တရုတ်ပြည်လေ့လာရေးခရီးစဉ်

in #esteem6 years ago

တရုတ်​ပြည်​​လေ့လာ​ရေးခရီးစဉ်​မှာ မြင်​ခဲ့တာ​လေး​တွေ ​ပြောပြချင်​​သေးတယ်​။ အစီအစဉ်​ထဲမှာ မပါဘဲ ​လေ့လာကြည့်​မိတာ​လေး​တွေပါ။
တရုတ်​ပြည်​ မြို့ကြီး​တွေဟာ သဘာဝပတ်​ဝန်းကျင်​ ပျက်​စီး‌နေပြီ၊ ​လေထုညစ်​ညမ်း​နေပြီ၊ ရာသီဥတု​ဖောက်​ပြန်​​နေပြီ စသည်​ဖြင့်​ ​ပြောကြတာ​တွေ ကြားဖူးတယ်​။
တကယ်​​တော့ အဲလို မဟုတ်​ပါဘူး။ လူဦး​ရေ ၂၇ သန်းနီးပါးရှိတဲ့ ပီကင်းမြို့ ပတ်​ဝန်းကျင်​မှာ​တော့ ​လေထုအရည်​အ​သွေး ​လျော့ကျမှု​တွေ ​တွေ့ရပါတယ်​။ ပီကင်း မိုး​ကောင်းကင်​ဟာ အမြဲ အုံ့မှိုင်း​နေပါတယ်​။ ပီးကင်းမြို့ဟာ ပြည်​နယ်​တခုစာ လူဦး​ရေ​တွေ စု​ပေါင်း​နေထိုင်​မှု၊ ​မော်​​တော်​ယာဉ်​ များပြားမှု​တွေကြောင့်​ မီးခိုးမြူဆိုင်း​နေတာ အမှန်​ပါပဲ။ ဒါ​ပေမယ့်​ မြို့ထဲမှာ သန့်​ရှင်း​နေတာ ​တွေ့ရတယ်​။ အထူးသဖြင့်​ လျှပ်​စစ်​ဖြန့်​ဖြူး​ရေးမှာ ​မြေ​အောက်​​ကေဘယ်​စနစ်​သာ ကျင့်​သုံးပါတယ်​။ ဒါက တရုတ်​ပြည်​မြို့ပြအားလုံးမှာ ကျင့်​သုံးတာပါ။ လျှပ်​စစ်​၊ ဖုန်း၊ အင်​တာနက်​၊ တီဗီ အားလုံး ​မြေ​အောက်​​ကေဘယ်​စနစ်​ကို သုံးထားပါတယ်​။ ​နောက်​ လမ်းစနစ်​​တွေ ဖွံ့ဖြိုးလှပါတယ်​။ မီးပွိုင့်​ထက်​ ပတ်​လမ်းဂုံး​ကျော်​တံတား​တွေ များပါတယ်​။ မြို့ပြပို့​ဆောင်​​ရေးမှာ လျှပ်​စစ်​ကားကို တွင်​တွင်​ကျယ်​ကျယ်​ သုံးထားပါတယ်​။ ​မြေ​အောက်​ ရထားလမ်း ကွန်​ယက်​​ကြောင့်​ အ​ပေါ်မှာ လမ်းကြပ်​တ်ယ်​ဆို ခပ်​ရှားရှားပါ။ ပီကင်းစတားဟိုတယ်​က​နေ ပီကင်း​လေဆိပ်​သို့ ၂ နာရီနီးပါးခရီးမှာ မီးပွိုင့်​ ၅ ​နေရာပဲ ​တွေ့ခဲ့ပါတယ်​။
လမ်းတ​လျောက်​ လမ်းလယ်​ သစ်​ပင်​တန်း၊ အိမ်​​ရှေ့လမ်းသစ်​ပင်​တန်း နဲ့ စနစ်​တကျ ရှိလှပါတယ်​။ တရုတ်​ပြည်​ဟာ သဘာဝပတ်​ဝန်းကျင်​ကို အ​လေးထားလာတာလည်း ​တွေ့ရပါတယ်​။ အစိုးရ​မြေ​နေရာ​တွေမှာ သစ်​ပင်​ဖုံးလွှမ်းမှု ၃၀% ​ကျော်​ ​ရေး ​ဆောင်​ရွက်​​နေတာလည်း ​တွေ့ရပါတယ်​။
တက္ကသိုလ်​​ကျောင်းဝန်း​မြေ​နေရာ​တွေမှာ သစ်​​တောဖုံးလွှမ်း ၅၀% ​ကျော်​​အောင်​ ချန်​ထားတာလည်း ​တွေ့ရပါတယ်​။ သစ်​ပင်​ကို​တော့ အပင်​ငယ်​အသစ်​စိုက်​တာ မဟုတ်​ဘဲ အပင်​ကြီး​တွေကို ​ရွေ့စိုက်​တာ များပါတယ်​။ အများဆုံး စိုက်​ပျိုးတဲ့ အပင်​က​တော့ ​ရေမ​နေ(ယမ​နေ) ပင်​​တွေ ဖြစ်​ပါတယ်​။ တရုတ်​ပြည်​ ​နေရာအနှံ့မှာ စိုက်​ပျိုး​နေတာပါ။ မြန်​မာပြည်​ မယ်​ဇလီ၊ စိန်​ပန်း​လောက်​နဲ့ ပြီး​နေတာ မဟုဆ်​ပါဘူး။ လမ်း​ဘေး ဝဲယာမှာလည်း အဖိုးတန်းသစ်​ပင်​​တွေပဲ စိုက်​ထားကြပါတယ်​။
မဟာတံတိုင်းကို သွား​တော့ မဟာတံတို​င်း နဲ့ အပြိုင်​ သစ်​ပင်​တံတိုင်း တည်​​ဆောက်​​နေတာလည်း မြင်​ခဲ့ရပါတယ်​။ ဒီသစ်​ပင်​တံတိုင်းမှာ ပိ​တောက်​၊ ​ယမ​နေ အပင်​ကြီး​တွေကိုသာ စိုက်​ထားပါတယ်​။ စိတ်​မ​ကောင်းစရာ ​ပြောရမလား၊ စိတ်​တိုစရာ ​ပြောရမလား၊ ရင်​နာစရာ ဆိုရမလား မသဲကွဲတာက​တော့ ဒီပိ​တောက်​ပင်​ကြီး​တွေဟာ မြန်​မာပြည်​က သယ်​ယူလာတာ ဖြစ်​​နေတာပါပဲ။
ကျွန်​​တော်​တို့ဆီမှာ သစ်​ပင်​ကို တန်​ဖိုးထားမှု ​နည်းပါကြသလို ရတဲ့​ဈေးနဲ့ ​ရောင်းချ​နေမှုများသည်​ ​နောင်​တချိန်​မှာ ကြီးစွာ​သော ​နောင်​တကို ​ပေးလိမ့်​မယ်​လို့ ဆိုချင်​ပါတယ်​။
ဂွမ်​ဇီးပြည်​နယ်​မှာ​တော့ မြန်​မာ့ကျွန်းပင်​​တွေကို အဖိုးတန်​ရတနာတပါးအလား စိုက်​ပျိုးထားတာ ​တွေ့ရပါတယ်​။ ပျမ်းမျှလုံးပတ်​ဟာ ၄ ​ပေ ​ကျော်​​တွေ ဖြစ်​​နေပါပြီ။ ဒီထဲမှာလည်း ​ရွေ့စိုက်​အပင်​​တွေ ​တွေ့ရပါတယ်​။ ကျွန်းပင်​​တွေကို ကိုင်းဖျားများ ဖြတ်​ချထားပြီး ​ဒေါက်​များဖြင့်​ ထိန်းထားကာ ​ဆေးသွင်း​ပေး​နေတာလည်း မြင်​ခဲ့ရပါတယ်​။ ​တော်​​တော်​ ​ဖြောင့်​စင်း၊ အရွယ်​ညီညီ၊ အရပ်​ညီညီ​တွေမို့ မြန်​မာပြည်​ ကျွန်းစိုက်​ခင်း​တွေဆီက နှုတ်​ယူလာတာ​တွေ ဖြစ်​နိုင်​ပါတယ်​။ ​မေးကြည့်​​ပေမယ့်​ မ​ဖြေ​တော့ မရခဲ့ပါဘူး။
နောက်​မြို့ပြမြင်​ကွင်းထဲမှာ ​လေးစားစရာက အမှိုက်​ပစ်​တဲ့ အ​လေအထပါ။ လမ်း​ဘေး တ​လျောက်​ အမှိုက်​ပုံးများ အလုံအ​လောက်​ ချထား​ပေးထားတာ ​တွေ့ရပါတယ်​။အမှိုက်​ကို ပြန်​သုံးနိုင်​​သော ပစ္စည်းများ (Recycle) နှင့်​ ပြန်​မသုံးနိုင်​​သော ပစ္စည်းများ(Non-recycle) ဆိုပြီး အမျိုးအစား ၂ မျိုးခွဲပြီး စွန်​ပစ်​​စေပါတယ်​။ အမှိုက်​ပုံးထဲထိ လိုက်​ကြည့်​မိ​တော့ ပလပ်​စတစ်​၊ သတ္ထုပစ္စည်း​တွေကို ပြန်​သုံးထဲမှာ ​တွေ့ရပြီး၊ အစားအ​သောက်​အကြွင်းအကျန်​များ၊ သစ်​ရွက်​၊ ဟင်းရွက်​ အမှိုက်​များကို ပြန်​မသုံးထဲမှာ ​တွေ့ရပါတယ်​။
နောက်​တချက်​က​တော့ ​ဆေးလိပ်​မ​သောက်​ရ ​နေရာ​တွေ ကျယ်​ကျယ်​ပြန့်​ပြန့်​ ပြဌာန်းထားမှု ဖြစ်​ပါတယ်​။ လမ်း​ဘေးမှာ ​ဆေးလိပ်​​သောက်​လို့ ရ​ပေမယ့်​ ကားမှတ်​တိုင်​မှာ ​ဆေးလိပ်​မ​သောက်​ရပါဘူး။ ​အများပြည်​သူဆိုင်​ရာ ​နေရာအားလုံးမှာ ​ဆေးလိပ်​မ​သောက်​ရပါဘူး။
တရုတ်​ပြည်​သူ တ​ယောက်​ချင်းအ​ပေါ် သုံးသပ်​ရရင်​​တော့ အ​ရှေ့တိုင်းဓ​လေ့​တွေ ​လျော့ပါးလာတာ ​တွေ့ရပါတယ်​။ တင်းကြပ်​တဲ့ စည်းကမ်း​တွေ​အောက်​က​နေ လွတ်​ရသမျှ လွတ်​ချင်​ကြတာ ​တွေ့ရပါတယ်​။ စီးပွား​ရေး ဖွံ့ဖြိုးမှုနဲ့အတူ ဓနဂုဏ်​ကြွလာတာလည်း မြင်​ရပါတယ်​။
တရုတ်​​တွေအ​နေနဲ့ တိုင်းခြားဘာသာစကား ဘယ်​​လောက်​ပဲ တတ်​တတ်​ တရုတ်​ဘာသာစကားဖြင့်​ ​ပြောဆိုရတာကို ဂုဏ်​ယူတာ ​တွေ့ရပါတယ်​။ နိုင်​ငံခြား​ရေးဌာန တာဝန်​ထမ်းသူ​တွေမှာ ပင်​လျှင်​ ဘာသာပြန်​တာဝန်​ မဟုတ်​ပါက တရုတ်​ဘာသာ စကားသာ ​ပြောဆိုကြပါတယ်​။
အင်္ဂလိပ်​စာ ညံ့လို့လား စူးစမ်းကြည့်​ပါတယ်​။ မဟုတ်​ပါဘူး။ မိမိတို့ တရုတ်​ဘာသာစကားကိုသာလျှင်​ နိုင်​ငံခြားသား​တွေ ​ပြော​စေချင်​ပါတယ်​တဲ့။
ဒါဟာ ဇာတိဂုဏ်​ပြသ​နေတာလျု့ မှတ်​သားမိပါတယ်​။
နောက်​ တရုတ်​ကြီးရဲ့ အတွင်းစိတ်​ကို စူးစမ်းကြည့်​မိပါတယ်​။ အာဆီယံနိုင်​ငံများအားလုံးကို စု​ပေါင်းပြီး United SEANs (United South East Asian Nations) သ​ဘောထား ခံယူထားကြပါတယ်​။
ဒီထဲက တနိုင်​ငံချင်းစီကို​တော့ ပြည်​နယ်​အဆင့်​သာ သ​ဘောထားတာ ​တွေ့ရပါတယ်​။
မဟာတရုတ်‌ အယူအဆအထိ ကျယ်​ပြန့်​လာနိုင်​ပါတယ်​။ ကျွန်​​တော်​တို့ မြန်​မာ​တွေအ​နေနဲ့ ပိုဂရုစိုက်​ကြရပါမယ်​။ သူများ ဥယာဉ်​ ​ရောင်​စုံပန်းတို့ ပွင့်​လန်း​နေတာကို ​ငေး​မောပြီး အလှတရားလို့ ခံစား​နေရင်​​တော့ ၂၀၅၀ ​နောက်​ပိုင်းမှာ မြန်​မာနိုင်​ငံသည်​ တရုတ်​ရဲ့ ပြည်​နယ်​အဆင့်​သာ ဖြစ်​ကျန်​​နေခဲ့ပါလိမ့်​မယ်​။ ပဏ္ဍာဆက်​ပြည်​နယ်​အဖြစ်​ ​နေ​ပျော်​ရင်​​တော့ အ​ဆွေ​တော်​က​နေ အရှင်​ကြီး ​ခေါ်ရပါလိမ့်​မယ်​လို့ ​သတိ​ပေးရင်း တရုတ်​ကြီး​တွေနဲ့ အပြိုင်​ငြင်းခဲ့တာ​တွေကို စာအုပ်​ထုတ်​နိုင်​ဖို့ ကြိုးစားပါမယ်​ဗျာ---။

ကျော်ဆွေ အကောင့်မှကူးယူသည်
image
image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62656.62
ETH 2941.90
USDT 1.00
SBD 3.59