About Car

in #esteem8 years ago

ကားတစ်စီးရေဆူရခြင်း၏ အကြောင်း(၅)



(၃) Engine Cooling System ရှိပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း အင်ဂျင်ရေအေးစနစ်ရှိ ပိုက်များ၊ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ပါက အင်ဂျင်နှင့်ရေတိုင်ကီအတွင်းရှိရေများသည် ကားမောင်းနှင်ချိန် ရေပူလာသောအခါ ရေများအပြင်သို့ ထွက်ကာ ရေဆူတတ်ပါသည်။
ထို့အပြင် ပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်းရှိပါက ရေပူလာချိန်တွင် ရေပြန်ဗူးအတွင်းသို့ ဝင်ရောက်သွားသော ရေများသည် အင်ဂျင်အေးချိန်တွင် ရေတိုင်ကီအတွင်းသို့ပြန်မဝင်နိုင်တော့ပါ။
ထို့ကြောင့်ရေမကြာခဏ လျော့တတ်သောကားများသည် ဝပ်ရှော့များသို့ သွားရောက်ကာ ရေအေးစနစ်ရှိ ပိုက်များ၊ ပိုက်ဆက်များနှင့် ရေတိုင်ကီမှ ရေယိုစိမ့်ခြင်း ရှိ/မရှိ ပိုက်ကလစ်များ ကောင်းမွန်ခြင်းရှိ/မရှိ စစ်ဆေးသင့်ပါသည်။

@taori

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 63953.04
ETH 1857.95
USDT 1.00
SBD 0.38