Lord of Buddaha

in #esteem6 years ago

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။
image

အိနိ္ဒယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေေ၀ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။
image

■ ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ ■

“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲ
လို့ "ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ" ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့
မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်း၀င်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း
မဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ "
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် "

ဟု ခြိိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာ၀ကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။
image
ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawyu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 3.60% upvote from @minnowvotes courtesy of @sawyu!

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63035.00
ETH 3022.97
USDT 1.00
SBD 3.82