လွမ်းနေဆဲ

in #esteem6 years ago

image
ကိုယ့်သားသမီး ကိုယ်ရှိမှ ဖြစ်မယ်ဆိုတာမျိုးက သားသမီးကိုတကယ်ချစ်တဲ့ ချစ်ခြင်း မေတ္တာမဟုတ်ပါဘူးတဲ့ ...


ရပ်တည်နိုင်အောင် ...
ပါရမီဖြည့်ရင်း ...
ပံ့ပိုးကူညီဖေးမရင်း ...
ချစ်ခြင်းမေတ္တာထားရှိကြရအောင်လေနော် ... image

တကယ့်ချစ်ခြင်းမေတ္တာဆိုတာက ကိုယ်ချစ်ရသူတွေကို ကိုယ်မရှိဘဲ သူတို့ဘာသာရပ်တည်နိုင်အောင် independent ဖြစ်အောင် ပံ့ပိုးကူညီစောင့်ရှောက်ပေးခြင်း တဲ့ ...

မိဘက သားသမီးကို သူတို့မရှိဘဲ သားသမီးတွေ
သူတို့ဘာသာရပ်တည် independent ဖြစ်အောင်
ပြုစုပျိုးထောင်ပေးတာက သားသမီးကို ချစ်တဲ့
တကယ့်ချစ်ခြင်းမေတ္တာတဲ့.
ကိုယ်ရှိမှ ဆိုတာမျိုးနဲ့ချစ်နေရင် ကိုယ်မရှိရင်
သားသမီးအားကိုးရာမဲ့ပြီး သူ့ဘာသူလည်းမရပ်တည်နိုင် ဒုက္ခရောက်မှာမို့ ...
ကိုယ့်သားသမီး ကိုယ်ရှိမှ ဖြစ်မယ်ဆိုတာမျိုးက သားသမီးကိုတကယ်ချစ်တဲ့ ချစ်ခြimageင်း မေတ္တာမဟုတ်ပါဘူးတဲ့ ...

ခင်ပွန်း ... ဇနီး ... သမီးရည်းစား ...
ဘယ်လိုချစ်ခြင်းမေတ္တာမဆို ...
တစ်ဖက်သူကို ကိုယ်ရှိမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုး ထားရှိခြင်းဟာ သူ့ကိုချစ်တာမဟုတ်ဘူး ...
ကိုယ့်ကို သူ စွဲလမ်းစေချင်တဲ့စိတ် နဲ့ သူ ကိုယ့်ပေါ်စွဲလန်းတာကို သာယာနေတဲ့စိတ် ကိုယ့်ကိုယ်ကို ချစ်တာတဲ့ ...

မိဘ ... သားသမီး ... ခင်ပွန်း ... ဇနီး ... ချစ်သူ မည်သူ့ကိုမဆို ...
ကိုယ်မရှိဘဲ သူတို့ဘာသာနေနိုင်အောင် ...
ရပ်တည်နိုင်အောင် ...
ဘဝကိုတစ်ယောက်တည်း သတ္တိရှိရှိ ကြံ့ခိုင်စွာ လျှောက်လှမ်းနိုင်အောင် ...
ပါရမီဖြည့်ရင်း ...
ပံ့ပိုးကူညီဖေးမရင်း ...
သူတို့ဘာသာ independent ဖြစ်စေရင်း ...
ချစ်ခြင်းမေတ္တာထားရှိကြရအောင်လေနော် ...

ဆုပ်ကိုင်ထားနေတာဟာ ကိုယ့်အတ္တကိုယ်ချစ်မို့ ...
လက်လွှတ်ခြင်းတွေ သင်ယူလက်တွေ့ကျင့်သုံးရင်း ...

ကိုယ့်ချစ်ခြင်းမေတ္တာ ... သူ့အတွက်လေ သူ independent ဖြစ်ပါစေ ... ကိုယ်မရှိလည်းလေ ...

#မယ်
#Maecoffee

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69386.82
ETH 3714.50
USDT 1.00
SBD 3.85