Burmese text

in #esteem8 years ago

လောလောဆယ် လုပ်လက်စ Burmese Text Classifier အတွက် နမူနာဒေတာအဖြစ် "ဘာစီးရလဲ" ကနေ ရထားတာလေးတွေ သုံးဖြစ်တယ်။

အဲ့ဒီထဲမှာ အစုံဆုံးက ဘာလဲသိလား၊ ဆဲတဲ့စကားပဲ။ :D

ကျေးဇူးတင်စကား အသုံးအနှုံး လေးငါးမျိုးလောက်ပဲ ရှိတဲ့အချိန်မှာ ဆဲတဲ့စကားက အမျိုးနှစ်ဆယ်လောက် ရှိတယ်။ "ငိုးလေး" ကနေ "လခွမ်း" ထိ.. စုံနေတာပဲ။

နမူနာဒေတာလေး ဖြည့်ပြီး Contribute လုပ်ပေးပါလို့ ဖိတ်ခေါ်ရတာ စိတ်သိပ်မသန့်ဘူး။ Contributor ကို ဆဲနည်း နှစ်ဆယ်နဲ့ ခေါ်ဆဲသလို ဖြစ်နေလို့။ အဲ့ဒါက တော်သေးတယ်.. ဒီလူ ဆဲနည်းပေါင်းစုံ သိလှချည်လား ဆိုပြီး အထင်ကြီးသွားမှ အခက်။ :D

အခုတော့.. မထူးပါဘူးဆိုပြီး အလွန့်အလွန် ရိုင်းလွန်းတဲ့ ဆဲနည်းတစ်ချို့ ချန်ပြီး ကျန်တာတွေကို တစ်ခါတည်းပဲ ထည့်ထား လိုက်တော့တယ်။

https://github.com/eimg/burmese-text-classifier

Contributor တွေကို ဖိတ်ခေါ်ပါတယ်။ ခက်ခက်ခဲခဲ ဝင်လုပ်ပေးစရာ မလိုပါဘူး။ နမူနာဒေတာတစ်ချို့ ဖြည့်ပေးယုံပါပဲ။ data.js ကို ကြည့်ပါ။ ကျေးဇူးတင်ပါတယ်။

Sort:  

V& m done😂😂😂

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 66256.77
ETH 1918.76
USDT 1.00
SBD 0.38