာ ဂျိုက​တော့ မိုက်​ရူးရဲဆန်​စွာလို့​ပြောရမလား. ညွှန်​မှူးမလုပ်​ပဲ အလုပ်​ထွက်​လိုက်​ပါ​တော့တယ်​။ညွှန်​မှူးရာထူးကိုလက်​မခံရခြင်းအ​ကြောင်းအရင်းက ဂျိုက သူ့ဘာသာစက်​ရုံထူ​ထောင်​ဖို့တဲ့ ။အြ့ဒီအချိန်​သူမအသက်​က ၂၂ နှစ်​တဲ့ ။ သိပ်​များရယ်​စရာ​ကောင်း​နေမလား​တော့မသိဘူး​ပေါ့..။
ဒါ​ပေမဲ့ ဂျိုက သိပ်​ရဲရင့်​တယ်​လို့ ဆိုရမယ်​။ သူမ တကယ်​ကိုလုပ်​ခဲ့တာဖြစ်​တယ်​။ သူမလက်​ထဲမှာ စု​ဆောင်း​ငွေ ကန်​​ဒေါ်လာ ၃၀၀၀ နဲ့ ဂျိုအရင်​လုပ်​ခဲ့တဲ့စက်​ရုံ​ဘေးနားမှာပဲ စက်​ရုံလုပ်​ဖို့ သာမန်​အိမ်​တစ်​လုံးဝယ်​ပြီး စက်​အ​ဟောင်း​တွေ ပစ္စည်းအ​ဟောင်း​တွေကို ဝယ်​ပြီး တပ်​ဆင်​လိုက်​တယ်​။တောရွာက ဂျိုရဲ့အမျိုး​တွေ အချို့ကို​ခေါ်ပြီးစက်​ရုံမှာ လုပ်​သားအဖြစ်​ခန့်​တယ်​။

ဂျိုဟာ မှန်​နည်းပညာစာအုပ်​​တွေကို​နေ့မနားညမနားဖတ်​တယ်​ ။မှန်​ပုံစံဒီဇိုင်း​တွေ ဆွဲတယ်​။ အ​သေးအဖွဲ​လေး​တွေကအစ လုပ်​ငန်းစီမံခန့်​ခွဲမှု​တွေကို ​သေချာ​လေ့လာတယ်​။ စက်​ပျက်​ရင်​​တောင်​ ကိုယ်​တိုင်​ဝင်​ပြင်​တဲ့အထိ ဂျိုဟာ သိပ်​ကိုကြိုးစားခဲ့တယ်​။
ဂျိုရဲ့ကြိုးစားမှုရလဒ်​က သိပ်​မကြာခင်​မှာပဲ သူမစက်​ရုံက​နေ မှန်​အခုံး​တွေ မှန်​အခွက်​​တွေပါ ထုတ်​လုပ်​လာနိုင်​တာပါပဲ။
၂၀၀၃ခုနှစ်​မှာ​တော့ သူမရဲ့ ကြိုးစားမှု​တွေ​ကြောင့်​ ကံမျက်​နှာ​ပေးတဲ့အခွင့်​အ​ရေးတစ်​ခုအဖြစ်​ ဖုန်း​ခေါ်ဆိုမှုတစ်​ခုကို သူမ လက်​ခံရရှိခဲ့ပါတယ်​။ အ​မေရိကန်​နိုင်​ငံက Motorola တယ်​လီဖုန်းကုမ္ပဏီရဲ့အမှု​ဆောင်​အရာရှိဆီက ဖုန်းပါ။ အစင်း​တွေ ခြစ်​ရာ​တွေ မထင်​နိုင်​ဘဲနဲ့ အထဲက ရုပ်​ပုံ​တွေ စာသား​တွေကို ထွင်း​ဖောက်​မြင်​နိုင်​တဲ့မှန်​အကြည်​မျိုး လုပ်​​ပေးနိုင်​မလားတဲ့ ။သူတို့Motorolaဖုန်းရဲ့ ​နောက်​ဆုံးထွက်​ Razr V3မှာတပ်​ဆင်​ဖို့ပါတဲ့.။အဆိုးဆုံးက စဉ်းစားချိန် မရှိ ချက်​ချင်း​​ဆုံးဖြတ်​​ပေးပါတဲ့..။ လုပ်​မယ်​ဆို လိုအပ်​တဲ့ပစ္စည်း​တွေပို့​ပေးပြီး နည်းပညာကိုပါ​ပေးမယ်​တဲ့ ။ ဘာ​ကြောင့်​တရုတ်​ပြည်​က သူမကိုမှ လုပ်​ခိုင်းရသလဲဆို​တော့ အလုပ်​သမားခ သိပ်​ကို​ဈေးသက်​သာလို့ပါတဲ့..။
ဂျိုလက်​ခံလိုက်​ပါတယ်​..။

ကဲ ..ဂျိုရဲ့ လတ်​တ​လောဆုံးဖြတ်​ချက်​ကမှန်​ကန်​ပါ့မလား..။ အလုပ်​အပ်​တာကို အထက်​စီးက​နေ အပ်​သွားတဲ့ ဖုန်းကုမ္ပဏီအတွက်​ သူမတစ်ခါမှ မလုပ်​ဖူးတဲ့ဖုန်းမှန်​​တွေကို လုပ်​​ပေးရ​တော့မယ်​။
ဂျိုဟာ တကယ်​ပဲ Motorola Razr V3အတွက်​ Screen​တွေကို ထုတ်​​ပေးနိုင်​ခဲ့ပါတယ်​။အဲ့ဒီ​နောက်​မှာ​တော့ ဂျိုရဲ့ ကံ​တွေက ​ကောင်းပြီးရင်း​ကောင်းလာပါ​တော့တယ်​.။Motorola​နောက်​ပိုင်းမှာ HTCတို့ Samsungတို့ Nokiaတို့လို့ ဖုန်းကုမ္ပဏီကြီး​တွေက ဖုန်းစခရင်​မှန်​​တွေကို ​အော်​ဒါမှာလာကြတာပဲဖြစ်​ပါတယ်​..။

၂၀၀၇မှာ​တော့ တစ်​ကမ္ဘာလုံးက လူသားအ​တော်​များများက သိပ်​ကြိုက်​ကြတဲ့ ပန်းသီးတစ်​ခြမ်းပဲ့ရဲ့ ရာဇဝင်​ထဲမှာ ဂျိုလည်း လှလှပပ ကကြိုးဆင်​ခွင့်​ရလို​တယ်လို့ ဆိုရမှာပဲ ဖြစ်​ပါတယ်​..။ ဘာ​ကြောင့်​လဲဆို​တော့ I phoneရဲ့ စခရင်​​တွေကို ဂျိုရဲ့ကုမ္ပဏီက ထုတ်​​ပေးခွင့်​ရလိုက်​လို့ပါ..။ အိုင်ဖုန်းနဲ့ လက်​တွဲလိုက်​တာဟာ ​​​​ငွေ​ကြေးအမြတ်​အစွန်း တစ်​ခုထဲမကဘဲ ပါးလွှာလွန်းတဲ့ အဆင့်​မြင့်​ မှန်​ထုတ်​လုပ်​နည်းပညာကိုပါ ရလိုက်​တာက ဂျိုရဲ့ ကုမ္ပဏီအတွက်​ ကြီးမားတဲ့ အမြတ်​အစွန်းတစ်​ခု ဖြစ်​ခဲ့ပါတယ်​..။
အိမ်​စုတ်​စုတ်​က​လေးက​နေ ဂျိုရဲ့​ဆွေမျိုး​လေး​တွေက​နေ စတင်​ခဲ့တဲ့ Lens Technology ကုမ္ပဏီ​ပေါက်​စ​လေးဟာ အခုဆို ​နေရာအနှံ့အပြားမှာ စက်​ရုံကြီး​တွေအဖြစ်​​နေရာယူ​နေကြပါပြီ ..ဝန်​ထမ်းအင်​အားကလည်း ၇၅၀၀၀ ​ရှိ​နေပါပြီ..။နေ့စဉ်​ ၂၄ နာရီ စက်​ရုံကိုလည်​ပတ်​ပြီး ကမ္ဘာအရပ်​ရပ်​က အီလက်​ထ​ရောနစ်​ ကုမ္ပဏီများစွာဆီကို မှန်​ပြား​လေး​တွေ တစ်​ရက်​ တစ်​ရက်​ တန်​နဲ့ချီ တင်​ပို့​နေရပါပြီ..။

ဟိုတုန်းက ​တောသူမ​လေး ဂျိုကွမ်​ဖီးဆိုတဲ့ က​လေးမ​လေးဟာ အခုဆို ပိုင်​ဆိုင်​မှု ကန်​​ဒေါ်လာ ၇.၆ ဘီလီယံနဲ့ တရုတ်​နိုင်​ငံမှာ အချမ်းသာဆုံး မိန်းမတစ်​​ယောက်​ဖြစ်​​နေပါပြီ..။ တရုတ်​ပြည်​မှာ​တော့ သူမကို " Queen of mobile Glass " မိုဘိုင်းမှန်​ဘုရင်​မ လို့​ခေါ်ဆိုကြပါတယ်​ တဲ့..။

ရိုးသားကြိုးစားခဲ့လို့ ​အောင်​မြင်​ခဲ့တဲ့ အမျိုးသမီးတစ်​​ယောက်​ရဲ့ ဘဝက သိပ်​​ကျေနပ်​အားရဖို့​ကောင်းခဲ့တာမို့ ကျွန်​​တော်​လည်း မိုဘိုင်းမှန်​ဘုရင်​မ ဂျိုကွမ်​ဖီး အ​ကြောင်းကို ပြန်​လည်​ မျှ​ဝေ​ပေးလိုက်​တာ ဖြစ်​ပါတယ်​ ခင်​​ဗျား..။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66256.11
ETH 3036.39
USDT 1.00
SBD 3.73