Mytel

in #esteem6 years ago

ကိုယ့်အမြင်ပြောရရင် Mytel လုပ်ငန်းစုက အမျိုးသားရေးသမားတွေကို ဂျင်းထည့်ပြီး Business marketing ဆင်းနေတာလို့မြင်မိတယ်
Mpt
Telenor
Oreedoo အော်ပရေတာသုံးခုက ဈေးကွက်နေရာယူထားချိန်မှာ mytel လိုအော်ပရေတာအသစ်အတွက် ဈေးကွက်နေရာရဖို့မလွယ်ပါဘူး
အဲ့ဒီတော့ ဈေးကွက်ထိုးဖောက်ဖို့လွယ်မယ့်နည်းနှင့် ဂျင်းထည့်လို့ရမယ့်အုပ်စုစုကြီးကြီးကိုရှာတော့ အမျိုးသားရေးသမားတွေကိုတွေ့တယ်လို့မြင်မိတယ်

image

အမျိုးသားရေးဦးဆောင်ဆရာတော်များရော
အမျိုးသားရေးသမားများအားလုံးရောက emotion တွေရှေ့တန်းမတင်လွန်းကြဖို့အရေးကြီးပါတယ်

Emotion တွေ အလွယ်တကူဖြစ်ခွင့်ပေးနေကြလို့ စီိးပွားသမား နိုင်ငံရေးသမားတွေရဲ့ marketing လုပ်မှုတွေခံနေကြရတယ်

Mytel အော်ပရေတာက 69 နဲ့စပါတယ် ရှေ့က 09 code ထဲက 9တစ်လုံးယူပြီး (0)969 လိုသလိုယူပြီး ဈေးကွက်ဖွင့်ကြပါတယ် နံပတ်တွေအပေါ်emotion ထားတဲ့ အမျိုးသားရေးသမားတွေဟာ ဒီmarketing game ရဲ့ victims သားကောင်တွေပါပဲ

ကိုယ့်အမြင်ကတော့ mytel က အမျိုးသားရေးသမားတွေကိုဂျင်းထည့်နေတာလို့ပဲမြင်တယ်

(တခြားအင်တာနက်ဝန်ဆောင်မှုတွေကောင်းလို့ သုံးနေကြသူတွေကိုတော့ မရည်ရွယ်ပါဘူး ဈေးကွက်စဖွင့်ချိန်မှာ ဒီလိုဝန်ဆောင်မှုတွေကောင်းပြရတာကလည်း promotion ကာလတခုအထိပါပဲ)

တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ အော်ပရေတာလေးခုလုံးမစွံပါဘူး အန္ဒိယမှာ မြန်မာငွေ တစ်သောင်းဖုန်းဘေထည့်ထားရင် တစ်နေ့ကို အင်တာနက် 2gb (၃)လ တိတိပေးပါတယ် ဖုန်းက unlimited call ကြိုက်သလောက်ခေါ် ဘေဖြတ်တယ်ဆိုတာမရှိပါဘူး messages က အဆောင်တစ်ရာပို့လို့ရပါတယ်

ကိုယ့်နိုင်ငံကတော့ ဖုန်းပြောလည်းပိုက်ဆံ မက်စေ့ပို့လည်းပိုက်ဆံ အင်တာနက်လည်းပိုက်ဆံ ဖုန်းဘေချေးလည်း ဝန်ဆောင်ခပိုက်ဆံ
အင်တာနက်package ဝယ်သုံးလည်း Viber & Facebook သက်သက်တဲ့ မက်စင်ဂျာကနေဖုန်းပြောတာမပါဘူးတဲ့ YouTube မပါဘူး Google မပါဘူးတဲ့ အဲ့ဒါတွေသုံးရင်ပိုက်ဆံထပ်ပေးတဲ့ အချိုးမပြေပုံများ ပြည်သူကမသိတော့ခံရတယ်

နိုင်ငံတော်အစိုးရကလည်း ကိုယ့်ဟာကိုယ် ဖုန်းဘေထည့်တာတောင်လေခွန်တောင်းတယ် ဖုန်းဘေချေးတော့လည်း အခွန်ကပါသေး
တကယ်ဖြစ်သင့်တာက ဒီအခွန်တွေကို ဖုန်းအော်ပရေတာကုမ္ပဏီတွေဆီကိုပဲဆောင်ခိုင်းရမှာဖြစ်ပါတယ်
ဖုန်းပြောသူဆီကနေ အစိုးရကအခွန်ထပ်ကောက်စရာ အကြောင်းမရှိပါဘူး

ဒီလိုပြောလို့ အစိုးရချစ်သူများက နိုင်ငံတကာမှာအခွန်စနစ်ရှိတယ်လို့ ပြောကြကောင်းပြောကြမှာပါ ဒီလိုအခွန်စနစ်မရှိဘူးဆိုတာကိုတော့ ငြင်းချက်ပြန်ထုတ်ရပါမယ်

နိုင်ငံတကာမှာရှိတဲ့အခွန်ကစနစ်က ဝင်ငွေတစ်ဦးချင်းစီအပေါ်မူတည်ထားတာပါ တစ်ရက် ၃၅၀၀ ကျပ်ဝင်ငွေနဲ့ ပြည်သူတွေဆောင်နေရတဲ့အခွန်က များလွန်းပါတယ်

ကိုယ်မြင်တာပြောရမယ်ဆို သူဌေးကြီးတွေပဲခရိုနီးခေါ်ရမှာမဟုတ်ဘူး အော်ပရေတာတွေလည်း ခရိုနီပဲ အစိုးရလည်းခရိုနီပါပဲ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61763.08
ETH 2899.43
USDT 1.00
SBD 3.49