ဂျပန်မှာကျောင်းတက်နေချိန်​ဝယ်

in #esteem6 years ago

image

အိပ်ယာကနေ ရုတ်တရက် လန့်နိုးလာတယ်
မနက်ခင်းရဲ့အလင်းတန်း နဲ့ငှက်တွေကလွဲလို့ နှိုးသူမရှိဘူး.
ဒါက ဂျပန်မှာ နေ့တနေ့စဖို့အတွက်.

ထိုးကိုက်နေတဲ့ ခေါင်းကို လက်နဲ့ဖိရင်း
ဆန်လေးဆေး ထမင်းအိုးတည်ရတယ်.
ဒါက ဆာလောင်နေတဲ့ဗိုက် အတွက်.

စာကြည့်စားပွဲမှာ အိမ်စာတွေပလူပျံနေတယ်.
အားတင်းပြီး တခုစီခေါင်းထဲကောက်ထည့်ရတယ်.
ဒါက သင်ပေးနေတဲ့ ဆရာ မငြိုငြင်အောင်အတွက်.

ယောင်နေတဲ့ ခြေထောက်ကို ဆေးလူး stockingလေးအုပ်
ဝတ်စုံလေးဝတ် ဟန်ကျကျလေးပြုံး စားပွဲလေးထိုး
ဒါက မရှိလို့မဖြစ်လို့ ရှာနေရတဲ့ပိုက်ဆံအတွက်.

လေတွေလဲ ထန် မိုးလဲသန်လာပြီ
ဒီလိုညတွေဆို ကိုယ်အသေကြောက်တယ်.
မိုးထဲလေထဲ သွားရလာရမှာ ကိုယ့်အလုပ်ကဝေးတယ်လေ.

တနေရာရာကနေ အိမ်ရောက်ပြီဆိုလဲ
ကိုယ်အသေကြောက်တယ်.ဘာဆိုဘာမှ မရှိတဲ့အခန်းထဲ ဆိတ်ဆိတ်လေးနေရင်း ကိုယ်ရူးချင်လာတယ်လေ.

Pressure ကြောင့်ရူးတယ်. Stress ကြောင့်ရူးတယ်
ကိုယ်အရင်က လက်မခံဘူး.အူကြောင်ကြောင်တွေပေါ့
ခု အူကြောင်ကြောင်က ဘယ်သူလဲ ကိုယ်နားလည်လာတယ်.

အလုပ်ပင်ပန်းတာတွေ ပြောပြချင်တယ်.
စာတွေ ခက်တာတွေ ပြောပြချင်တယ်.
စိတ်ဓာတ်ကျနေတာတွေ ပြောပြချင်တယ်.

But ကိုယ့်အပူတွေကြေင့် သူများပူလောင်ပါတယ်လေလို့ တွေးမိရင်
message ရိုက်နေတဲ့ လက်ချောင်းတွေ Autoရပ်သွားတယ်.
ဖုန်းနံပါတ်တွေက Back Space ကြားပျောက်ကုန်တယ်.

အဲ့လိုနဲ့ ဘယ်လောက်စကားများတဲ့သူပဲဖြစ်ဖြစ်
တဖြည်းဖြည်း အသံတွေဆိတ်လာတယ်.
ပညာ.အလုပ်.ပိုက်ဆံ ဒီသုံးခုအတွက် ရုန်းကန်ရင်း
စိတ်ပျော်ရွှင်မှုက minus ပြလာတယ်.
ကြာလာရင် ရူးနိုင်တယ်နော်.

မယုံမရှိနဲ့ မွန်းကျပ်လွန်းလို့ မရူးအောင်သတိပေးထားတဲ့ စာတွေ နံရံမှာအပြည့်.

ဂျပန်လာရင် ဘာတွေပြင်ရမလဲ လာလာမမေးနဲ့.
စိတ်ဓာတ်နဲ့နှလုံးသားကိုသာ ပြင်လာခဲ့.

ဘယ်လိုပြင်ခဲ့ရမှာလဲ ဟလား.
နှလုံးသားကို ထုတ်. အဲ့နေရာ မှာ အထီးကျန်လဲ okဆိုတဲ့စိတ်တွေထည့်.
မိသားစုကြား ဘယ်လိုအယုယ ခံခဲ့ရတဲ့ဆိုတဲ့စိတ်တွေဖြုတ်
မြန်မာပြည်မှာ ငါဘာကွ ဆိုတဲ့ဟာတွေဖြုတ်
မာန နဲ့ မျက်ရည်ကတော့ လုံးဝအသုံးမဝင်
ခေါင်းကျကျ ပြားကျကျ အသက်ရှင်မယ်ဆိုတဲ့
အတွေးကိုသာ များများတွေးခဲ့.

အဲ့တာသာရရင်တော့ မင်းအတွက်ဂုဏ်ယူပါတယ်.
ဂျပန်နိုင်ငံ က နှလုံးသားအစစ်နဲ့ စက်ရုပ်လူသား စာရင်းထဲ
မင်းဝင်နိုင်ပါဘီ.😥
Credit###

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61369.52
ETH 2929.95
USDT 1.00
SBD 3.66