တရားနာခြင်း

in #esteem6 years ago (edited)

image
တရားနာ ဆိုလို့ တရားနာရတယ်​။ စိတ်​ကမပါ...အိပ်​ချင်​လိုက်​တာ ဆိုတာ​လေ မ​ပြောပါနဲ့​တော့။အ​မေ့သား​လေးက လိမ်​မာပါတယ်​ဆိုလို့သာ လိမ်​မာပြရတာ ဝါသနာက တရားနာလည်း မဟုတ်​နဲ့။ ​ဆော်​ကြည့်​ ဘီယာ​သောက်​ ရီ​ဝေယစ်​မူး ကိုယ့်​ဘာသာ ​ပျော်​​နေရတာ​လေးကိုပဲ ကျွန်​​တော်​က စည်းစိမ်​။ ဘုန်းကြီး​တွေတရား​ဟောတာက အဲ့လို​တွေ မဟုတ်​ ။ ကျွန်​​တော်​​တော့ အ​တော်​ကို ဒုက္ခ​ရောက်​ခဲ့​တော့တာပဲ။ဘယ်​ဟာ​တွေ ဖြစ်​လို့ ဘယ်​ဟာ​တွေ ပျက်​​နေလည်း မသိ ဘယ်​ဟာ​တွေရုပ်​လို့ ဘယ်​ဟာ​တွေ နာမ်​မှန်းလည်း နားမလည်​။ စိတ်​ကူးထဲမှာ​တော့ မဒီ​လေး​တွေနဲ့ ဝဲလို့ လည်​လို့..။
အေးရာ​အေး​ကြောင်း တရားနာစမ်းတဲ့ ကျွန်​​တော်​က အဲကွန်းခန်းထဲမှာ ဘီယာ​အေး​အေး​လေးနဲ့ နတ်​ပြည်​တက်​​နေချင်​သူ။
အဲ့ဒီက​နေ စလွှဲ​တော့တာပဲ။
လူဖြစ်​လာရင်​ ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​လို့ ဘုန်းကြီးက​ဟောပြတာပဲ။ ကျွန်​​တော်​က​တော့ ဘယ်​အ​ပျော်​ကိုမှ ကြိုက်​တယ်​။ပျက်​တာ​နောက်​မှ ခု​လော​လောဆယ်​ ​ပျော်​​နေရတာနဲ့တင်​ ​ကျေနပ်​​နေပြီ..ဘယ်​သူဘာ​ပြော​ပြော နိ​ဗ္ဗာန်​ကိုလည်း နားမလည်​​သေးဘူး။ ဘာဝနာကိုလည်း မသိတတ်​​သေးဘူး..
ကျွန်​​တော်​သိတာ ကျွန်​​တော်​လုပ်​ရရင်​ လုပ်​ချင်​ရာ လုပ်​​နေရတာကိုပဲ ဘဝက ​ပျော်​စရာ​ကောင်းလို့မှ..။
ငိုက်​ရင်း မြည်းရင်း တရားတစ်​ပုဒ်​ဆုံးသွားပြီးလို့ အိမ်​ပြန်​​ရောက်​လိုက်​တာနဲ့ တစ်​ရက်​နှစ်​​ရက်​​တော့ အလကား​နေ လိမ်​မာပြရ​သေးတယ်​။ လွယ်​​တော့မလွယ်​ဘူး ​ခေတ်​​တော့ဆန်​ရတာ​ပေါ့...
လိမ်​မာပြီးရင်​ မုန့်​ဖိုး​တွေ ရ ရ ​နေတတ်​တာကိုး။ကျွန်​​တော်​က တရားမနာပဲနဲ့ကို အဲ့လို​တော်​တာပါဆို..
ယုံချင်​ယုံ မယုံချင်​​နေကြ​ပေါ့။ကိုယ်​တတ်​တာ ကိုယ်​အသုံးချရပဲကိုး။အဲ့လို​လေး​တွေနဲ့ပဲ သာယာတာ သာယာတာ ဘဝက သာယာ​နေတာ...
ဘုရားသွား​ကျောင်းတက်​ကို ပုဆိုး​လေးနဲ့ အင်္ကျီဖြူ​လေးနဲ့ သွားရင်​ကို လူအထင်​ကြီးလို့။ မြို့​တော်​​တွေဆီမှာ ​လေဒီ​လေး​တွေနဲ့ ကိုယ့်​ဘာသာ ဘီယာ​လေးနဲ့ အမြည်း​လေးနဲ့ ကျ​တော့ ကိုယ့်​ပတ်​ဝန်းကျင်​နဲ့ ​ဝေးရာကို ရှာ​နေရပြန်​​ရော..ကိုယ့်​ပတ်​ဝန်းကျင်​မှာ ကိုယ်​လိမ်​မာတာ သူတို့သိကြပါ​စေ​လေ။
အမှန်​က ​အေးချမ်း​နေတဲ့ကိုယ့်​ပတ်​ဝတ်​ကျင်​ကို မဖျက်​ဆီးချင်​လို့ပါ။ ကိုယ်​​တွေက စိတ်​​ကောင်းရှိသူ​လေ။ ယုံချင်​ယုံ မယုံချင်​​နေ။
ဘုရားသွား​ကျောင်းတက်​​တော့ ဘုန်းကြီးနဲ့ မကင်းနိုင်​တာ​တော့ အမှန်​ပဲ​ဗျ။ဟိုဟာ​လေး သွား​ပေးပါ ဒီဟာ​လေး လုပ်​​ပေးပါ ဆို​တော့လည်း ​အေး​လေ ကင်းချင်တိုင်း ကင်းလို့မှ မရတာ ဝတ်​​ကျေတန်း​ကျေထဲမှာ ​စေတနာ​လေး နည်းနည်းပါ ထည့်​လို့ လုပ်​​ပေးလိုက်​တာ​ပေါ့။ ဆိုးဘူး​ဗျ အဲ့လိုဆို​တော့လည်း မျက်​နှာလည်းရတယ်​ တစ်​ခါတစ်​​လေ မုန့်​ဖိုးလည်း ရတယ်​။ကုသိုလ်​လည်း ရချင်​ရအုံးမှာ​ဗျ။
ဒါ​ပေမဲ့ အဲ့မုန့်​ဖိုး​လေး ဘီယာခွက်​ထဲ ဝင်​သွားတာ ​တော့ ရင်​နာစရာရယ်​..။
ကျွန်​​တော်​က ​ငွေနဲ့မတည့်​လို့ သူများဆိုင်​ကို သွား​ပေးထားတာပါ။ကျွန်​​တော့်​လက်​ထဲမှာ ထားရင်​ ကုန်​သွားမှာစိုးလို့ လို့ပဲ ဆိုပါ​တော့။ငွေကုန်​သွား​တော့ အိမ်​မှာ လိမ်​မာပြလိုက်​ ပြီး​တော့ အ​ညောင်း​လေးခံပြီး တရား​လေးနာပြနဲ့ အင်း....ဆိုးပါဘူး.ကျွန်​​တော်​က ​တော်​သားပဲ..
ဒါ​ပေမဲ့ သံ​ပေါက်​​တွေ လင်္ကာ​တွေ ဆရာ​တော်​​တွေ ချ​ပေးချိန်​ ကျွန်​​တော်​ကစိတ်​ကူး​လေး​တွေထဲ အိမ်​မက်​​လေး​တွေထ..ဲအဟဲ...ဟဲ
အဲ့ဒီလို တရားနာ အဲ့ဒီလို စိတ်​ကူး
ဘုန်းကြီး​တွေသာ သိသွားရင်​ ကျွန်​​တော့်​အတွက်​ ငရဲပြည်​မှာ ကြိုတင်​လက်​မှတ်​ ယူချင်​ယူထား​နေမှာ....
ဘယ်​လိုဖြစ်​ဖြစ်​ ကျွန်​​တော်​က​တော့ တရားထဲ စိတ်​ပါဖို့ ​တောထွက်​မှပဲ ရ​တော့မယ်​ ထင်​တယ်​ ​ဗျို့

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56