မေရယ် အထင်တော့မလွဲပါနက်

in #esteem6 years ago

တိုက်ခိုက်တာ စော်ကားမော်ကားပြောတာတွေက
အေးဆေးဖြစ်နေပါပြီ။
တော်ရုံလောက်က ပန်းနဲ့ပေါက်သလိုတောင်မမှတ်ဘူး။ image
ခပ်တည်တည်ပဲ။ကျနော့်ပရိတ်သပ်များကိုပြောမယ်နော် ကျနော့်မိသားစုကအရမ်းချမ်းသာပါတယ် လယ်အေကနှစ်ရာကျော်ပိုင်ပါတယ် ဒီတစ်သပ် ထိုင်းစားလို့မကုံပါဘူး အသိုင်းဝိုင်းလည်းမနိန့်ကျပါဘူး ပညာတပ်မျိုးရိုးတွေပါ ဒါဂျောင့်

ကျနော့်ကိုဆဲကြသူတွေ အားရအောင်ဆဲကြပါ
ကျနော်အားလုံးကို 66ဂကြီး နဲ့ တယားဆွဲစိုတော့ဖို့
ကျနော့်ရှေ့နေတွေ ကျနော့် မန်နင်ဂျာတွေကို စီစင်ခိုင်းထားပါပြီ အားလုံးကိုထောင်ချမှာပါ

ပြီးတော့ ပညာတပ်မျိုးရိုးကနေ
ကျနော်အခု အနုပညာမျိုးရိုးဖြစ်သွားအောင်
ကိုယ်လမ်းကိုဖောက်တော့မှာပါ ကျနော် နောက်လအနည်းငယ်ကြာရင် ထိုင်း စင်္ကာပူ မလေးရှားမှာ
သသွားရောက်ဖျော်ဖြေးဖို့စီစဉ်ထားပါတယ်
သူတို့မဖိတ်လည်း ကျနော့်ဇရိတ်နဲ့ကျနော်သွားမှာပါ
အဲ့ဒါပြီး အော်စတီးလျား ကိုဆက်သွားမှာ ပြီးရင်
မြန်မားလူးမ်ျုးတွေ အများကြီးနေတဲ့ ဂျ ပုန်နိုင်ငံနဲ့
ကိုယီးရားနိုင်ငံတွေကိုပါ သွားရောက်ဖျော်ဖြေမှာပါ

ကျနော်အခုလည်းရှိုးပွဲစိုဖို့ရှိပါတယ်
ကျနော့်ရွာမှာ ပရိတ်သပ်မည်သူမဆို တစ်ယောက်ငါးထောင်နဲ့ ရှိုးပွဲလာကြည့်လို့ရပါတယ် ရှိုးပွဲလာကြည့်သူမှန်သမျှ တစ်ယောင်ငါးထောင်ပေးမှာပါ ကျနေ့်ာမိဘတွေ
စီစင်တာပါ ထမင်းပါကျွေးမှာဖြစ်လို့ လာစေချိန်ပါတယ်

ကျနော် ဘန်တစ်ခုလည်းထောင်တော့မှာပါ
ကိုယ်ပိင်ု ဘန်နဲ့စိုမှာ အသံက ကွမ်ပျူ တာနဲ့ ပြင်သွားမှာပါ ချစ်ပရိတ်သတ်ကြီးကျေးဇူးပါ အားလုံးရဲ့ကျေးဇူးဂျောင့်
ကျနော့်ခုလိုအောင်မျင်ကျော်ကြားခဲ့ရတာပါ မမေ့ပါ

အရင်ကတော့ "လုပ်စားတယ်"ဆိုတဲ့စကား ကြားရင်
သိပ်စိတ်ဆိုးတာ။
ကိုယ့်မလည်း ကိုယ့်ဉာဏပစ္စည်းလေး ထုတ်ရောင်းတာကအစ လုပ်စားတယ်လို့ နာမည်တပ်ခံရတာလား။
ခံယူချက်လည်း ရောင်းမစား
ဘယ်သူခိုးမှလည်း လော်ဘီမလုပ်
ကိုယ့်ခံယူချက်လည်း တစ်ပြားဖိုးမှထိခိုက်မခံဘဲ
လွတ်လွတ်ကင်းကင်းလေး productကြော်ငြာလည်း လုပ်စားတာပဲ။
ကိုယ့်ဘာသာ အမေစုနဲ့ဆုံခွင့်ရလည်း
မသိဘူး.... လုပ်စားတယ်ပဲ။
ကိုယ့်ဘာသာ ကလေးမွေးစားလည်း လုပ်စားတယ်ပဲ။
ကိုယ့်ဘာသာ ခရီးသွားလည်း လုပ်စားတယ်ပဲ။

မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်ဖြစ်တော့ သူကပြောတယ်။
"ဒီလို.... မိပန်ရဲ့
ကျွန်တော်ကတော့ အဲ့ဒီ့"လုပ်စားတယ်"ဆိုတဲ့ စကားကို
သိပ်သဘောကျတယ်။
လူဆိုတာ အလုပ်လုပ်မှ စားရတာ။
မလုပ်ဘဲစားချင်တာ အချောင်သမားတွေ။
ဒေါ်ပန့်အလုပ်ကို ဒေါ်ပန်တစိုက်မတ်မတ်လုပ်တယ်
အဲ့အလုပ်ကရတဲ့ အသီးအပွင့်ကို ဒေါ်ပန်စားတယ်။
အဲ့ဒါ ဘယ်လောက်လှတဲ့ ရပ်တည်မှုလဲ" တဲ့။

ကိုယ့်ခေါင်းထဲ လင်းသွားတယ်။
ဟုတ်တယ်... ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရုံ သက်သက်အပြင် သူများစိုက်ခင်းကို ကိုယ့်လက်နဲ့ ဝင်ရွယ်မိတာလေးတောင် ကိုယ့်ဘဝမှာ မရှိခဲ့ဖူးဘူး။
ကိုယ်က ဘာလို့ လိပ်ပြာမသန့်ရမှာလဲ။
ဖြတ်သန်းခဲ့သမျှ ဘဝတောက်လျှောက် နောက်ပြန်လှည့် ဆန်းစစ်တယ်။
ဘယ်သူ့ကိုမှ ကျော်တာ ခွတာ ပါးပါးလှီးတာမျိုး
သူတပါးမျက်ရည်တွေ သူတပါးချွေးစတွေ
ကိုယ့်ထမင်းလုပ်ထဲ မပါခဲ့ဖူးဘူး။
ကိုယ်က ဘာကို တုန်လှုပ်ရမလဲ။

ကိုယ့်ကို "လုပ်စားတယ်"လို့ တွင်တွင်ပြောခဲ့ ပြောနေတဲ့ကောင်တွေ ကြည့်ပြန်တော့လည်း
လုပ်စားဖို့တောင် အရည်အချင်းမရှိလို့
သာမန်လူချင်း ဖင်မ ကုန်းဆင်း ကတ်တီးမူးလဲလုပ်
မိန်းမထဘီနားခိုစား တူတူရေဝါးနေရတဲ့ဟာတွေ။
လုပ်စားဖို့တောင် သုံးစားမရလို့ တောင်းစားနေရတဲ့ဟာတွေ။

ကြီးကောင်ကြီးမား အိုကြီးအိုမနဲ့
အသက်၂၇နှစ်အရွယ် မိန်းမတစ်ယောက်ကို
ယှဉ်မရလို့ အုပ်စုဖွဲ့ ချောင်ပိတ်ရိုက်ချင်နေတဲ့
ဘုရားစူး ယောက်ျားကြီးတွေ။

နားစမ်းပါ
ကိုယ်တွေက လုပ်သင့်တာကို လုပ်နိုင်ချိန်မှာ
လုပ်နိုင်တာထက်ပိုပြီး လုပ်ခဲ့ပြီးပြီ။
လိုအပ်လာရင်လည်း လုပ်ဖို့ အဆင်သင့်။
နားငြီးတယ်။
မလိုအပ်ချိန်မှာ မလိုအပ်သလို ရူးတူးတူးပေါတောတောနေတယ် ...
အဲ့ဒါ ရှင်တို့ဖင် ငုတ်နဲ့ထိုးနေလို့လား။

ကီးဘုတ်ကလေး တဖျောက်ဖျောက်ရိုက်ရုံလေးချင်းအတူတူ တော်လှန်ရေးကာလကြီးက ငါကဘယ်လို
ငါက ဟီးရိုးလေ ဆိုတာမျိုးကြီး ပြန်ပြန်ရေးပြပြီး
ဂုဏ်ဆာပြနေရတာ နည်းနည်းလေးတောင် မရှက်တတ်ကြဘူးလားဟင်။
ဖုန်းစခရင်လေး ထိရင်းထိရင်း ချောက်ထဲကျလုဆဲဆဲ နိုင်ငံတော်ကြီးကို ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အထာကြီးတွေနဲ့။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 61769.55
ETH 2910.04
USDT 1.00
SBD 3.64