Min Ma Min Bae Achit Yae

in #esteem6 years ago

image
မနေ့က ချေးငွေဂုထဲ ဝင်အခွီကောင်းတာ
ဖေ့စ်ဘုတ်အသုံးနည်းတဲ့ မိတ်ဆွေထဲက သုံးလေးယောက်ဖုန်းဆက်မေးကြတယ်။
ပိုက်ဆံတွေ ပါသွားတာလား ဘာလားပေါ့
😁😁

အာ့နဲ့ရှင်းပြရတာပေါ့။
မဲစုကြတဲ့ဂရုပါ... အလိမ်ခံရသူတွေများနေလို့
ပျက်အောင် ဝင်မွှေကြည့်တာပါ ဘာညာပေါ့။
အဲ့တော့ ပြန်မေးတယ်... မဲစုတယ်ဆိုတာ ဘာလဲပေါ့။
ဘာတွေလုပ်ကြတာလဲ။

မဲစုတယ်ဆိုတာက အစပိုင်းကတော့ ရိုးရိုးသားသားပါ။
တစ်နေ့မှာ ကိုယ့်အတွက် သုံးရင်းစားရင်းနဲ့ မသိမသာစုလို့ရတဲ့ ငွေကြေးလောက်ကို အဖွဲ့လိုက်လေးစုကြရင်း
တစ်လုံးတစ်ခဲတည်း ထုတ်ယူကြဖို့ ရည်ရွယ်ချက်ပါ။
အဓိကက ငွေစုတာပေါ့။
ကိုယ့်ဘာသာဆို မစုမိမှာစိုးလို့ အုပ်စုလိုက်လေး စုကြတယ်ပေါ့။

လူဆယ်ယောက် စုတယ်ဆိုပါစို့။
တစ်နေ့တစ်ထောင် ဆယ်ယောက်ဆိုတော့ တစ်နေ့ကို တစ်သောင်း။
ဆယ်ရက်တစ်မဲဆိုတော့ ဆယ်ရက်တစ်ခါ မဲထုတ်ရင်
တစ်သိန်းရပါတယ်။
လူဆယ်ယောက်ရှိရင် ဒိုင်တစ်ယောက်က ရှေ့ဆုံးမဲ ရပါတယ်။
သူက ငွေကြေးခေါင်းခံရ သိမ်းရ တောင်းရသူဆိုတော့
အရင်ဆုံးရတဲ့မဲကို ကြိုသုံးခွင့်ရပါတယ်။
ကျန်ကိုးယောက်ကတော့ မဲနှိုက်ရပါတယ်။
ကိုယ်ရတဲ့နံပါတ် ကိုယ်ယူပေါ့။
ဒါက ပုံမှန်မဲပါ။ ကိုယ့်ဝင်ငွေနဲ့ ထည့်နိုင်ရုံပမာဏလောက် လူရင်းတွေချည်း စုထည့်ကြတာ ဖြစ်တဲ့အတွက်
ပြသနာနည်းပါတယ်။
image
စုငွေအမောင့်များလာရင်တော့ ရှေ့ကထုတ်သွားပြီး နောက်ကမထည့်နိုင်တော့ရင် ပြသနာရှိတတ်ပါတယ်။

နောက်တော့ ဆန်းလာပါတယ်။
ဥပမာ- မဲနှိုက်လို့ နံပါတ် ၈ရတဲ့လူက နံပါတ် ၃မဲမှာ ထုတ်ချင်တယ်။
နံပါတ်၃ရထားတဲ့လူကလည်း နံပါတ်၃ပဲ ထုတ်ချင်တာပေါ့။ ဘယ်ပေးလိမ့်မလဲ။
နင့်နံပါတ်၃ ငါ့ပေးဟယ်
ငါ့နံပါတ်၈ နင်ယူ... အမြတ်ပေးမယ်ဆိုတာမျိုးတွေ ဖြစ်လာရော။

ဒါက မဲပါသူအချင်းချင်း အမြတ်ယူလဲကြတာ
အဲ့က တဆင့်တက်လာတော့ ဘာဖြစ်လာလဲဆိုတော့
မဲမပါထားတဲ့ အပြင်ကလူကိုပါ နောက်နှစ်လမှ ထုတ်မယ့် ဆယ်သိန်းမဲကို ခု ခုနှစ်သိန်းနဲ့ ယူပါဆိုပြီး ရောင်းတာမျိုးတွေ ဖြစ်လာရော။
မဲရောင်းမဲဝယ်ဆိုတာ ဒါပါပဲ။
ဇယားတွေအများကြီး ရှုပ်လာတာပေါ့လေ။
သိုင်းလောကကြီး ဖြစ်လာတာ။

ဒါတင်ပဲလားဆိုတော့ ရှိသေးတယ်။
လေလံမဲဆိုတာ... မဲနှိုက်ယူတာက ကျချင်တဲ့မဲကျမှာ။
ရှေ့လိုချင်တဲ့လူ နောက်ကျရင် တိုင်ပတ်ပြီလေ။
အဲ့တော့ ရှေ့လိုချင်တဲ့လူက နောက်လူတွေကို အမြတ်ပေးပြီး အရှုံးခံယူ။
နောက်လူတွေက အမြတ်ခွဲယူ။
အဲ့လို ပုံစံသွားတယ်။
မဲဒိုင်တစ်ဒိုင်နဲ့ တစ်ဒိုင်အမြတ်ယူပုံချင်းမတူ။
အချို့က သင့်သင့်တင့်တင့်ပဲ အမြတ်ယူတာမျိုးရှိသလို
အချို့ဆို နံပါတ်၂မဲယူတဲ့လူက ဆယ်သိန်းထည့်ရင် ငါးသိန်းလောက်ပဲရတာမျိုးတောင် ရှိတယ်။
image
အဲ့လောက် အရှုံးခံပြီး ဘာလို့ယူကြသလဲဆိုတော့
ငွေလိုလို့ ယူကြတာပါ။
ဒီတိုင်းအပြင်မှာငွေချေးရင် အပေါင်ပစ္စည်းမပါရင် ချေးဖို့မလွယ်ပါဘူး။
ဒါ့အပြင် ၁၀တိုး၂၀တိုးတွေနဲ့ယူရပါတယ်။
တစ်လုံးတည်းပြန်ဆပ်ရပါတယ်။
ဒီလိုမဲနဲ့ယူတာကျ လစဉ်ပေးသွားရတယ်။
ပြန်ဆပ်နိုင်မယ် ထင်တယ်ပေါ့။
အများအားဖြင့်တော့ မရှိလို့ယူရတာ ဖြစ်တဲ့အတွက်
ပြန်ပေးနိုင်သည်ပဲထားဦး
ပြည့်တဲ့ရက် မပေးနိုင် နောက်ကျဘာညာနဲ့
စကားအတော်ပြောရပါတယ်။

မဲစုတာ မကောင်းဘူးလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး။
မဲစုတာ အလိမ်တွေချည်းပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။
ကိုယ်နဲ့ အပြင်မှာ စီးပွားရေးလုပ်နေတဲ့ ပတ်ဝန်းကျင်
ရင်းနှီးသူတွေချည်း စုလုပ်ရင်တော့ မဆိုးပါဘူး။
ငွေလှည့်လို့ရ၊ အရင်းအနှီးလေးရ
မှန်မှန်ကန်ကန်လေး ရေရှည်လုပ်နေတဲ့ အသိုင်းအဝိုင်းတွေလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။

အပြင်မှာ လူချင်းသိကြ၊ ခင်ကြမင်ကြ
စာချုပ်သာတမ်းကြီးတွေနဲ့လုပ်ကြတာတောင်
ပြသနာတွေတက်ကြ၊ နောင်ဂျိန်တွေ ချကြသေးတာ
အခုလို အွန်လိုင်းပေါ်က မသိတဲ့လူပေါင်း သောင်းခြောက်ထောင်နဲ့ ပါးစပ်ပြောလေးနဲ့ ဘဏ်က ငွေလွှဲကြ
ချေးကြငှားကြကြီးနဲ့ကျ စွန်းကြမ်းတယ်လို့ ပြောရမယ်။

အသာလုပ်ကြပါ ချစ်ကိုတို့ ချစ်မတို့ရေ
ဖြည်းဖြည်းချေးလည်း မွဲပါတယ်...
😌😌😌ဘဝမှာ ဘာလိုချင်တာလဲထက်
ဘာလိုအပ်တာလဲဆိုတာကို သတိကပ်ရမယ့် အချိန်ရောက်နေပြီလို့
ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်။

မျှော်လင့်ချက်တွေဆိုတာ အတောမသတ်ဘူး။
အရင်က မျှော်လင့်ခဲ့တဲ့နေရာတစ်ခု ရောက်လာတဲ့အခါ
နောက်ထပ်ကြီးမားတဲ့အရာတွေ အလိုအလျောက် မျှော်လင့်လျက်မိသား ဖြစ်လာတယ်။

ကြာတော့ ပင်ပန်းလာတယ်။
ဘာမှမမျှော်လင့်နိုင်ဘဲ အရာရာကို ပစ်ချထားခဲ့တဲ့
ခပ်ညံ့ညံ့ဘဝက ခံစားချက်လေးကို
တစ်ခါတရံ လွမ်းဆွတ်မိလာတယ်။

သမ္မအာဇီဝပေမယ့် တစ်နေ့တစ်နေ့
ငွေကို ဘယ်လိုရှာရမလဲဘဲ တွေးမိနေရတဲ့
ကိုယ့်ကိုယ်ကိုယ် အတော် သောက်မြင်ကပ်လာမိတယ်။

စိတ်က သွားနေတယ်
လူက မလိုက်နိုင်ချင်သလို ဖြစ်လာတယ်။
ကိုယ့်ကိုယ်ကိုယ် အမြဲခိုင်းချင်နေတဲ့
ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဆိုးမိတယ်။

ခဏနားပါရစေဦး
😥

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66149.24
ETH 3015.59
USDT 1.00
SBD 3.73