နာလေးသူ

in #esteem8 years ago

ငယ်စဉ်က (၇)တန်းတွင်အတန်းတူ သူငယ်ချင်း စိုးဦးဆိုသူရှိပါသည်။ စိုးဦးကို အတန်းဖေါ်သူငယ်ချင်းများကနားထိုင်း၍ အဘိုးလေး ဟုခေါ်ပါသည်။ အချို့ အဘိုးလေးစိုးဦး၊ စိုးဦးနံမည်ပျောက် ငယ်ငယ်ရွယ်ရွယ်နှင့် အဘိုးလေးအမည်ရတော့သည်။



နောက်ပိုင်း စိုးဦးနှင့်ြုပန်တွေ့ချိန်တွင် စိုးဦးဋ္ဌာနတစ်ခုတွင် ဦးစီးအရာရှိတစ်ယောက်ဖြစ်နေပြီး နားမလေးတော့ပါ ဟုဆိုပါသည်။
image
ကြောင်လျာ၏အသီး၊အပွင့်နှင့် အရွက်နုကို မကြာမဏကြော်စားခြင်း၊သုပ်စားခြင်း၊အတို့အမြှုပ်လုပ်စားခြင်း

နှင့် ရွက်ကျပင်ပေါက်ကို မီးကင်ပြီး နားနှစ်ဖက်အတွင်းသို့ နှစ်ရက်တစ်ကြိမ်လောက် အရည်ညှစ်ထည့်ပေးခြင်း

ဖြစ်သည်ဟုဆိုပါသည်။

အင်္ဂလိပ်ဆေး သုံးစွဲခြင်းမရှိပါဟုဆိုပါသည်။(၆)လလောက်လုပ်ရသည်ဟုဆိုပါသည်။



အသက်(၈၉)နှစ် နားမထိုင်းသောအဘိုးအို

ကံစမ်းလိုသောစိတ်ဖြင့် ထီးထိုးရန် ထီးဆိုင်သို့အ၀င် ထီလက်မှတ်ရောင်းနေသော အဖိုးအိုကိုတွေ့လေသည်။

အဘိုးအို ထံမှ ထီလက်မှတ်(၅)စောင်ဝယ်ယူရာ  မိမိပြောသောစကားသံကိုတိုးတိုးပြောရုံဖြင့် ကြားလေသည်။

image
အဘိုး အသက်ဘယ်လောက်ရှိပြီးလဲ

(၈၉)နှစ်ကွဲ့......။

အဘိုးနားတွေ ကောင်းနေတုန်းပဲနော်…။

ဟုတ်တယ်ကွဲ့..။

အဘိုးနားအတွက် ဘာဆေးစားလဲ…မေးမိရာ



ကြောင်ရှာသီးသည် နားကို အလွန်ပြုကြောင်း၊ငယ်စဉ်ကပင် နားပြည်ယို၊နားကိုက်လျှင် ကြောင်ရှာသီး၊ကြောင်ရှာရွက်ကို သုပ်စား၊ကြော်စားနဲ့ အမြဲလိုပျောက်ကင်းကြောင်းနှင့် မကြာခဏရွက်ကျပင်ပေါက် သတ္တုရည်လေးကို နားတွင် မီးလေးကင်ပြီးနားထဲသို့ထည့်၍ နားကောင်းသည်ဟု

ထင်သည်ဟုဆိုပါသည်။

ထိုပြင် အဘိုးအို၏ အိမ်အတွင်းတွင် ပန်းအိုးနှင့်စိုက်ပျိုးထားသော ရွက်ကျပင်ပေါက်ပင်အား လက်ညှိုးထိုးကာ ပြလိုပါတော့သည်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 63051.82
ETH 1739.15
USDT 1.00
SBD 0.39