US withdraws from UN Human Rights Council

in #esteem6 years ago (edited)

ဖေဖေ့အကွက်တွေ လှတယ်
US withdraws from UN Human Rights Council

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council) UNHRC မှ အမေရိကန် နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာ -
ယခုအခါ သန်းနဲ့ချီ ပြန်လည်နှင်ထုတ်နေသည့် ဆယ်စုနှစ်တွေနဲ့ချီ အမေရိကားတွင် တရားမ၀င်နေထိုင်ခဲ့ကြသူ မိသားစုများထံမှ အမေရိကားတွင် မွေးဖွားသဖြင့် အမေရိကန်နိုင်ငံသား အလိုအလျောက် ဖြစ်လာသည့် ကလေးများအား၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ချန်ထားခွဲထုတ် နေခြင်း ကို UNHRC ၏ မဟာမင်းကြီး ဇိုင်အမ်ယာ အက်စ်အယ်လ် ဟူစိန် မှ သမ္မတ Trump အစိုးရ လူသားမဆန် - ဟု ဝေဖန်ပြောဆို ခြင်းကြောင့်ဟု ဆို

image

အမေရိကန်နိုင်ငံခြာရေးဝန်ကြီး Mike Pompeo နှင့် ကုလသမဂ္ဂ ဆိုင် ရာ အမေရိကန်သံအမတ် Nikki Haley တို့မှ အမေရိကန်ပြည်ထာင်စု သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council) UNHRC မှ နှုတ်ထွက်မည် ဖြစ်ကြောင်း ယနေ့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်သည်။

image

အစ္စရေးလ်အား ဆန့်ကျင်ခြင်းဖြင့် အမြဲဘက်လိုက်နေသည်ဟု အမေရိ ကန်မှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UNHRC အား စွပ်စွဲကာ အမေရိကန်မှ UNHRC မှ နှုတ်ထွက်မည်ဟု တစ်နှစ်ကျော်ကပင် ခြိမ်းခြောက်ခဲ့ပြီး၊ ယနေ့ တကယ် နှုတ်ထွက်လိုက်ပြီ ဖြစ်သည်။

image

သမ္မတ Donald Trump အစိုးရ၏ Department of Homeland Security အမိမြေလုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ - Immigration and Customs Enforcement လ၀က နှင့် အကောက်ခွန် ဥပဒေစိုးမိုး ရေးဌာန ICE - သည် အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှင့်ချီ၍ တရားမ၀င်နေထိုင်ခဲ့ကြသည့် တောင်အမေရိက နှင့် ဗဟိုအမေရိက နိုင်ငံတို့မှ ၀င်ရောက်လာသူများအား သိန်းနှင့်ချီပြီး အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ပို့ဆောင်ကာ စတင် နှင်ထုတ်နေပြီ ဖြစ်သည်။

image

ထိုသို့နှင်ထုတ်ရာတွင် အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့ကြ သည့် အမေရိကန်နိုင်ငံသား အလိုအလျောက်ဖြစ်လာသည့် ကလေးများ အား၊ ပြန်လည်နှင်ထုတ်နေသည့် မိဘများထံမှ ချန်ထားခွဲထုတ်ကာ အစိုးရ၏ ကလေးသူငယ်များ ထိန်းသမ်းရေးဂေဟာများသို့ ပို့ဆောင်နေ ခြင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council) UNHRC ၏ မဟာမင်းကြီးမှ ဝေဖန်ပြောဆိုခဲ့ပြီး နောက်တစ် နေ့တွင် UNHRC မှ အမေရိကန် နှုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ ခြင်း ဖြစ်သည်။

image
image
image

Credit to =
https://abcnews.go.com/Politics/us-withdraws-human-rights-council/story?id=56009661

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62441.36
ETH 2940.53
USDT 1.00
SBD 3.59