လိုက်ဖြစ်ရင်ကျေနပ်ပေါ့

in #esteem6 years ago (edited)

လူရယ်လို့ဖြစ်လာ ...
လူအတော်များကတော့ ဒုက္ခတောထဲ ရုန်းကန်နေရသူချည်းဘဲ ...
image
သဘာဝတရားက လက်ချောင်းဆိုတာ တစ်ချောင်းတည်းမဟုတ် ...
လက်တစ်ဖက်မှာ လက်ငါးချောင်းဖန်ဆင်းပေးထားတယ်.
လက်တစ်ချောင်းတစ်ခုခုထိခိုက်ဒဏ်ရာရပြီး ...
တစ်ခြားလက်ချောင်းတွေပါမလှုပ် ...
လက်တစ်ခုလုံး အလုပ်မလုပ်တော့ဘူးလား ?
ဟင့်အင်း ...
လက်တစ်ချောင်းထိခိုက်ဒဏ်ရာရလည်း ...
တစ်ခြားလက်ချောင်းတွေနဲ့ ဆက်လက်ပြီး အလုပ်တွေလုပ်နိုင်ပါတယ် ...
လောကကြီးမှာ ခြေ လက်မရှိသူတွေတောင် ဘဝကိုအောင်မြင်စွာ တည်ဆောက်နေကြသေးတာဘဲလေ ...

လူ့ဘဝမှာ ...
စီးပွားရေး ..
လူမှုရေး ...
ပညာရေး ...
အချစ်ရေး ...
အိမ်ထောင်ရေး ...
အိမ်တွင်းရေး တွေဟာ လက်ချောင်းလေးတွေနဲ့တူတယ် ...

ကံကြမ္မာစက်ဝန်း ဘဝထဲမယ် ရုန်းကန်ကြစဉ် ...
အကြောင်းကြောင်းကြောင့် ...
အရေးတစ်ခုခုက တစ်ခုခုဖြစ်ခဲ့ရင် တစ်ခြားအရေးတွေပါထိခိုက် ...
စိတ်ဓါတ်တွေကျ ...
ဘဝကိုရေစုန်မျော ...
စီးပွားရေး အဆင်မပြေဘူးလား ...
ပညာရေးအဆင်မပြေဘူးလား ...
အချစ်ရေးအဆင်မပြေဘူးလား စသည်ဖြင့် ...
ဘယ်လိုဖြစ်ဖြစ် ....
မပြေတဲ့တစ်ခုပေါ် ဘဝစိတ်တစ်ခုလုံးနှစ် ဘဝတစ်ခုလုံးထိခိုက် ဗုံးဗုံးလဲစရာမှ မလိုတာလေနော် ...

လက်တစ်ချောင်းမကောင်းရင် ... ကျန်လက်လေးချောင်းနဲ့ ကြံ့ကြံခံရသလို ...
ဘဝမှာ အရေးတစ်ခုခု အဆင်မပြေရင် ...
ကျန်အရေးတွေကို မထိခိုက် ...
လုပ်စရာရှိတာလုပ် ...
ရှေ့ဘဝခရီး ကြံ့ကြံ့ခံဆက်လျှောက်ရမှာပေါ့ ...

မမြဲခြင်းတွေအရ ...
ပြေလည်မှုလည်း မမြဲ ...
မပြေလည်မှုလည်း မမြဲ ...
ပြေလည်တစ်လှည့် မပြေလည်တစ်လှည့် ကိုယ့်ရုပ်ခန္ဓာလည်းမမြဲ ...

မမြဲတဲ့အရာတွေအတွက် ...
ရှင်သန်ရာစိတ်နှလုံးသားမှာ ဒဏ်ရာနက်နက်ရစရာမှမလိုတာလေနော် ...

လက်ချောင်းတွေမှာ ...
လက်မလည်း လက်မအလျောက် ...
လက်သန်းလည်းလက်သန်းအလျောက် ...
လက်တစ်ချောင်းချင်းစီသန်မာကြံ့ခိုင်ဖို့လိုသလို ...
ဘဝမှာလည်း ... ဘဝရဲ့အရေးတွေမှာ ကြံ့ခိုင်ဖို့လိုတာပေါ့ ...

ဘဝရဲ့ အပိုင်းအခြားတွေကို သီးခြားကန့်သတ် ...
အရေးကိစ္စတစ်ခုအဆင်မပြေလည်း ...
တစ်ခြားဘယ်အရေးကိစ္စမှ ထိခိုက်ဖို့မပြင်းထန်စေဖို့ လုပ်နိုင်သူ ' မိမိ ' သာလျှင်ဖြစ်ပါသည် ...

မိမိဘဝ၏အရေးကိစ္စတွေကို ...
မိမိ အသိဉာဏ် ... စိတ်နှလုံးသားကြံ့ခိုင်မှုတွေနဲ့ စောင့်ရှောက်ရင်း ...
ဘဝဆိုတဲ့ တိုက်ပွဲမှာ ...
ကြံ့ကြံ့ခံအားတွေနဲ့ ရှေ့ခရီးကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ် ...
လောကရဲ့ မမြဲခြင်းတွေ နှလုံးသွင်းရင်း ...
မပူလောင်တဲ့ သတ္တိရှိကြံ့ခိုင်မှုတွေနဲ့
ဘဝကိုဖြတ်သန်း ...
အေးချမ်းကြရအောင်လေနော် ...

image

#Maဘဝမွာ ဘယ္လိုအခက္အခဲရွိရွိ ...
ဗုဒ္ဓ ဓမ္မ သံဃာ့ အဆုံးအမတွေ နှလုံးသွင်း နေထိုင်ရှင်သန်ကြိုးစားရတယ်မလား ...

ရတနာသုံးပါး မိဘ ဆရာသမားတွေရဲ့ အဆုံးအမအပြင် ...
နောက်ထပ် ဘဝမှာ ရိုသေလေးစားချစ်ခင်ပြီး ...
သူ့ထားရှိတဲ့ စိတ်နှလုံးသားကိုတန်ဖိုးထား သူပြောတဲ့ ဘဝနေနည်းကို နှလုံးသွင်းလိုက်နာမိတာကတော့ အမေ ဒေါ်အောင်ဆန်းဆုကြည်ပါ ...

ဒီနေ့ ... မြန်မာနိုင်ငံရဲ့ ရခိုင်အရေးကို အကြိတ်အနယ် ဆွေးနွေးမှုသေးသေးလေးရှိခဲ့တယ် ...
သိလို့ တတ်လို့မဟုတ်ပေမယ့် ...
ကိုယ်လေ့လာထားသမျှ အမှန်တရားဘက်က အကောင်းဆုံးပြောဆိုခဲ့တယ် ...
ဆွေးနွေးပြောဆိုမှုမှာ တစ်ဖက်က သိပ်ကောင်းတဲ့ မေးခွန်းတွေကို အမှန်တရားအပြည့်ပါတဲ့ အကောင်းဆုံးအဖြေတွေဖြေဖို့ကြိုးစားခဲ့တယ် ...

သေချာတာကတော့ ဒီလောကကြီးမှာ ...
သတင်း မှန်/မမှန် မှုတွေရဲ့ကြီးစိုးချုပ်ကိုင်မှုက မီဒီယာပါ ...
အင်အားကြီးသူ နဲ့ အင်အားနည်းသူဆို ...
ကိုယ်တွေနိုင်ငံ ရဲ့ သတင်းမှန်ထုတ်ပြန်မှုက ကမ္ဘာ့မီဒီယာ သတင်းထုတ်ပြန်မှုနဲ့ ယှဉ်ရင် ... အားမရစရာဆိုတာထက် ဝမ်းနည်းကြေကွဲဖွယ်ခံစားမိအောင် သတင်းပေါက်ရောက်မှု မရှိဆဲဘဲ ...

သတင်းပေါ်မူတည် ယုံကြည်သူတွေဆို ...
ကမ္ဘာ့ အင်အားကြီးတွေရဲ့ သတင်းထုတ်ပြန်မှုမှာ ... သတင်းမှန်ထုတ်ပြန်တဲ့ မြန်မာ့သတင်းထုတ်ပြန်မှုက ...
အလဲလဲအပြိုပြို ...
နောက်ဆုံးတော့ ...
မီဒီယာအားကောင်းခြင်းဆိုတာနောက် အမှန်တွေက အမှားဖြစ်တတ်ကြတယ် ...

တစ်ချိန်က ကြည့်ဖူးတဲ့ Pinocchio ဇာတ်ကားလေးသွားသတိရတယ် ( အဲ့ဇာတ်ကားအကြောင်း နောက်မှရေးဦးမယ်) ...
သတင်းတစ်ခုထုတ်ပြန်မှုဟာ ...
နိုင်ငံကိုမဆိုထားနဲ့ ...
လူတစ်ယောက်ဘဝကို ဘယ်လောက်တောင်ထိခိုက်ပြောင်းလဲနိုင်လဲဆိုတာ အဲဒီ့ဇာတ်ကားကနေ သင်ယူခဲ့ဖူးတယ် ...

အမေဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလို့ အတိုက်အခံ ကမ္ဘာကို မပြောတာလဲတဲ့.
ကိုယ့်ဘက်က အုပ်ချုပ်ရေး နိုင်ငံရေးမှာ မေတ္တာတရားသဘောလေးတွေနဲ့ အုပ်ချုပ် ပြောဆိုနွေးဆွေးဆက်ဆံတတ်တဲ့ အမေရဲ့လုပ်ဆောင်မှုတွေကို ခံစားရသူမို့ အမေ ဘာကြောင့် ဘယ်လိုကိုင်တွယ်ဖြေရှင်းရတယ်ဆိုတာ ကိုယ်ခံစားနားလည်သလို အတတ်နိုင်ဆုံးဖြေခဲ့တယ် ...

ဒီနေ့ ဆွေးနွေးမှုမှာ ...
တစ်ဖက်သူ ၁၀၀% လက်ခံတယ်မဟုတ်ပေမယ့် ကိုယ်ပြောတာကို လက်ခံပြီး နောက်ဆုံး ... နင်ပြောတာကို ရာနှုန်းပြည့်လက်ခံတယ်မဟုတ်ဘူး. ဒါပေမယ့် ငါဘက်မှပြောစရာမရှိတော့ဘူး. နင်ပြောတာတွေ မှန်မမှန် ငါ လေ့လာဦးမယ် ဆိုတာမှာပြီးသွားတယ်. တစ်ကမ္ဘာလုံးမဟုတ်တောင် လူတစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် အမှန်တရားကို ချပြနိုင်ဖို့အကောင်းဆုံးကြိုးစားခဲ့ပါတယ် ...image

အဖွဲ့အစည်း နဲ့ လုပ်ရတယ်ဆိုတာကလည်း ...
ခေါင်းဆောင်တစ်ယောက်တည်းတော်နေလို့မရသလို နောက်လိုက်တွေကောင်းပြီး ခေါင်းဆောင်အဆင်မပြေလည်းမရပြန်ဘူးမလား ...
Top to bottom အဆင့်ဆင့်အဆင်ပြေမှ အဖွဲ့အစည်းတိုးတက်ကြတာမလား ...

မျှော်လင့်ချက်တွေ ဘဝမှာ သိပ်မထားတတ်ပေမယ့် ...
ယုံကြည်မျှော်လင့်မိတယ် ...
တစ်ချိန် ' မြန်မာနိုင်ငံ ' လို့ပြောလိုက်တာနဲ့ အားလုံးက လေးစားအားကျကြတာမျိုး ...
ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေမယ့် ...
ထိုက်သင့်လျောက်ကာကွယ်ပြီး ...
ကိုယ်ပေးနိုင်သမျှပေးရမှာပေါ့ ...
ပေးကမ်းစွန့်ကြဲသူ စိတ်နှလုံးသား ကောင်းကျိုးချမ်းသာက စောင့်ရှောက်မှာပါ ...

တစ်ဘဝစာအတွက် ရှင်သန်နေကြရတာမှ မဟုတ်တာလေနော်.
သံသရာဝဋ်ဆင်းရဲမှ မကျွတ်သေးသမျှ ဘဝတွေအတွက် ...
တစ်ဘဝစာ ကောင်းစားရေး ဘာလို့များ လုပ်ဦးမလဲ ...

ပေးသောလက်များ ...
စွန့်လွှတ်နိုင်တဲ့ စိတ်နှလုံးသားများနဲ့ ...
သံသရာကောင်းဖို့တွက်လေ.

တစ်ပါးသူရဲ့ ' လိုသုံး ' ဆိုလည်း သုံးကြပါစေ ...
သူစေတနာကံ သူ့အကြောင်းတရားပေါ့ ...
ကိုယ့်စိတ်စေတနာကံ ကိုယ့်ကံဖြစ်လာမှာမို့ ...
ဘယ်တော့မှ တစ်ပါးသူကို ကိုယ့်လိုအင်အတွက် ' လိုသုံး ' အဖြစ် အသုံးမချမိအောင်ကြိုးစားကြမယ်လေနော်.

ဘယ်တော့ဖြစ်လာမလဲမသိပေမယ့် ... ကိုယ်မျှော်လင့်ပါရစေ.

ရွှေပြည်တော်ရယ် ... မျှော်လေတိုင်း မဝေးပါနဲ့နော် .image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70910.93
ETH 3657.39
USDT 1.00
SBD 3.76