Sate Say Yar

in #esteem6 years ago

imageမေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။

ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ့်ဘာသာကိုယ် ပျော်အောင် နေတတ်ပါ။

ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ်​က သူ့ အတွက်​ တန်​ဖိုးရှိ​နေပါ​စေ။

လူ​တွေက ကိုယ်​အထင်​ကြီး​လေးစားမြတ်​နိုးရတဲ့ သူကို မစွန့်လွှတ်​ရဲကြဘူး။ ဒါ​ကြောင့်​ ကိုယ်​က အဲ့လိုလူဖြစ်​​နေဖို့ လိုတယ်​။ ကိုယ့်​ချစ်​သူက ကိုယ့်​အ​ကြောင်းကို သူ့ လူ​တွေကြားမှ ဂုဏ်​ယူစွာ​ပြော​နေပြီဆိုရင်​​တော့ You are doing it right! ဒါ​ကြောင့်​ ကိုယ်​က အလကားလူမဖြစ်​​စေနဲ့။ ကိုယ်​သွား​နေတဲ့ လမ်းမှာ​အောင်​မြင်​​အောင်​လုပ်​ကိုင်​ ကြိုးစားပါ။ တန်​ဖိုးရှိတဲ့ သူကိုမှ တန်​ဖိုးထားကြတာမလား?

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

ဒါကတော့ မေ အဓိက ၇ ချက်ပဲပြောသွားတာဖြစ်ပါတယ်။
image
ပြောရရင်တော့ စိတ်ခိုင်ခိုင်ထား။ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြီးထက် သူက ငါ့ဘ၀ကို တစ်ထောင့်တစ်နေရာကနေ ပျော်ရွှင်မှုပေးတဲ့ သူတစ်ယောက်၊ သူမရှိတော့ရင်လည်း ငါ့ဘ၀က ဆက်လျှောက်နေရဦးမှာပဲ ဆက်ကြိုးစားရဦးမှာပဲဆိုတဲ့ စိတ်မျိုးထား။ ဒါဆို ဘယ်တော့မှ ကိုယ့်ရဲ့ ဖြစ်တည်မှုက မပျောက်ဆုံးတော့ဘူး။

တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းပါ။ အမှားကို တတ်နိုင်သလောက် မလုပ်မိအောင်နေပါ။ ကိုယ့်ဘက်က အမှားနည်းလေလေ ကိုယ့်တန်ဖိုးက မြင့်လေလေပဲ။

မေ့ချစ်တို့ ကိုလေ… မေ အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း အရမ်းတန်ဖိုးထားစေချင်တယ်။ မြင့်မြတ်ပြီး တန်ဖိုးရှိလွန်းလို့ တန်ဖိုးထားတာကိုပြောတာမဟုတ်ဘူးနော်။ ကိုယ့်အပေါ်ကိုယ်လေးစားစေချင်တာဖြစ်ပါတယ်…

ကိုယ့်ရဲ့ အရေးပါမှုက ထင်ရှားနေမှသာလျှင် ဒီ relationship ကလည်း ပျော်ရွှင်ကျန်းမာတဲ့ relationship တစ်ခုဖြစ်မှာမဟုတ်လား…. image

Sort:  

Hey. Hoping for a mutual subscription and upvote. I'm developing bots. Is the finished product: auto promoute in steem1t, bot inviter for telegram. Subscribe to mee

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 69831.92
ETH 3744.43
USDT 1.00
SBD 3.77