သဘာဝဟာ သဘာဝပါ

in #esteem6 years ago

နှလုံးသားလေးလည်း ဖျားလိုတုန်နေပြီ
ဖြေဖို့ဆေးမရှိ
ရိုးသားမိတဲ့အမှားကြောင့် အရာရာကိုငါလက်လှမ်းမမှီ
လက်တွေ့ဘဝနဲ့ဝေးတဲ့အိပ်မက်ကြီးကို
တွယ်ဖက်ရင်းနဲ့
လူတွေကိုငါမုန်းတီး
အမှောင်မှာပျော်မွေ့တတ်ပြီ
image
#လင်းနစ်
#ရိုးသားမိတဲ့အမှားကိုယ်ကလေ ငယ်ငယ်ကတည်းက
လူကြီးတွေက အပျိုကြီးလုပ်မလား စရင်
တန်းငြင်းတာ။
လုပ်ဖူး.... လင်ယူမှာ ဆိုတာချည်းပဲ။
တကယ်လည်း ယူတာပဲ။

အချို့သော အပျိုကြီးတွေပြောနေသလို ဘဝမှာရပ်တည်ဖို့ ယောက်ျားတစ်ယောက်မလိုဘူး ဘာညာလိုမျိုး
ဘဝမှာ တစ်ယောက်တည်း မရပ်တည်နိုင်လို့ ယောက်ျားယူတာလည်း မဟုတ်လှဘူး။
အချို့သော အပျိုကြီးနှိပ်ကွပ်ရေးသမားတွေ ပြောသလိုမျိုး လူ့လောကကို တာဝန်မကျေတဲ့ အပိုပစ္စည်း ဘာညာ ဖြစ်မှာစိုးလို့လည်း လင်ယူတာလည်း မဟုတ်ဘူး။

မနေ့က ဖေ့စ်ဘုတ်ပွတ်ရင်း ကောမန့်တစ်ခုဖတ်လိုက်ရတယ်။ LGBTနှစ်ယောက်ရဲ့ ပိုစ့်မှာ မန့်ထားတာ။
LGBTတွေက လူ့လောကကို သစ္စာဖောက်တာဆိုပဲ။
လောကမှာ မျိုးဆက်ပွားရမယ့်ကိစ္စကို ကမောက်ကမဖြစ်အောင်လုပ်တာတဲ့။
အောက်ကတစ်ယောက်က Reply တယ်။
ဒါဆို လူပျိုကြီး အပျိုကြီးတွေကရော ဆိုတော့ အ imageတူတူပဲတဲ့။ လူ့ပတ်ဝန်းကျင်ကို တာဝန်မကျေတာဆိုပဲ။
အယ့်လယ်.... ကြမ်းထှာ

တစ်ခါတရံ အချို့သောလူတွေရဲ့ တွေးခေါ်ပုံကို ကိုယ်လည်း လိုက်မမှီတာအမှန်။
လူ့ဘဝရလာတာနဲ့ မျိုးဆက်ပွားကို ပွားရမယ်
ဒါအရေးကြီးဆုံးလို့ ဘယ့်နှယ် ခံယူနေရတာတုန်း။
သူတို့ဘာသာ သူတို့ပိုင်ပစ္စည်းနဲ့ ယူချင်မှ ယူမှာပေါ့။
မွေးချင်မှ မွေးမှာပေါ့။
ဘယ့်နှယ် ဝင်စီမံခန့်ခွဲနေရတာတုန်း။

လင်ယူသားမွေးလုပ်နေကြသူတွေထဲမှာရော
ဘယ်သူကများ လောကကြီးကို ပေးဆပ်ချင်လို့
တာဝန်ကျေချင်လို့ဆိုပြီး မယူချင်ဘဲယူ မမွေးချင်ဘဲမွေးနေကြတာကျနေ။
ကလေးမွေးပေးတာနဲ့ပဲ လောကကြီးအတွက် ပေးဆပ်အဖိုးတန်သွားတာကျနေ။
အံ့သြပ

အဲ့လိုများဆို ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တဲ့
လင်သုံးယောက်ယူ ကလေးကိုးယောက်မွေးထားတဲ့
မထွေးလှကိုပဲ စင်ပေါ်တင် ဦးညွှတ်ရတော့မလားပဲ။
လင်ယူပြီး ကလေးမမွေးရသေးတဲ့ ကိုယ်ကပဲ
လောကအကျိုး မသယ်ပိုးနိုင်သေးရှာတဲ့ လူပိုမကြီးလိုလို။
image
စကားစပ်မိရင်း ပြောရဦးမယ်... လူမှုအဖွဲ့အစည်းရဲ့ အစာမကြေစရာကောင်းလှစွာသော သောက်တလွဲအချို့။ "အမြုံမ"တဲ့။
ကလေးမမွေးနိုင်တဲ့ မိန်းမတွေကို အမြုံမလို့ ခေါ်ကြတယ်။ ရှေးတုန်းကဆို ကြမ်းတပြေးတည်းတောင် မထိုင်ရဘူးတဲ့။ နှိမ်တာလေ။

လွန်ခဲ့တဲ့ရက်က ကိုယ့်တောင်လာပြီး စွတ်စွဲသွားသေးတယ်။ ကလေးမွေးစားတယ်ဆိုတော့ ကလေးမမွေးနိုင်ဘဲ မြုံနေလို့ ဖြစ်မှာပေါ့တဲ့။
ဪ... လို့ပဲ ရေရွတ်မိတော့တယ်။
မြုံနေလား ပွင့်နေလား သိချင်ရင် ...
ငါပြောလိုက်ရ မကောင်းပါဘူးလေဆိုပြီး ထွက်လုဆဲဆဲစကားကြမ်းကြမ်းတွေ ပြန်မျိုချထားလိုက်ရတယ်။

ကိုယ့်အမြင်ကတော့ ရှင်းရှင်းပဲ။
လူတစ်ယောက်ရဲ့ ကိုယ့်ရဲ့တစ်ကိုယ်ရည်ပိုင်ဆိုင်တဲ့ ခန္ဓာ၊ တစ်ကိုယ်ရည်ပိုင်ဆိုင်တဲ့ ဘဝကို
ကိုယ့်ဘာသာ စီမံဆုံးဖြတ်ခွင့်ရှိတယ်။
လောကအတွက် ဘာညာသာရကာတွေ လာရောင်းမနေနဲ့။ အလကား။ ကလေးယူတဲ့ ဘယ်သူကမှလည်း
လောကကြီးအတွက် ပေးဆပ်ချင်လို့ဆိုပြီး ယူတာမဟုတ်ဘူး။ စောင်ပိုတွေ။
ကိုယ့်ဘာသာ မရလို့ပဲ မယူ မယူ
မလိုချင်လို့ပဲ မယူမယူ ဘယ်သူ့အပူမှ မပါသလို
ဘယ်သူကမှ မေးငေါ့နှိမ်ချခွင့်မရှိဘူး။

LGBT တွေ အပျိုကြီး လူပျိုကြီးတွေအနေနဲ့လည်း
သူတို့ကိုယ်ပိုင်ပစ္စည်းနဲ့ သူတို့ဘာသာ
ဘာတာ မဘာတာ၊ ယူတာ မယူတာ သူတို့ကိစ္စ။
ကြားထဲက ဝင်ဖင်နာပြီး စီမံခန့်ခွဲချင်နေရအောင်
ယူတို့က အောက်ပါပစ္စည်း စီမံခန့်ခွဲရေးကော်မတီကလား။

ကိုယ့်အခွင့်အရေး ကိုယ်မသိတဲ့လူတွေဟာ
သူတပါးအခွင့်အရေးကိုလည်း နားမလည်တော့ဘူး။
လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးလေးတွေကိုတောင်မှ နားမလည်တော့ဘူး။
ဒါနဲ့များတောင် ကြီးကြီးကျယ်ကျယ် လောကအတွက် ဘာညာသာရကာတွေ လာရောင်းနေသေးတယ်။
ပေါတောတောနဲ့။

ပါလာတာမှန်သမျှ သုံးကို သုံးရမယ်ထင်ရင်လေ
ဗိုက်ထဲက သုံးစားမရတဲ့ အူအတက်လေး ဖြတ်ပြီး
ဖျင်ထဲသာ ထိုးထည့်ထားလိုက်.. ဟုတ်ပြီလား
😝တိုက်ခိုက်တာ စော်ကားမော်ကားပြောတာတွေက
အေးဆေးဖြစ်နေပါပြီ။
တော်ရုံလောက်က ပန်းနဲ့ပေါက်သလိုတောင်မမှတ်ဘူး။
ခပ်တည်တည်ပဲ။

အရင်ကတော့ "လုပ်စားတယ်"ဆိုတဲ့စကား ကြားရင်
သိပ်စိတ်ဆိုးတာ။
ကိုယ့်မလည်း ကိုယ့်ဉာဏပစ္စည်းလေး ထုတ်ရောင်းတာကအစ လုပ်စားတယ်လို့ နာမည်တပ်ခံရတာလား။
ခံယူချက်လည်း ရောင်းမစား
ဘယ်သူခိုးမှလည်း လော်ဘီမလုပ်
ကိုယ့်ခံယူချက်လည်း တစ်ပြားဖိုးမှထိခိုက်မခံဘဲ
လွတ်လွတ်ကင်းကင်းလေး productကြော်ငြာလည်း လုပ်စားတာပဲ။
ကိုယ့်ဘာသာ အမေစုနဲ့ဆုံခွင့်ရလည်း
မသိဘူး.... လုပ်စားတယ်ပဲ။
ကိုယ့်ဘာသာ ကလေးမွေးစားလည်း လုပ်စားတယ်ပဲ။
ကိုယ့်ဘာသာ ခရီးသွားလည်း လုပ်စားတယ်ပဲ။

မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်ဖြစ်တော့ သူကပြောတယ်။
"ဒီလို.... မိပန်ရဲ့
ကျွန်တော်ကတော့ အဲ့ဒီ့"လုပ်စားတယ်"ဆိုတဲ့ စကားကို
သိပ်သဘောကျတယ်။
လူဆိုတာ အလုပ်လုပ်မှ စားရတာ။
မလုပ်ဘဲစားချင်တာ အချောင်သမားတွေ။
ဒေါ်ပန့်အလုပ်ကို ဒေါ်ပန်တစိုက်မတ်မတ်လုပ်တယ်
အဲ့အလုပ်ကရတဲ့ အသီးအပွင့်ကို ဒေါ်ပန်စားတယ်။
အဲ့ဒါ ဘယ်လောက်လှတဲ့ ရပ်တည်မှုလဲ" တဲ့။

ကိုယ့်ခေါင်းထဲ လင်းသွားတယ်။
ဟုတ်တယ်... ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရုံ သက်သက်အပြင် သူများစိုက်ခင်းကို ကိုယ့်လက်နဲ့ ဝင်ရွယ်မိတာလေးတောင် ကိုယ့်ဘဝမှာ မရှိခဲ့ဖူးဘူး။
ကိုယ်က ဘာလို့ လိပ်ပြာမသန့်ရမှာလဲ။
ဖြတ်သန်းခဲ့သမျှ ဘဝတောက်လျှောက် နောက်ပြန်လှည့် ဆန်းစစ်တယ်။
ဘယ်သူ့ကိုမှ ကျော်တာ ခွတာ ပါးပါးလှီးတာမျိုး
သူတပါးမျက်ရည်တွေ သူတပါးချွေးစတွေ
ကိုယ့်ထမင်းလုပ်ထဲ မပါခဲ့ဖူးဘူး။
ကိုယ်က ဘာကို တုန်လှုပ်ရမလဲ။

ကိုယ့်ကို "လုပ်စားတယ်"လို့ တွင်တွင်ပြောခဲ့ ပြောနေတဲ့ကောင်တွေ ကြည့်ပြန်တော့လည်း
လုပ်စားဖို့တောင် အရည်အချင်းမရှိလို့
သာမန်လူချင်း ဖင်မ ကုန်းဆင်း ကတ်တီးမူးလဲလုပ်
မိန်းမထဘီနားခိုစား တူတူရေဝါးနေရတဲ့ဟာတွေ။
လုပ်စားဖို့တောင် သုံးစားမရလို့ တောင်းစားနေရတဲ့ဟာတွေ။

ကြီးကောင်ကြီးမား အိုကြီးအိုမနဲ့
အသက်၂၇နှစ်အရွယ် မိန်းမတစ်ယောက်ကို
ယှဉ်မရလို့ အုပ်စုဖွဲ့ ချောင်ပိတ်ရိုက်ချင်နေတဲ့
ဘုရားစူး ယောက်ျားကြီးတွေ။

နားစမ်းပါ
ကိုယ်တွေက လုပ်သင့်တာကို လုပ်နိုင်ချိန်မှာ
လုပ်နိုင်တာထက်ပိုပြီး လုပ်ခဲ့ပြီးပြီ။
လိုအပ်လာရင်လည်း လုပ်ဖို့ အဆင်သင့်။
ရှင်ပြုတုန်းက ရွှေထီးဆောင်းတာတွေ မပြောဘူး။
နားငြီးတယ်။
မလိုအပ်ချိန်မှာ မလိုအပ်သလို ရူးတူးတူးပေါတောတောနေတယ် ...
အဲ့ဒါ ရှင်တို့ဖင် ငုတ်နဲ့ထိုးနေလို့လား။

ကီးဘုတ်ကလေး တဖျောက်ဖျောက်ရိုက်ရုံလေးချင်းအတူတူ တော်လှန်ရေးကာလကြီးက ငါကဘယ်လို
ငါက ဟီးရိုးလေ ဆိုတာမျိုးကြီး ပြန်ပြန်ရေးပြပြီး
ဂုဏ်ဆာပြနေရတာ နည်းနည်းလေးတောင် မရှက်တတ်ကြဘူးလားဟင်။
ဖုန်းစခရင်လေး ထိရင်းထိရင်း ချောက်ထဲကျလုဆဲဆဲ နိုင်ငံတော်ကြီးကို ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အထာကြီးတွေနဲ့။

ဆရာကြီးတော့ ဆရာကြီးပဲ
ရွံစရာကြီးတွေ .... ငိ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65935.31
ETH 3015.23
USDT 1.00
SBD 3.75