Facebook

in #esteem6 years ago (edited)

image

ခုတစ်လော "Facebook ရဲ့ CEO ကပြောပါတယ် ကိုယ့်ရဲ့ Post မှာဖြစ်ဖြစ် Comment မှာဖြစ်ဖြစ် ВFF ဆိုတာ ရိုက်ကြည့်လိုက် ... BFF ဆိုပြီး အစိမ်းရောင်လေးပေါ်သွားရင် ကိုယ့် Facebook Account က လုံခြုံမှုရှိနေတယ် ... ВFF ဆိုပြီးပဲပုံမှန်စာလုံးကြီးနဲ့ ဖြစ်နေရင်တော့ Account ကို တစ်ယောက်ယောက်က Hacked လုပ်ထားတယ်" ဆိုတာ မှန်ကန်တဲ့သတင်းမဟုတ်ပါဘူး ...။ အစိမ်းရောင်လေး ဖြစ်၏ မဖြစ်၏ဟာ Facebook Security နဲ့ လုံးဝ သက်ဆိုင်မှုမရှိပါဘူး ... ဒီတော့ အရောင်လေးနဲ့ မပေါ် .. ပေါ်ပေါ် .. ပေါ်ပေါ်ပေါ် No Problem ပါ ...။

အဲဒါနဲ့ တစ်လက်စာတည်း ပြောပြချင်တာကတော့ အဲဒီ ВFF တို့ဘာတို့ဆိုတာက Facebook ရဲ့ Text Delight Animations TDA လေးတွေကို ဆွဲခေါ်လိုက်တဲ့ Hidden Command လေးတွေပါ ...။ Facebook user တိုင်း အပျော်တမ်းသုံးဖို့အတွက် ရည်ရွယ်ပါတယ် ...။ BFF အပြင် တစ်ခြားသော TDA လေးတွေလည်း ရှိပါသေးတယ် ...။ အောက်မှာကြည့်ပါ ... အရောင်စာလုံးလေးတွေပေါ်မှာ တစ်ခုခြင်း နှိပ်ကြည့်လိုက်ပါ ...။

ကဲ ...
နံပါတ် (၁) ကတော့ မြန်မာကျော် BFF ပေါ့ ... BFFS ဆိုပြီးတော့လည်း သုံးလို့ရပါတယ် ...။ အဓိပ္ပါယ်ကတော့ Best Friends Forever ပေါ့ ... ကျွန်တော်က မြန်မာပြန်ညံ့ပါတယ် ... ဒါပေမယ့် စိတ်ကူးလေးနဲ့ ဘာသာပြန်ကြည့်ရင်တော့ အမြဲတန်းအတွက် အချစ်ဆုံး သူငယ်ချင်းတွေ ဆိုပါတော့ဗျာ ...။ သူ့ကို နှိပ်ကြည့်လိုက်တဲ့အခါမှာ ပေါ်လာမယ့် TDA ကတော့ ရောင်စုံလက်ဖဝါးလေးနှစ်ဖက်က Screen အောက်ခြေကနေ တက်လာပြီး Hi-5 လုပ်ပြပါလိမ့်မယ် ...။

နံပါတ် (၂) အားလုံး သိပြီးသား လိမ္မော်ရောင်လေးနဲ့ Congratulations ပါ ... Congrats လည်း အတိုကောက်သုံးလို့ရပါတယ် ...။ ကျွန်တော်တို့ အသုံးအများဆုံးပါ ... ဂုဏ်ပြုပါတယ် ဂုဏ်ယူပါတယ်ပေါ့လေ ...။ သူ့ကို နှိပ်လိုက်တဲ့အခါမှာတော့ Screen အောက်ခြေကနေ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ် ...။ မြန်မာစာ (Unicode Only) အပါအဝင် တစ်ခြား ဘာသာစကားတွေနဲ့လည်း ဒီ TDA ကို ခေါ်လို့ရပါတယ် ...။ >> ဂုဏ်ယူပါတယ် 恭喜 축하해 おめでとうございます ขอแสดงความยินดี စသည်ဖြင့် အများကြီးရှိပါတယ် ...။

နံပါတ် (၃) Best wishes ... ဆုမွန်ကောင်းတောင်းလိုက်ပါသည်ပေါ့ ... သူ့ရဲ့ TDA လေးကလည်း Screen အောက်ခြေကနေ လက်လေးနှစ်ဖက်ထွက်လာပြီး လက်နှစ်ဖက်ကြားကနေ ကြယ်လေးတွေ ပျံတက်သွားတာတွေ့ရပါမယ် ... ဆုမွန်ကောင်းတွေ တောင်းဆုချွေလိုက်တဲ့ ပုံလေးပေါ့ဗျာ ...။ တစ်ခြားဘာသာတွေနဲ့ဆိုရင်လည်း おめでとう စသည်ဖြင့် ရှိပါတယ် ...။

နံပါတ် (၄) နနွင်းရောင်လေးနဲ့ You’re the best ဆိုတာလေးပါ ...။ မင်းအတော်ဆုံးပါပေါ့ ...။ သူ့ကိုနှိပ်လိုက်ရင်တော့ Screen ရဲ့ အပေါ် ၊ ဘေး ဘယ်ညာကနေ ကြယ်အပိုင်းအစလေးတွေ ဝင်လာပြီး အလည်မှာ ကြယ်ပျံပုံလေး ပေါ်လာမှာပါ ...။

နံပါတ် (၅) XOXO ... သုံးဖူးကြမှာပါ ...။ XO လို့ပဲ သုံးရင်လည်း ရပါတယ် ...။ Hugs and Kisses ရဲ့ အဓိပ္ပါယ်ပါ ... ဖက်ထားမယ် ... နမ်းလိုက်မယ်ပေါ့ ...။ သူ့ကိုနှိပ်လိုက်ရင် Screen ရဲ့ ဘေးတစ်ဖက်တစ်ချက်ကနေ အနီရောင် အသဲလေးတွေ ပြေးထွက်လာပါလိမ့်မယ် ...။ တစ်ခြားဘာသာတွေနဲ့လည်း
ချစ်ခြင်းများစွာ 么么哒 꽁냥꽁냥 จุ๊บจุ๊บ စသည်ဖြင့် အများကြီးရှိပါတယ် ...။

နံပါတ် (၆) Rad ... သူကတော့ Facebook ပေါ်က အသုံးအများဆုံး လက္မလေး ထောင်ပြတာကို ဒုံးပျံပစ်လွှတ်လိုက်သလို မိုက်မိုက်လေးနဲ့ ပြပေးမှာပါ ...။ Radness လို့ သုံးရင်လည်း ရပါတယ် ...။ အရင်ကတော့ ဒီတစ်ခုက ရပေမယ့် အခုမရတော့ပါဘူး ...။ ဘာကြောင့်မှန်းတော့ မသိပါဘူး ...။

နံပါတ် (၇) You've got this ... မင်းဒါကိုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ပေါ့ ...။ သူ့ရဲ့ TDA ကတော့ လက္မထောင်ထားတဲ့ပုံလေး Screen အောက်ခြေကနေ ခုန်ပြီးပြေးသွားတဲ့ပုံလေးပါ ...။ You got this ဆိုပြီး ရေးရင်လည်း ရပါတယ် ...။

ကဲ ... BFF မှမဟုတ်ဖူးနော် ... အများကြီးရှိပါတယ် ... စမ်းချင်ရင် Comment မှာ စမ်းကြည့်လိုက်ရအောင် ...။

မှတ်ချက် - အပေါ်ကစာပိုဒ်မှာရေးထားတဲ့ TDA code တွေဟာ တစ်ချို့ ဖုန်းတွေမှာ အရောင်တွေနဲ့ မပေါ်တတ်ပါဘူး ... ဒါကြောင့် 1st Comment မှာ ကြည့်ရှုပြီး Click လုပ်နိုင်ပါတယ် ...။ Computer အသုံးပြုသူတွေဆိုရင်တော့ အေးဆေးပါ ...။ Comment တောင်ရေးပြီး စမ်းစရာမလိုပါဘူး ... ဒီ Post ပေါ်မှာ စာလုံးလေးတွေ ရောင်စုံနဲ့ ပေါ်နေပါမယ် ... တမ်းနှိပ်ပြီး စမ်းလိုက်ယုံပါပဲ ...။

Credit###KooK ❤️
Please follow me @pisi

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61626.58
ETH 2940.28
USDT 1.00
SBD 3.66