ခေတ်သစ်နွားနို့ကုလား

in #esteem6 years ago

image

နွားနို့ ရောင်းသူကို
နွားနို့ကုလား
ကြက် ရောင်းချသူကို
ကြက်ကုလား
အဟောင်းထည် ရောင်းချသူကို
အဟောင်းကုလား

မည်သည့် မြန်မာလူမျိုး လုပ်သည်ဖြစ်စေ
နို့ကုလား ကြက်ကုလား အဟောင်းကုလား
ခေါ်ဆိုကြပြန်ပါသည်
တစ်ခါ ဗွီဒီယိုရုံတွင်
ကုလားကား ပြတယ်ဆိုသဖြင့်
ဝင်ကြည့်ရာ
အင်္ဂလိပ်ဇာတ်ကားပြသ နေခြင်းဖြစ်ပါသည်
ကုလားဖြူ ဟု ခေါ်ခဲ့ကြသည်
မဟုတ်ပါလော


နွားနို့ ၂၅ သား ၅၀၀ ကျပ်
နေ့စဉ်ပို့ တစ်လ ၁၅ ၀၀၀ ကျပ်
နွာနို့ မကြိုက်လျှင် မည်သည့်အချိန်တွင်မဆို
ရပ်နား နိုင်ကြောင်း
နေ့ ကလေးထိမ်းကျောင်းများတွင်ပါ
ပေးပို့ နေရပါသဖြင့်
နာမည်ပျက်မခံနိုင်ကြောင်း
ရေတော့ရောသည် အခြားမည်သည့်
အရာမှ မရောနှောဘူး ဟု
ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်း
တင်း ပြောဆို လာသူလေးကတော့
မောင်ပဒူ မက်မဒါ
အမှတ်(---)ရပ်ကွက် ဘာသာဗေဒလမ်းဝိုင်းမော်မြို့
ကချင်ပြည်နယ်


နွားနို့ ဂေါ်ရခါးများ တောင်သာပြီ
ခြံယူဈေး နွားနို့ တစ်ပိသာ ၁၀၀၀ ကျပ်
ကိုယ်တျုင် ညှစ်ယူရပါသည်
လက်လီရောင်းဈေး တစ်ပိသာ ၂၀၀၀ကျပ်
လက္ကားရောင်းဈေး ၁၆၀၀ ကျပ်
ရေလုံးဝ အရောအနှော မရှိပါ
အခြား ဒိန်ချဉ် မခမ်း ကူဖီးလ်
မလိုင်များကိုလည်း သင့်တင့်သော ပုံမှန် ဈေးနှုန်းများဖြင့်
(တစ်ပိသာ ကျပ် ၁သောင်းအောက် ဝန်းကျင်ဖြင့်)
ရောင်းချပေးကြပါသည်
စစ်မှန်သောနွားနို့မျာူ လက်တစ်ကမ်းမှာ ယုံကြည်နိုင်ကြပြီ
နွားနို့ပိသာ ၂၅ခန့် ရောင်းချရုံဖြင့်
တစ်ရက်ဝင်ငွေ ကျပ် ၂သောင်းနီးပါး
တွက်ခြေကိုက် သည်ဟု
ပြောဆိုလာသူကတော့
နွားနို့ မညှစ်တက်သော မောင်ဒိုပါ


အရောအနှောများနှင့် တိုင်းတာရေးကိရိယာ

ဟို ယခင် ဆယ်စုနှစ် တစ်ခုကျော်က
လဖက်ရည်ဆိုင်များတွင် နို့စိမ်းဗူး
မပေါ်သေးပါ
စစ်တပ် စစ်ဆေးရုံများတွင်သာ
ကတ္ထူစက္ကူနို့စိမ်းဗူး များ
အာဟာရ တိုက်သည်ထင်ပါသည်
နွားနို့ ချတ်နို့ဆီ များဖြင့်
လဖက်ရည်ဖျော်စပ်ကြပြီး
ဗူးနို့ဆီဖြင့်ဖျော်စပ်ပါက
ရှယ် ဇွန်းတပ် ဖြစ်ပါသည်
နေ့စဉ် နွားနို့ ၅ ပိသာ ၇ ပိသာ
စသဖြင့် မှာယူကြိုချတ်ထားပြီး
ခွဲခြား ရောနှော ဖျော်စပ် အသုံးပြုကြပါသည်

ပြောချင်သည်မှာ ရေမည်မျှ ရောခဲ့သည် ရှိသော် ဒီကရီတိုင်းတာလျင် အမြဲ ပြည့်နေတက်ပါသည်
တိုင်းတာခြင်းဖြင့် မှန်ကန်မှုကို
မရနိုင်တော့သည့် အဆုံး
နွားနို့ တိုင်းကိရိယာ စခမ်းသိမ်းသွားရပါသည်
စည်းရုံးရေးနည်းဖြင့် ချဉ်းကပ်
လေ့လာကြည့်မှ
သကြား အနည်းငယ် ရောစပ်ခြင်းဖြင့် ဒီကရီ ပြည့်နေနိုင်သည်
ရေနွေးအနည်းငယ်ရောစပ်ခြင်းဖြင့်ီကရီ ပြည့်နေနိုင်သည်
ဓါတုဗေဒ ဆေးမှုန့် ဟု ခေါ်သော အမှုန့်တစ်မျိုး ကလည်း
ရှိနေပြန်ပါသည်
ထိုကဲ့သို့ ဤကဲ့သို့
ယခုနွားနို့ ပုံစံ တစ်ခေတ်
ယခင်နွားနို့ပုံစတစ်ခေတ်ံ ကြုံခဲ့ဖူးပါသည်


Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67