အကြွေးသံသရာ

in #esteem6 years ago

image

မြန်မာပြည်ကြီးလည်း
အကြွေးကပ်ဘေးဆိုက်နေပြီ

ပဲလောကမှာလည်း
တနှစ်ခြားတခါလောက်
သိန်းသောင်းဂဏန်း
အရောင်းကျွံအဝယ်ကျွံနဲ့
စာရင်းမရှင်းနိင်လို့ထွက်ပြေး

ဆန်လောကမှာလည်းထိုနည်း
တူစွာ ပေးစရာရှိတဲ့အကြွေး
သိန်းသောင်းဂဏန်းတွေ
မပေးပဲ ထွက်ပြေးကြ။

ကျန်တဲ့ အရောင်းဝယ်လုပ်
ငန်းတွေမှာလည်းထိုနည်းတူစွာ
သိန်းရာဂဏန်းထောင်ဂဏန်း
ပေးစရာရှိတာတွေမပေးပဲ
ထွက်ပြေးကြ...တချို့ကြတော့
ပြောင်ပြောင်တင်းတင်း
မျက်နှာပြောင်တိုက်ပြီး
နေ့ရွှေ့ညရွှေ့နဲ့ အဆင်ပြေရဲ့
နဲ့ မပေးချင်ကြ...မဆပ်ကြ။

ခက်တာကလည်း
မြန်မာပြည်မှာအရောင်းဝယ်
လုပ်ရင် ၉၀%လောက်က
အကြွေးစနစ်နဲ့မှအဆင်ပြေတာ
ယုံကြည်မှုနဲ့ပဲအလုပ်လုပ်
ကြပြီး စနစ်နဲ့ မလုပ်ကြတော့
မှားကြတာပေါ့။
မြန်မာပြည်မှာ အကြွေးမဆုံးဖူး
တဲ့သူမရှိသလောက်ပါပဲ။
လူတိုင်းလိုလို အကြွေးဆုံးဖူး
ပါလိမ့်မယ်။

အကြွေးမဆပ်နိင်တဲ့သူတွေကို
အများစုက လူလိမ်လို့
သတ်မှတ်ကြပါတယ်။
ဒါပေမဲ့ အကြွေးပြန်မဆပ်
နိင်တဲ့သူတိုင်းလည်း
လူလိမ်တော့မဟူတ်ပါဘူး။
တကယ် အလုပ်လုပ်ရင်း
လုပ်ငန်းမှားလို့ ငွေမြုပ်လို့
ငွေမပေါ်လို့ ဒါမှမဟုတ်
ယုံကြည်ရတယ်လို့ထင်တဲ့
တခြားသူတဦးဆီမှာ
သွားပြီးရင်းနှီးမြုပ်နှံရင်း
ဟိုက ပြန်မပေးနိင်တာနဲ့
ဒီဘက်မှာလည်း ကိုယ်က
အကြွေးပြန်မဆပ်နိင်တဲ့
ပုံစံမျိုးဖြစ်နေတဲ့သူတွေလည်း
ရှိပါတယ်။ ဒီလိုအခြေနေမျိုးမှာ
တချို့က မရှိ ရှိတာရောင်းချပြီး
ပြန်ဆပ်ကြပေမဲ့ တချို့တွေ
ကတော့ ကိုယ်လိမ်တာမဟုတ်
လို့ဆိုပြီး ပြန်ဆပ်စရာရှိတာ
မဆပ်ပဲ သံသရာအကြွေး
ယူသွားတတ်ကြပါတယ်။

နောက်တမျိုးကြတော့
နဂိုကထဲက သူများပိုက်ဆံ
အလကားရအောင်ယူမယ်
ဆိုပြီး ဟန်ဆောင်ပန်ဆောင်
တွေလုပ် အပြောကောင်းကောင်း
နဲ့ အတိုးများများပေး...
မရှိတဲ့လုပ်ငန်းတွေဗန်းပြပြီး
လိမ်နေတဲ့သူတွေကတော့
တကယ့်လူလိမ်စစ်ပါပဲ။
အဲလိုလူမျိုးတွေက
နာမည်ဘယ်လောက်ပျက်ပျက်
ထောင်ဘယ်လောက်ကျကျ
အခွင့်ကြုံရင် လိမ်နေအုံးမှာပါပဲ။
နောက်နေ့ပေးပါ့မယ်
လကုန်ပေးပါ့မယ် ဆိုပြီး
ကတိလွယ်လွယ်ပေး
တတ်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အကြွေးဆုံးရာကနေ
ပူပင်သောကတွေ
နာကျည်းမုန်းတီးမှုတွေ
ဘဝပျက်တာတွေ
ဖြစ်လာတတ်ပါတယ်။

တဖက်ကအကြွေးမဆပ်နိင်တဲ
သူမှာလည်း နာမည်ပျက်ရ
ထွက်ပြေးရ မိသားစုတွေပြိုကွဲရနဲ့
သံသရာထိလည်း အဲဒီ့
အကြွေးတွေသယ်သွားရပါတယ်

ဒီလိုသယ်မသွားရလေအောင်
(၁)လောဘမကြီးပါနဲ့
အတိုးများများပေးလေ
လိမ်ခံရထိလေပါပဲ။

(၂)လုပ်ငန်းလုပ်တဲ့အခါ
အရောင်းကျွံအဝယ်ကျွံမဖြစ်
ပါစေနဲ့ကိုယ်နိင်သလောက်လုပ်ပါ
အတိုးကြီးကြီးနဲ့ဘယ်တော့မှ
လုပ်ငန်းမချဲ့ပါနဲ့..အခုခေတ်က
ဘဏ်တိုးနဲ့လုပ်တဲ့သူတွေတောင်
တိုင်ပတ်နေတာပါ။

(၃)ငွေကြေးနဲ့ပတ်သတ်လာရင်
လောကမှာယုံကြည်အရဆုံး
သူဆိုတာမရှိပါဘူး။
အလုပ်သဘောအတိုင်းလုပ်ပါ။

(၄)ခင်မင်တာ အားနာတာတွေ
လျှော့ပါ။ငွေကြေးနဲ့ပတ်သတ်
ပြီးအလုပ်လုပ်ရင်ဘယ်သူ့မျက်
နှာမှမကြည့်ပါနဲ့...ဥပဒေအရ
ကိုယ့်ဘက်ကခိုင်မာအောင်
လုပ်ထားပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းဝေးကြပါစေ။
Credit###Thura Tun

Sort:  

if you want me to resteem your post to over 72,500 followers go here https://steemit.com/@a-a-a

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61626.58
ETH 2940.28
USDT 1.00
SBD 3.66