Life ....

in #esteem8 years ago

အဆင်ပြေတဲ့ အခါဖြစ်ဖြစ်

အဆင်မပြေတဲ့ အခါဖြစ်ဖြစ်

ဘဝဆိုတဲ့ အရာက နေတတ်အောင်နေမှ

နေလို့ကောင်းတာပါ။



ဖိနပ်မပါတဲ့ လူက ခြေထောက်မပါတဲ့သူကိုကြည့်ပြီး

အားတင်းရသလို အဝတ်အစားဟောင်းနွမ်းစွာဝတ်ဆင်ထားတဲ့သူက

စားစရာမရှိတဲ့သူကိုကြည့်ပြီး အားတင်းနေရပါတယ်။



လောကမှာ ငါ တော်တော်ကံဆိုးပါလားလို့

စိတ်ညစ်နေသူက ခြေလက်မသန်စွမ်းသော

ဒုက္ခိတကိုကြည့်ပြီး အားတင်းရသလို

အိမ်အစုတ်နဲ့နေသူက လမ်းဘေးမှာ ကျောခင်းအိပ်ရသူကိုကြည့်ပြီး

ကိုယ့်ကိုယ်ကို အားပေးနေကြရတယ်။



ဘဝဆိုတာ မချစ်မနှစ်သက်သောသူနဲ့အတူတူဖြတ်သန်းနေရတာ

ရှိသလို ကိုယ်တကယ်ချစ်ရသူနဲ့ ခဏတာလေး ပေါင်းသင်းခွင့်

ရခဲ့တာတွေလည်း ရှိနေပါတယ်။



အလုပ်လုပ်တိုင်း အဆင်မပြေမှူတွေ ကြုံတွေ့ရတာရှိသလို

ကုလားထိုင်ပေါ်မှာ ဒူးလှူပ်နေလည်း ဝင်ငွေတွေ မလိုချင်လောက်အောင်

ရရှိနေသူတွေလည်း ရှိပါတယ်။



ကိုယ်ချစ်ရသူတွေ ဆုံးရူံးခဲ့ရလို့ ပူဆွေးဝမ်းနည်းမှူတွေရှိသလို

ကိုယ်တန်ဖိုးထားသူတွေနဲ့ အတူတူနေခွင့်ရပြီး ပျော်ရွှင်နေရတာတွေလည်း ရှိနေတတ်ပါတယ်။



မည်သို့ပင်ဖြစ်စေ....ဘဝဆိုတာ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊

ကျေနပ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ဓာတ်ကျခြင်းစသော

ရသမျိုးစုံကြားမှာ စီးမျောရင်း နေတတ်မှ ကျေနပ်စရာကောင်းမှာပါ။

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63266.95
ETH 1735.35
USDT 1.00
SBD 0.47