Everlasting Love

in #esteem6 years ago

သည်းခံခြင်းဆိုတာ

အများအားဖြင့်​ ​ကောင်းတဲ့အမူအကျင့်​တစ်​ခုပါ

ဒါ​ပေမယ့်​ ဖြစ်​စဉ်​နဲ့ ခံစားမှု​တော့ ကွာခြား​နေတတ်​ပါ

တယ်​။



လူတစ်​ချို့်​က သည်းခံစိတ်​ရှည်​တတ်​သူကို

ချစ်​ခင်​သ​ဘောကျကြမှာ အမှန်​ပါပဲ။

ဘာလို့လဲဆို​တော့ ကိုယ်​လုပ်​ချင်​တိုင်း

အနိုင်​ကျင့်​ချင်​တိုင်း ကျင့်​လို့ရ​နေတဲ့သူကို

ဘယ်​သူကမှ​တော့ မုန်းကြမှာ မဟုတ်​ပါဘူး။



ဒါ​ပေမယ့်

သူ​ပျော်​ရင်​ ၊ သူစိတ်​ချမ်းသာရင်​ပြီး​ရောဆိုတဲ့စိတ်​နဲ့

ကိုယ်​ဘာဖြစ်​ဖြစ်​ သည်းခံ​နေတာက

ကိုယ်​တန်​ဖိုးထားရသူကို အ​ကြွေးတင်​​အောင်

လုပ်​မိ​နေသလို ဖြစ်​​နေတတ်​တယ်​။



ကိုယ်​က သည်းခံ​နေတာများလာ​တော့

တစ်​ဖက်​က ကိုယ့်​နှလုံးသားကို ဘာမှမဖြစ်​ဘူးထင်​ပြီး

ပို၍ပို၍ နိုင့်​ထက်​စီးနင်းလုပ်​သလိုဖြစ်​လာတတ်​တယ်

ကိုယ်​က ဝဋ်​​ကြွေးတစ်​ခု​ကြောင့်​ပဲဖြစ်​ဖြစ်

ပေးဆပ်​ချင်​လွန်းလို့ပဲ ဖြစ်​ဖြစ်​ သည်းခံ​နေ​ပေမယ့်​ တစ်​ဖက်​က

ရ​လေလို​လေအိုတ​စ္ဆေ ဖြစ်​လာပြီး

အ​ကြွေး​တွေ ယူမိလာပါ​လေ​ရော။
image

ဥပမာ.....မိဘက သားသမီး​တွေကိုချစ်​လွန်းလို့

အလိုလိုက်​တာများလာ​တော့ သားသမီး​တွေအ​နေနဲ့

နောက်​ဆုံး ကိုယ်​လိုချင်​တာမရတဲ့အခါ

မိဘကို ကိုယ်​ထိလက်​​ရောက်​ ပြုမူလာတဲ့အထိ

သံသရာနစ်​​အောင်​ မိဘက မချစ်​တတ်​သလို

ဖြစ်​လာတတ်​ပါတယ်​။



ကမ္ဘာကြီး ပျက်​စီးဆုတ်​ယုတ်​လာတဲ့အ​ကြောင်းအရင်းက ပညာရှိ​တွေ ပါးစပ်​ပိတ်​ခဲ့လို့လို့ ကမ္ဘာ​ကျော်

ပုဂ္ဂိုလ်​တစ်​​ယောက်​က ရင်​ဖွင့်​ခဲ့ဖူးပါတယ်​။



ကိုယ်​တန်​ဖိုးထားရသူ​တွေနဲ့ ကိုယ်​နဲ့ပတ်​သက်​ခဲ့သူ​တွေကို အ​ကြွေး​တွေ ထပ်​မယူ​စေချင်​ရင်​ သည်းခံသင့်​တာကို

သည်းခံပြီး အားမနာသင့်​တဲ့အရာကို

အမှန်​မြင်​​အောင်​ ​ထောက်​ပြသင့်​ပါတယ်​။



လူတစ်​ချို့်​က အရိပ်​အမြွက်​ ​ပြောရုံဖြင့်​ နားလည်​နိုင်​​ပေမယ့်​ လူတစ်​ချို့က​တော့ အဆိပ်​ရှိတဲ့​မြွေတစ်​​ကောင်​မှန်း

သိ​အောင်​​တော့ အ​မောက်​က​လေး​ထောင်​ပြမှရမှာပါ။
image

ဘယ်​အရာကိုမဆို ပညာသားပါပါ

သူ့ဘက်​ကိုယ့်​ဘက်​ မျှတ​အောင်​ သည်းခံတတ်​မှ

တရားမျှတခြင်း ဆိုတာ ဖြစ်​လာမှာပါ

သူ့ဘက်​​တော့ ​ကောင်းသွားပြီး ကိုယ့်​ဘက်​မှာ

စုတ်​ပြတ်​သတ်​​အောင်​ ခံ​နေရရင်

မျှတပြီး မှန်​ကန်​တဲ့ သည်းခံခြင်းမဟုတ်​ပြန်​ဘူး။



သည်းခံပါ

သူ​ကောင်းပြီး ကိုယ်​အရမ်းကြီးထိခိုက်​မသွားရင်​....



သည်းခံပါ

သူ လမ်း​ကြောင်းမှန်​ပြီး ကိုယ့်​ဘဝလမ်း​ကြောင်း​တွေ

မတိမ်း​စောင်းသွားခဲ့ရင်​......



သည်းခံပါ

သူ့ဂုဏ်​သိက္ခာကို ကာကွယ်​ရာ​ရောက်​ပြီး

ကိုယ့်​ဂုဏ်​သိက္ခာကို မထိခိုက်​နိုင်​ဘူးဆိုရင်​.....



သည်းခံပါ

သူ့ကို ကိုယ်​ဘယ်​လိုမှ ​ပြောင်းလဲလို့ မရ​တော့ဘူးဆိုရင်​......



နောက်​ဆုံး သည်းခံလို့ မရ​တော့ဘဲ

ပြောင်းလဲလို့လည်း မဖြစ်​နိုင်​​တော့ဘူးဆိုရင်

ဥ​ပေက္ခာပြုနိုင်​​အောင်​ ကြိုးစားတာက

အနည်းဆုံး​တော့ ချစ်​စကိုရှည်​​စေပြီး

မုန်းစကိုတို​စေကာ နာကျင်​မှု​တွေ ​လျော့နည်း​စေပါလိမ့်​မယ်​။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by steemyell from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66991.04
ETH 3101.80
USDT 1.00
SBD 3.74