"ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး"

in #esteem6 years ago

image

"ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး"

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့
မနက်ဆို good morning
ညဆို good night လို့နှုတ်ဆက်ခဲ့ကြတယ်

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့
နားထောင်ကောင်းတဲ့သီချင်းလေးတွေဆို
တစ်ယောက်နဲ့တစ်ယောက်အပြန်
အလှန်ပို့ခဲ့ကြတယ်

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်
ညဆယ်နှစ်နာရီတိတိမှာ
H@ppy Birthd@yလို့တစ်ပါးသူထက်
ဦးအောင်ပြောဖို့ ကြိုစောင့်ခဲ့တယ်။
Facebook ကတက်လာမှပြောတတ်
တာမဟုတ်ဘူး။

image

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်
နင်မျက်မှန်နဲ့ပိုလှလား၊မျက်ကပ်မှန်နဲ့
ပိုလှလားဆိုတဲ့နင့်အမေးကို
အချိန်မဆိုင်းဘဲနှစ်ခုလုံးနဲ့လှတယ်လို့
ငါဖြေခဲ့တယ်။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်
နင်ငါကိုကိစ္စရှိလို့ရှာရင်တစ်ခြားအလုပ်
တွေကိုဘေးဖယ်ပေးပြီး
လိုလိုလားလားလုပ်ပေးခဲ့တယ်။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်
ငါကနင်အမှတ်တမဲ့ပြောခဲ့ဖူးတဲ့စကား
တိုင်းကို မှတ်မှတ်ရရမှတ်ထားတတ်တယ်။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါပေမယ့်
နင့်အကြောင်းတွေးမိတဲ့အချိန်တိုင်း
ငါ့နှုတ်ခမ်းထောင့်စွန်းက အလိုလိုပြုံး
မိသွားတတ်လေရဲ့။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါကြောင့်
ဘယ်သူ့ဘယ်သူကြောင့်သဝန်တိုတာတွေ
မနာလိုတာတွေ ဖြစ်စရာမလိုဘူး။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါကြောင့်
ငါတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို
အချင်းချင်းမစွက်ဖက်ဘူး။

ငါတို့ကချစ်သူတွေမဟုတ်ခဲ့ပါဘူး။ဒါကြောင့်
ငါတို့ရဲ့Friendship ကစူးစူးရှရှမရှိပေမယ့်
ပေါ့ပေါ့ပါးပါးနဲ့ ခုချိန်ထိအောင်တည်မြဲ
နေခဲ့တယ်။

"Touch my heart"

photob; facebook

image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66991.04
ETH 3101.80
USDT 1.00
SBD 3.74