[ " သူလိုလူ ဤဇမ္ဗူမှာ ရှား " ]

in #esteem6 years ago

image
Credit;Photo

[ 1 ]

ဆင်ခြေဖုံး ရပ်ကွက်တစ်ခု၌ ဖြစ်၏

လူအများ ရုတ်ရုတ်သဲသဲနှင့် ပြာယာခတ်ကာ နီးရာရေပုံးများ ပြေးဆွဲရင် မီးလောင်နေသော အိမ်အား ဝိုင်းဝန်း၍ ပက်ဖြန်းပေးနေကြ၏ မီးသတ်ကားကလည်း ရောက်မလာသေး၍ အားလုံး ဗျာများနေကြ၏

ထိုစဉ် လူငယ်လေး တစ်ယောက်က ခပ်လှမ်းလှမ်းမှ အပြေးအလွှားနှင့် ဒရောသောပါး လာနေပါသော လူအား လက်ညိုးထိုးရင်း

" ဟာ ဟိုမှာ ကိုဝေဠုကျော်ကြီး ရောက်ချလာပြီ "

[ 2 ]

ထိုနေ့က အားလပ်သည်နှင့် TV ဖွင့်ကြည့်မိ၏

Show ပွဲတစ်ခုတွင်ဖြစ်ပြီး ရုပ်ရှင်လောကမှ မင်းသား မင်းသမီးများ အဆိုတော်များ အများငေးလောက်အောင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ခြယ်သ ပြင်ဆင်ကြရင်း မိမိတို့၏ အလှများအား ထုတ်ဖော် ဝင့်ကြားလျက်ရှိသည်ကို တွေ့ လိုက်ရ၏

ထို့နောက် စိတ်မပါတော့သည်နှင့် အခြား ရုပ်သံလိုင်းတစ်ခုကို ပြောင်းကြည့်လိုက်၏

မိဘမဲ့ ဂေဟာ ၌ ဖြစ်ပြီး ကလေးသူငယ်များအား အစားအဝတ် များမှအစ လူသုံးကုန်ပစ္စည်းများစွာကို ပေးကမ်းဝေငှနေသော စေတနာရှင် အလှူ့ဒကာ တစ်ဦးအား တွေ့ လိုက်ရ၏

ပီတိ ဖြာဝေနေသော အပြုံးများနှင့် သူ၏ မျက်မှန်ကို ဆွဲချွတ်လိုက်သောအခါ ကျွန်တော် ၏ နှုတ်ခမ်းမှ လွှတ်ခနဲ ရေရွတ်လိုက်မိ၏

" ကို ဝေ ဠု ကျော် "

[ 3 ]

သူငယ်ချင်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း Facebook သုံးကြ၏

နာမည်ကျော် မင်းသမီးတစ်ယောက် Live လွှင့်နေပြီး ပြည်သူလူထု က comment များရေး၍ အပြိုင်အဆိုင် အားပေးနေကြသည်ကို တွေ့ ရ၏

မကြာပါ
ဘေးမှာ ထိုင်၍ Facebook သုံးနေသော ကျွန်တော့် သူငယ်ချင်းကလည်း post တစ်ခု အား လာပြ၏

မိုးလေဝသ သတင်းဖြစ်၍ မုန်တိုင်း ဝင်ထားသော ကမ်းရိုးတန်း ဒေသများသို့ အများပြည်သူများ ပူးပေါင်း၍ လူအားဖြင့် ဖြစ်စေ ငွေအားဖြင့် ဖြစ်စေ ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်ကို တွေ့ရ၏

ထို့နောက်

" ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများ လှူဒါန်းလိုက်တဲ့ နာမည်ကျော် သရုပ်ဆောင် တစ်ဦး " ခေါင်းစဉ်နှင့် သတင်းထူးတစ်ပုဒ် တက်လာပြန်၏

လည်ပင်ထိ မြှုပ်နေသော ရေလယ်ခေါင်၌ ခွေးတစ်ကောင်ကို ပုခုံးထက်မှာထမ်းတင်၍ ဦးခေါင်းမော့လျက် ပုံတစ်ပုံအား တွေ့လိုက်ရ၏

သြော် လူမပြောနဲ့ ခွေးတစ်ကောင်ရဲ့ အသက်ကိုတောင် သူ တော်တော် တန်ဖိုးထားရှားပါလားဟု တွေးမိစဉ်တစ်ခဏ သူငယ်ချင်းဖြစ်သူမှ အဆိုပါ ပုံအား ထောက်ပြရင်း အားတက်သရော ဆိုလိုက်၏

" အဲ့ဒါ ကို ဝေဠုကျော် ကြီး ကွ "

[ 4 ]

အဘက်ဘက်က ယိုယွင်းနေတဲ့ ဒီနိုင်ငံကြီးမှာ ဘယ်သူ့ ကိုမှ အပြစ်အမြင် ပါဘဲ

တက်အားသမျှ ကိုယ်တိုင်ကိုယ်ကျ စွမ်းစွမ်းတမံ အသက်စွန့် အနစ်နာခံ ဝံ့တဲ့

တိုင်းပြည်ရဲ့သမ္မတမဟုတ်ပါဘဲ , ကယ်ဆယ်ရေးမဟုတ်ပါဘဲ , ကျိကျိတက် သူဋ္ဌေးကြီးလည်း မဟုတ်ပါဘဲ

ပြည်သူတွေကို ညီကိုရင်းတစ်မျှ မောင်နှစ်မ သားချင်းပမာ အသက်ပေးချစ်ဝံ့တဲ့

လေးစားစရာ ဂုဏ်ယူစရာ အတုယူစရာ ကြည်ညိုစရာ

ရုပ်ရှင် မင်းသား တစ်ယောက် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ အသက်ရှင်တည်ရှိနေသေးတယ်

ဒါနဲ့ စကားမစပ် မနေ့က ဖတ်လိုက်ရတဲ့ သတင်းစာမှာ

" ကျူးကျော် နယ်မြေများအတွင်း အနေအစား ဆင်းရဲတဲ့ ရပ်ကွက်ထဲကို ဝေဠုကျော် သွားရောက်ပြီး ပြည်သူလူထုနဲ့အတူ ပွေ့ဖက် နမ်းရှုံ့လက်ဆွဲနှုတ်ဆက်ရင်း အဝတ်အစား များ ပေးကမ်းလှူဒါန်းခဲ့ကြောင်း "

ဆိုတဲ့ သတင်းတစ်ပုဒ် ခေါင်းစီးပိုင်းက ပါလာခဲ့တယ်

#ဆန်းလင်းအောင်

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61672.72
ETH 2996.85
USDT 1.00
SBD 3.78