htar nain kya say

in #esteem6 years ago

ပျာ်ရွှင်စရာကောင်းတဲ့ ..
နွေးထွေး တဲ့ ..
မိသားစုဘဝဆိုတာတစ်ဦးအ​ပေါ်
တစ်ဦး နားလည် မူ့ အလျော့ပေးမူ့ စာနာ ငဲ့ညာ မှု့ ..
နွေးထွေးမှု့ တို့​ကြောင့်​ စစ်မှန်​တဲ့​ပျော်​ရွှင်
ခြင်းကိုပိုင်​ဆိုင်ကြ​ရတာပါ..

သိပ်ချစ် တဲ့ ချစ်သူ တေ ဘဝမှာ..ချစ်မှန်းသိလို့ တစ်ဇွတ်ထိုး အနိုင်ယူ မှု့ နားမလည် ပေးမှု့ ကိုယ့်ဘက် သာ ကြည့် တတ်တဲ့ အတ္တ စိတ်အနိုင်လို မှု့တေ များ နေရင် လွှဲချော်မှု့တေနဲ့ ....

သူငယ်​ချင်းမိတ်​​ဆွေ​တွေဆိုတာဟာလဲ
စာနာ ​ထောက်​ထား မှု ရိုင်းပင်း ညှာတာ​မူ့
တို့ကြောင့်​ခင်​မင်​မူ့အဓွန့်​ရှည်​ကြာခိုင်​မြဲကြ
ရပါတယ်​....

မြတ်​နိုး​လေးစားချစ်​ခင်​စရာ
ကောင်းတဲ့ယောက်ျားကောင်း
တစ်ယောက်ဆိုတာ ခန့်ညားလှပမူ့ထက်
စိတ်​ထားတည်ကြည်မယ်​ဥာဏ်ရည်
ထက်မြက်​ပြီးရိုးသား ကြိုးစားတဲ့သူဆိုရင်
ဘဝတခုလုံးယုံကြည်​စွာ​ပေးအပ်​နိုင်​လို့်​ရမဲ့
သူပါဘဲ....

တန်​ဘိုးရှိတဲ့မိန်းခ​လေး တ​ယောက်​ဆိုတာ
လှပ​ကျော့ရှင်း အပြစ်​ကင်း သည်​ထက်
နွေး​ထွေး ကြင်​နာသနားတတ်​ပြီးမိခင်​​မေတ္တာ
စိတ်ထားနိုင်​သူမှသာအရာရာပြည့်​စုံတဲ့
မိန်းမ​ကောင်းမိန်းမမြတ်​လို့​ယူဆပါတယ်​..

အရာရာပြီး ပြည့်​စုံ ​သောမိသားစု ​ ချစ်သူ တွေ
ခင်​မင်​ချစ်​ခင်​ပါတယ်​ဆိုတဲ့ မိတ်​​ဆွေများ
သိပ်​ချစ်​စရာ​ကောင်းတဲ့သား​တွေသမီးတွေ
ဘယ်​​လောက်​ဘဲ ပြည့်​စုံ နိုင်​ကြပါ​စေ..
တသက်​တာ​အေးချမ်းသာယာ
နိုင်​ဘို့တွက်​ဆို တဦးအ​ပေါ်
တဦးနားလည်​စိတ်​​လေး ထားနိုင်​ကြပါ​စေ..

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62875.98
ETH 2948.16
USDT 1.00
SBD 3.55